Author: Baby Yit Lone

  • Eye in the Sky

    Eye in the Sky

    Eye in the Sky (2007) ဒီနေ့တော့ ၂၀၀၇ ခုနှစ်ကထွက်ခဲ့တဲ့ ဟောင်ကောင် Action Thriller ကားကောင်းတစ်ကားဖြစ်တဲ့ “Eye in the Sky” အကြောင်း ပြောပြချင်ပါတယ်။ တလောက ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ The Shadow’s Edge မှီငြိမ်းထားတဲ့ Original ဖြစ်တဲ့ ဇာတ်ကားလေးပါပဲ။ ဒီကားက နာမည်ကြီးဒါရိုက်တာ Johnnie To ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်ထားပြီး သူ့တပည့်လက်ရင်း Yau Nai-hoi ရိုက်ကူးထားတာဆိုတော့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဇာတ်လမ်းအစမှာ “Piggy” ဆိုတဲ့ နာမည်ပြောင်နဲ့ ရဲမေအသစ်လေးတစ်ယောက် (Kate Tsui) က ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အထူးထောက်လှမ်းရေးဌာန (CIB) ကို ရောက်လာပါတယ်။ သူ့ရဲ့တာဝန်က ရာဇဝတ်ကောင်တွေကို…

  • Travel to the East

    Travel to the East

    Travel to the East (2023) နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်။ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့လဲ အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး။ မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ…. တချိန်တည်းမှာပဲ အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ်။ ဒါပေမဲ့ နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်းဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ်။ -ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ… -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ… ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။

  • Life and Death Travel

    Life and Death Travel

    Life and Death Travel (2019) လောကမှာ သရဲဆိုတာမရှိဘူး။ သရဲဆိုတာ လူတွေရဲ့အတွင်းစိတ်မှာပုန်းအောင်နေတဲ့ မကောင်းဆိုးဝါးစိတ်ကပြန်ချောက်လှန့်နေတာပါ။ စိတ်တွေဖောက်ပြန်လာတဲ့အခါ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေလုပ်လာတတ်ကြတယ်။ ဒီဇာတ်လမ်းလေးမှာ လူ့စိတ်ကြောင့် ကြောက်စရာကောင်းတာတွေ ဖြစ်လာတတ်တဲ့ပုံကို တင်ဆက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့… လူငယ်လေးတစ်စုခရီးတောင်ပေါ်ကိုအပျော်ခရီးထွက်လာကြတယ်။ လူငယ်သဘာဝ ခရီးတစ်လျှောက်ရောက်တက်ရာရာ ပေါက်ကရတွေပြောကြတာပေါ့။ သူတို့တွေတည်းတဲ့တည်းခိုခန်းကို ရောက်တဲ့အခါ လမ်းမှာပြောခဲ့တဲ့သရဲဇာတ်လမ်းထဲကအတိုင်း သရဲမနဲ့ကြုံတွေ့ကြရပါတယ်။ အဲဒါတင်မကဘူး အားလုံးဟာထင်ယောင်ထင်မှားတွေဖြစ်ပြီး ကိုယ်စီပိတ်မိနေကြပါတော့တယ်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး။

  • Nobody

    Nobody

    Nobody (2025) 2D Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်….ဒီကားလေးကတော့ Journey to The West ကိုကိုးကားပြီးဖန်တီးထားတဲ့ လန်လန်တောင်ကမိစ္ဆာလေးတွေရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကောင်းကင်ကိုထိုးဖောက်နိုင်တဲ့အစွမ်းမရှိလဲ ကျမ်းစာကိုပင့်ဆောင်ဖို့ ခရီးကိုစတင်နိုင်မလား… ဇာတ်လမ်းလေးကတော့ အညတရတောဝက်မိစ္ဆာလေးက မိစ္ဆာမင်းကြီးတွေရဲ့ဖိနှိပ်မှုကြောင့် လန်လန်တောင်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ် ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဖားမိစ္ဆာ၊ ဖျံမိစ္ဆာနဲ့ မျောက်ဝံမိစ္ဆာတို့ကိုစုစည်းပြီးတော့ အနောက်အရပ်ကိုကျမ်းစာသွားပင့်မယ့် ထန်စန်းနဲ့တပည့်တို့ အဖွဲ့အယောင်ပြီး အနောက်အရပ်ကို အကြံအဖန်ခရီးစဉ်စတင်ပါတော့တယ် အနောက်အရပ်ကိုသွားတဲ့ဒီခရီးမှာ စွန်းဝူခုန်းတို့လိုအစွမ်းကြီးတွေမရှိတဲ့ ဒီမိစ္ဆာငယ်လေး(၄)ကောင်က ဘယ်လိုစမ်းသပ်မှုတွေနဲ့ တွေ့ကြုံရမလဲ…… အနောက်အရပ်ကိုသွားတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေရှိလာမလဲဘယ်လိုအသိတရားတွေရလာပြီးတော့ နောက်ဆုံးမှာတော့ သူတို့ရှင်သန်ချင်တဲ့ ဘဝပုံစံအတိုင်း ရှင်သန်သွားနိုင်မလားဆိုတာ…

  • In Your Dreams

    In Your Dreams (2025) ဒီတစ်ခေါက်တော့ 2025 မှာ အသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်… မိုက်ကယ်၊ ဂျိူအန်တိုလင်မယားမှာ စတီဗီဆိုတဲ့ သမီးလေးနဲ့ အဲလိယက်ဆိုတဲ့သားလေးရှိပါတယ်… ပျော်ရွှင်ချမ်းမြေ့ကြတဲ့ မိသားစုလေးတစ်ခုပေါ့… ဒါပေမဲ့ သမီးကြီးဖြစ်တဲ့ စတီဗီက မောင်လေးဖြစ်သူ ဘဝထဲဝင်လာတော့မှ အိမ်မှာပြဿနာတွေပိုများလာသလို ခံစားရပြီး မိဘတွေ မကြာခဏစကားများနေတာကြောင့် မိသားစုဘဝအဆင်မပြေဖြစ်မှာကို တွေးကြောက်နေသူလေးပါ… အဲဒီလိုနဲ့ တစ်နေ့ မောင်လေးဖြစ်သူကို စာတမ်းရေးဖို Reference book ကူရှာပေးရင်း တစ်ပတ်ရစ်ဆိုင်ရဲ့ မြေအောက်ခန်းထဲမှာရှိနေတဲ့ “သဲလူသား၏ဒဏ္ဍာရီ” ဆိုတဲ့စာအုပ်လေးကို သွားတွေ့ပါတော့တယ်… စာအုပ်ထဲမှာ ရွတ်ဖတ်စရာဂါထာလေးနဲ့အတူ သဲလူသားက အိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင် ဖန်တီးပေးနိုင်တယ်လိုရေးသားထားတာကိုပါ တွေ့လိုက်ရပါတယ်… မယုံကြည်ခဲ့ပေမဲ့ မောင်နှမနှစ်ယောက် အဲဒီဂါထာကို အတူတူရွတ်ဖတ်မိပြီးနောက် အဲဒီညမှာ…