Author: Baby Yit Lone
-

ဘာနဲ့အစားထိုးမှာလဲ
ညက တိတ်ဆိတ်လွန်း၍ အမှောင်က သိပ်သည်းလွန်းနေသည်။ ချစ်ထွန်း အပိုင်စားရထားသော ကားဂိုဒေါင်၏ နောက်ဖက် အိပ်ခန်းလေးထဲ၌မူ အပြာရောင် မီးပွင်းလေးက လင်းလက်၍နေသည်။ “ ဒါ အစ်ကို့ အိမ်လားဟင်…” “ ဟင့်အင်း….ကိုယ်က သူများဆီမှာ ကပ်နေရတာ…” “ အင်း…တော်တော် ချမ်းသာတာပဲ…” ကောင်မလေးက စကားတတ်ပြီး ဖေါ်ရွှေ၏။ ညဉ့်မယ်လေးတစ်ယောက်ကို ချစ်ထွန်းက ညလုံးပေါက်ဆွဲလာခဲ့ခြင်း ဖြစ်သည်။ “ မင်း…ကိုယ့်ကို ဈေးမပြောရသေးဘူးနော်…” “ ငါးခုလေ…အဲဒီပေါက်ဈေးပဲ…” “ အဟဲ…ငါးရာလား…” “ အဲ…ဟယ်…ငါးထောင်လေ ဆရာကြီးရဲ့…” “ ကိုယ် တကယ်မသိလို့ပါ…အခုမှ မင်းကို ပထမဆုံး ခေါ်မိတာပါ…” “ သနားလိုက်ရတော့မလား…” “ မသနားပါနဲ့…ရပါတယ်….သုံးထောင်ဆို မရဘူးလား…” “ အလိုလေးတော်…ဘာမှတ်လို့ ဈေးဆစ်နေရတာလဲ…တစ်ညလုံး ရှင်နဲ့နေရမယ့်…
-

ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်
မီးတိုင်များကို ဖျက်ဆီးပြီးနောက် ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ် ကပစ ၂၁ နှင့် ၂၂ တွင် လေယာဉ်ဗုံး ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းရပ် မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။ ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ “သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂ နဲ့ ၂၃ ကတော့ လည်ပတ်မှုအားနည်း…
-

Homeward Bound
Homeward Bound (2025) လူရယ်လို့ဖြစ်လာရင် ကိုယ်စီလျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါ။ အရင်းနှီးဆုံးသွေးရင်းသားရင်းတွေကိုတောင် မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ပွေ့ပိုက်ရင်း ရှင်သန်နေကြတာ သဘာဝပဲ မဟုတ်ပါလား။ အလားတူ ထုတ်ဖော်ဖို့ မဝင့်ရဲတဲ့ လျှို့ဝှက်ချက်အား ကာလရှည်ကြာ သိမ်းဆည်းလာခဲ့တဲ့ အီဂျောင်ဟာဆိုတဲ့ အမျိုးသမီးဟာ ချွန်းချောင်းအထက်တန်းကျောင်းက ကျောင်းဆရာမဖြစ်ပြီး သားဖြစ်သူကတော့ အရွယ်ရောက်လာတဲ့အခါ ကနေဒါနိုင်ငံမှာ ပညာသင်လျက်ရှိပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူက အမေဖြစ်သူထံ အလည်လာပြီး သူရဲ့ကောင်မလေးဂျဲနီနဲ့ မိတ်ဆက်ပေးကာ လက်ထပ်တော့မည့်အကြောင်း ဖွင့်ပြောပါတော့တယ်။ အဲဒီအချိန်မှာ ဂျောင်ဟာအနေနဲ့ သားဖြစ်သူကို ဖွင့်ပြောချင်ပေမယ့် ပြောမထွက်တဲ့ ကိစ္စတွေ ရှိနေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ ဂျဲနီတို့မိဘတွေဟာ ဂျောင်ဟာအိမ်ကို ရောက်ရှိလာပြီး အမှတ်မထင် အကုန်လုံးစုပေါင်းနေရမယ့် အကြောင်းဖန်လာပါတော့တယ်။ အနေနီးလာကြတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် ရိပ်ဖမ်းသံဖမ်းမိလာတဲ့အခါ ကိုယ်စီရဲ့…
-

Follow My Voice
Follow My Voice (2025) ကလာရာဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ကျရောဂါကိုခံစားနေပြီး ၂လကျော်ကြာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ စိတ်ရောဂါကုထုံးခံယူနေရတဲ့ ကောင်မလေးပါ။ သူ့မှာ စိတ်ဝင်စားတာရယ်လို့ မည်မည်ရရမရှိပေမဲ့ “ဂန်”ဆိုတဲ့ကောင်လေးရဲ့ Follow My Voice podcast ကိုတော့ နေ့စဉ်မပြတ်နားထောင်လေ့ရှိပါတယ်။ ဂန်ကတော့ ကိုရီးယားကနေ စပိန်ကို ပြောင်းရွှေ့လာတဲ့ ကောင်လေးဖြစ်ပြီး သူ့မှာလည်း ထုတ်မပြောဘဲ ဖုံးကွယ်ထားတဲ့ စိတ်ဒဏ်ရာတွေရှိလို့နေပါတယ်။ ဒီလို စိတ်ဒဏ်ရာကိုယ်စီနဲ့ လူငယ်လေးနှစ်ယောက်ဟာ ရေဒီယိုရှိုးတင်ဆက်သူနဲ့ နားထောင်သူရယ်လို့ မဟုတ်တော့ဘဲ အပြင်လက်တွေ့မှာ မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ ဘာတွေဆက်ဖြစ်ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
-

The Mortal Instruments: City of Bones
The Mortal Instruments: City of Bones (2013) Stranger Things စီးရီးထဲမှာ Vecnaအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jamie Campbell Bower နဲ့ Emily in Paris စီးရီးထဲက မင်းသမီး Lily Collins တို့ကအဓိကပါဝင်ထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က Cast line တောင့်ရုံတင်မကဘဲ နာမည်ကျော် Fantasy ဝတ္ထုစီးရီးဖြစ်တဲ့ The Mortal Instruments ဝတ္ထုတွဲတွေထဲက ပထမဆုံးစာအုပ် “City of Bones” ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ကလယ်ရီဟာ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ရင်းကနေ ထူးဆန်းတဲ့အမှတ်အသားတွေ ပုံတွေကို ရေးဆွဲမိလာပြီး အဲဒီအမှတ်အသားတွေကို တဖြည်းဖြည်း သတိပြုလာမိပါတယ်။ ဒီလိုနဲ့ မွေးနေ့မှာ…