Author: Baby Yit Lone

  • ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    စစ်တပ်​ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​​ရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်​ဟော​ပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲ​ပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။ အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာ​ပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့က​ပြောပါတယ်။ “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ​ ဥက္ကဌ ဦးခင်ရီ​ဟော​ပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။ ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံ​​ပေးမယ်ဆိုပြီးလူစုခဲ့တာ​ကြောင့် လူဦးရေတစ်သောင်းခန့်တက်​ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။ အလားတူ ကြံ့ဖွံ့ ပါတီ အမတ်​လောင်းဆိုသူ​တွေကလည်း စစ်တပ်​ရွေး​ကောက်ပွဲအတွက်…

  • ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။” သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။ “ရန်ဖြစ်…

  • စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။ မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။” အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့…

  • မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲက Food Vlogger အငှားယာဥ်မောင်းတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အငှားယာဥ်မောင်းတွေဆီက သိရပါတယ်။ Food Vlogger လုပ်ရင်း Taxi အငှားယာဥ်မောင်းသူ ကိုကျော်ဝဏ္ဏကို မနေ့ည ၉ နာရီခွဲလောက်မှာ ကားငှားစီးသူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။ “နာမည်အရင်းက ဝဏ္ဏဖေပါ။ အားလုံးက သူ့ကို ကျော်ဝဏ္ဏပဲ ခေါ်ကြတာ။ Food Vlogger လည်းလုပ်တယ်။ အင်းစိန် စော်ဘွားကြီးကုန်းမှာနေတာ။ သတင်းကြားကာစက ကားမှောက်တယ်ပဲ ထင်တာ။ ပရဟိတအဖွဲ့တွေရောက်မှ သေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာ သိတာ။ စိတ်မကောင်းဘူး အငှားယာဥ်မောင်းတောင် ဒီနိုင်ငံမှာ မလုံခြုံဘူး။” ကိုကျော်ဝဏ္ဏမောင်းလာတဲ့ အငှားယာဥ်…

  • ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့တဲ့တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာဖြစ်ပြီး PNO ရဲ့ ဗိုလ်မှူးခွန်စိုးအောင်နဲ့ ဗိုလ်မှူးခွန်ဖေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တယောက်က “ဗိုလ်မှူး ခွန်စိုးအောင်က ၁ ရက်နေ့မှာ ဘောရန်ရွာကို ရွာမီးရှို့နေတုန်း စနိုက်ပါနဲ့အပစ်ခံရတယ်။ ဗိုလ်မှူး ခွန်ဖေကတော့ ၁၅ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ‌ သေသွားတာ။ ဗိုလ်မှူးနှစ်ဦးဟာ ပအိုဝ်းဒေသမှာ ငွေညှစ်တာတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေဖြစ်တယ်” လို့ပြောပါတယ်။ သေဆုံးသွားတဲ့…