Author: Baby Yit Lone

  • The Headless General Who Stole the Book of Heaven

    The Headless General Who Stole the Book of Heaven

    The Headless General Who Stole the Book of Heaven (2023)

    ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီးချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။

    အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။

    အားဂူလိဦးဆောင်တဲ့ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကိုအပိုင်သိမ်းချင်နေကြပါတယ်။

    မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကိုကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

    ဝံပုလွေတပ်တွေကလည်းရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။

    မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီးဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။

    “ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်”ဆိုတဲ့ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။

    အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား……

    ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

  • The Legend of Jade Sword

    The Legend of Jade Sword

    The Legend of Jade Sword (2020)

    ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့Movieလေးပဲဖြစ်ပါတယ်။

    ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီးကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။

    ဒါပေမယ့် နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြားပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်။

    ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီထွက်ခွာဖို့လုပ်ခဲ့ကြတယ်​

    ​ မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ …

    သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာဘယ်တွေဖြစ်ကြဦးမလဲ….

    နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော ဘာများဖြစ်နေမလဲ

    စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက်သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။

  • The Boy and the Dog

    The Boy and the Dog

    The Boy and the Dog (2025)

    ဒီကားလေးကတော့ တစ်ရှူးဘူးလေး ဘေးနား အဆင်သင့်ချပြီးမှ ကြည့်သင့်တဲ့ ကားမျိုးပါ။

    ခွေးချစ်သူတွေတင် မကဘူး… ဘဝမှာ အထီးကျန်ဖူးတဲ့သူတိုင်း၊ ဆုံးရှုံးမှုတစ်ခုခုကို ခံစားဖူးတဲ့သူတိုင်း ဒီကားလေးကို ကြည့်ပြီးရင် ရင်ထဲမှာ ဆို့နင့်ပြီး နွေးထွေးသွားမယ့် ခံစားချက်မျိုး ရစေမှာ အသေအချာပါပဲ။

    Naoki ဆုရ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသားချော Fumiya Takahashi နဲ့ Nanase Nishino တို့ အဓိကပါဝင်ထားတဲ့ တာမွန်ဆိုတဲ့ ခွေးကလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်နဲ့ ဆူနာမီ ဘေးအန္တရာယ်ကြီး ဖြစ်ပြီးတဲ့နောက်”တာမွန်” ဆိုတဲ့ ခွေးလိမ္မာလေးတစ်ကောင်ဟာ သူ့ရဲ့ သခင်ကို ရှာဖွေဖို့ ခရီးရှည်ကြီးတစ်ခု စတင်ခဲ့ပါတယ်။

    ဂျပန်နိုင်ငံ မြောက်ဘက်စွန်းကနေ တောင်ဘက်အရပ်ဆီကို ဦးတည်နေတဲ့ ဒီခရီးလမ်းတစ်လျှောက်မှာ တာမွန်ဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ လူတွေအများကြီးကို တွေ့ဆုံခဲ့ရတာပေါ့။

    သူတို့အားလုံးဟာ တာမွန်နဲ့ တွေ့ဆုံချိန်မှာ ခဏတာ စိတ်သက်သာရာရကြ၊ ပြုပြင်ပြောင်းလဲခွင့် ရကြပေမယ့် တာမွန်ကတော့ ဘယ်သူ့ဆီမှာမှ ကြာကြာမနေပါဘူး။

    ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ “သခင်ဆီ ပြန်သွားမယ်” ဆိုတဲ့ သစ္စာတရားတစ်ခုတည်း ရှိနေလို့ပါပဲ။

    မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ခရီးလမ်းဆုံးမှာ တာမွန်တစ်ယောက် သခင်လေးနဲ့ ပြန်ဆုံခွင့်ရပါ့မလား…

    အဲဒီအဆုံးသတ်မှာ ပရိသတ်တွေကို ဘယ်လို မျက်ရည်လည်အောင် လုပ်ဦးမလဲဆိုတာ…

    လူတွေကသာ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်ကြ စွန့်ပစ်ကြပေမဲ့ ခွေးလေးတစ်ကောင်ရဲ့ သံယောဇဉ်က ဘယ်လောက်တောင် ကြီးမားခိုင်မြဲဖြူစင်လဲဆိုတာကို ရင်ထဲထိအောင် ရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ ခွေးချစ်သူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားလေးကို ဆက်ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

  • Mastiii 4

    Mastiii 4

    Mastiii 4 (2025)

    အချစ်ဗီဇာ

    ကုဋေ ၄၀ ကုန်ကျခံရိုက်ကူးထားတဲ့ မယားကြောက်များအဖွဲ့ ရုံတင်ကားလေး တင်ဆက်ပေးချင်ပါတယ်။

    မယားတွေကိုလည်းကြောက် ခံမပြော နားမထောင်တဲ့ ယောကျာ်းသားများအတွက် ဘယ်လိုလွတ်မြောက်ဖို့ကြိုးစားမယ်ဆိုတာ ပါးစပ်မစိအောင်ရယ်မောရင်း ကြည့်ရှုရမှာပါ။

    သူငယ်ချင်း ၄ ယောက် လင်မယား ၄ တွဲရှိပါတယ်။

    တစ်တွဲကပဲ အိမ်ထောင်ရေးသာယာပြီး ကျန် ၃ တွဲကတော့ ရတာမလို လိုတာမရနဲ့ တိတ်တိတ်ပုန်း ပြဿနာတက်နေရှာတာပေါ့။

    ဒီလိုနဲ့ ဒီ ၃ ယောက်က သူတို့ သူငယ်ချင်းအိမ်ထောင်ရေး ဘယ်လိုအဆင်ပြေတယ်ဆိုတာ ချောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်

    ထူးဆန်းတာက သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်သူက တစ်နှစ်ကို တစ်ပတ်လုံးလုံး ခရီးထွက်တတ်တာပါ။

    ဒီတစ်ခေါက်ခရီးသွားမဲ့ရက်ရောက်တော့ သူတို့တွေ အိမ်ထဲဝင်ပြီး လျှို့ဝှက်ချက်ရှာပါတော့တယ်။

    သူတို့ဘာတွေများတွေ့ရှိသွားမလဲ မျှော်မှန်းထားသလို သူတို့အိမ်ထောင်ရေးရော အဆင်ပြေသွားမှာလားဆိုတာကိုတော့…။

  • Logan Lucky

    Logan Lucky

    Logan Lucky (2017)

    အက်ရှင်နဲ့ ဟာသကိုမှ တစ်မျိုးလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒါရိုက်တာ Steven Soderbergh ရိုက်ထားတဲ့ Logan Lucky ကို ညွှန်းရလိမ့်မယ်ဗျ။

    ဒီကားက တခြား ဓားပြတိုက်တဲ့ကားတွေလို အဆင့်မြင့်နည်းပညာတွေ၊ ဝတ်စုံပြည့်တွေနဲ့ ဟိတ်ဟန်ထုတ်တာမျိုး မဟုတ်ဘဲ သာမန်အရပ်သားစတိုင် ဂယက်တစ်သိန်းနဲ့ ခိုးပြသွားတဲ့ကားမျိုးပေါ့။

    ဇာတ်လမ်းကတော့…

    ကံဆိုးလွန်းလို့ အလုပ်ပြုတ်သွားတဲ့ ခြေထောက်မသန်တဲ့ အစ်ကိုကြီးရယ်၊ စစ်ပြန်လက်တစ်ဖက်ပြတ် ညီလေးရယ်က သူတို့ရဲ့ ကံဆိုးမှုတွေကို အဆုံးသတ်ဖို့ဆိုပြီး NASCAR ကားပြိုင်ပွဲက ရရှိတဲ့ သန်းပေါင်းများစွာသော ငွေတွေကို မြေအောက်ပိုက်လိုင်းထဲကနေ ခိုးဖို့ ကြံစည်ကြတာ။

    သူတို့ အစီစဉ်အောင်မြင်ဖို့ ဂျိုးဘန်းဆိုတဲ့ ဖောက်ခွဲ ဝိဇ္ဇာကြီးတစ်ဦးနဲ့ သူ့ရဲ့ အူကြောင်ကြောင် ညီလေးနှစ်ယောက်ကိုပါ လိုက်ပြီး သိမ်းသွင်းရတာပေါ့ဗျာ။

    ဒီလိုနဲ့ သူတို့တွေပေါင်းပြီး ငွေတွေကို ဘယ်လိုဖောက်ကြမလဲ။

    ဘယ်လိုအလွဲတွေ ဖြစ်မလဲ။

    အောင်ရော အောင်မြင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်သလို သူတို့ရဲ့ အလွဲလေးတွေကိုပါ မနားတမ်း ရယ်နေရမှာပါ။

    ဒီကားမှာ အထူးခြားဆုံးကတော့ Daniel Craig ပဲ၊ သူက ဂျိမ်းစ်ဘွန်းစတိုင်ကို လုံးဝဖျောက်ပြီး ဆံပင်အဖြူရောင်နဲ့ ဗုံးဖောက်ကျွမ်းကျင်တဲ့ ထောင်ထွက်လူမိုက်အဖြစ် တော်တော်လေး ဟာသမြောက်အောင် သရုပ်ဆောင်ထားတာ။

    ကြည့်နေရင်းနဲ့ ‘ဒီလို လူအူကြောင်ကြောင်တွေနဲ့တော့ တကယ်ပဲ အောင်မြင်ပါ့မလား’ ဆိုပြီး စိတ်ပူနေရပေမယ့် နောက်ဆုံးမှာတော့ တကယ့်ကို မမျှော်လင့်ထားတဲ့ အကွက်တွေနဲ့ ဇာတ်ရှိန်တက်သွားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်ရယ်မောချင်သူတွေအတွက် တကယ်ကို လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါပဲဗျာ။