Author: Baby Yit Lone
-
ဗုံးကြဲတိုက်ခိုက်မှုများ အလှည့်ရှိလာမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော် ပြော
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာများရှိ အရပ်သားများအား ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတဆင့် ယနေ့ ပြောသည်။ ၎င်းက “မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဟု ပြောထားသည်။ စစ်တပ်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့တွင် ယမန်နေ့ညပိုင်းကစတင်ကာ ယနေ့မွန်းလွဲပိုင်းအထိ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ကလေးငယ်အပါအဝင် အရပ်သား…
-

တနင်္သာရီ-မောတောင်လမ်း ၁၀ လနီးပါး တိုက်ပွဲများ၌ စစ်တပ်က ၁၀၀ ကျော်သေ
စစ်ရေးတင်းမာနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၉ လကျော်အတွင်း ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်းများစွာဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံး၊ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၂၀ ကျော်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာလပထမအပတ်အတွင်း တိုက်ပွဲပေါင်း ၃၀ လောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် KTLA( ထီးဆဲ့မဲ့ရွာတပ်ရင်း)ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။ “တိုက်ပွဲအငယ်တွေ၊ အကြီးတွေ အကုန်ပါတယ်။ အကြီးအကျယ်ဖြစ်တာက ၁၀ ကြိမ်ထက် မနည်းဘူး။ ကျနော်တို့ဘက်က သွားပစ်တာရှိသလို သူတို့ဘက်က ရှေ့တိုးလာလို့ ပစ်တာရှိမယ်။ အဲဒီပွဲတွေမှာ ဒီကောင်တွေ အထိများတယ်။ သူတို့ဘက်က မြေပြင်မှာ ရှေ့ဆက်မထိုးဖောက်နိုင်တော့ လေကြောင်းပစ်ကူနဲ့ လာတိုက်ခိုက်တာဖြစ်တယ်” နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်တဲ့ သိန်ခွန်းဒေသမှာ တိုက်ပွဲတွေ…
-

Gauguin: Voyage to Tahiti
Gauguin: Voyage to Tahiti (2017) ဗန်ဂိုးနဲ့ခေတ်ပြိုင် ဂေါ်ဂင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ဗန်ဂိုးအကြောင်း ရုပ်ရှင်တွေ စာအုပ်တွေမှာလည်း သူ့ကို အမြဲလို မြင်ရတတ်သလို ဗန်ဂိုးနဲ့ အနီးကပ်ဆုံး ပေါင်းခဲ့ဖူးတဲ့ ပန်းချီဆရာဆိုလည်း ဟုတ်တယ်။ မှော်ရုံတောမှာ မောလှပြီတို့လို သူ့အကြောင်း မြန်မာပြန် စာအုပ်တွေလည်းရှိတယ်။ ဒီရုပ်ရှင်ကတော့ တဟီတီကျွန်းမှာပဲ ဇာတ်အိမ်တည်ထားတယ်။ အရှေ့က သူဖြတ်သန်းခဲ့ရသမျှ ဘာမှမပါဘူး။ သူ့ရဲ့မာစတာပိစ်တွေကို မွေးထုတ်ခဲ့တဲ့ ကာလတွေအကြောင်းပေါ့။ တဟီတီကျွန်းမှာ သူဘယ်လိုရှင်သန်ခဲ့လဲ သူ့လက်ရာတွေကို ဘယ်လိုမွေးထုတ်ခဲ့လဲ ပြထားတယ်။ ဒီရုပ်ရှင်နဲ့ အားမရရင်တော့ မှော်ရုံတောမှာ မောလှပြီမှာလည်း တဟီတီကျွန်းက သူ့ ဖြတ်သန်းမှုကို ဆက်ဖတ်လို့ရတယ်။ ဒီရုပ်ရှင်ကိုတော့ ပြင်သစ်ကပဲ ရိုက်ထားပြီး နာမည်ကျော် ပြင်သစ်မင်းသား Vincent Casselက ဂေါ်ဂင်အဖြစ်သရုပ်ဆောင်ထားတယ်။ အကြီးကျယ်ဆုံး…
-

Gabby’s Dollhouse: The Movie
Gabby’s Dollhouse: The Movie (2025) ကလေးတွေအရမ်းကြိုက်ခဲ့ကြတဲ့ Gabby’s Dollhouse ကာတွန်းဇာတ်လမ်းတွဲကို live action အဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂက်ဘီလေးရဲ့ အရုပ်အိမ်နဲ့ ကြောင်ရုပ်လေးတွေက ဗီရာဆိုတဲ့ အမျိုးသမီးဆီပါသွားတဲ့အတွက် အရုပ်အိမ်နဲ့ ကြောင်လေးတွေကို ပြန်ကယ်တင်ဖို့အတွက် ဂက်ဘီကိုယ်တိုင် အရုပ်အဖြစ်ပြောင်းပြီး စွန့်စားခန်းတွေထွက်တာကို ကြည့်ရမယ့် ကလေးတွေကြိုက်မယ့် ကာတွန်းကားကောင်လေးပါ။
-

တောင်ကြီးတွင် လူသေအလောင်း စွန့်ပစ်မှုဖြင့် အမျိုးသား ၁ ဦးဖမ်းဆီးခံရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လူသေအလောင်း စွန့်ပစ်သွားသူလို့ သံသယရှိတဲ့ အမျိုးသားတယောက်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ရဲက ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်အရွယ် ၃၀ ကျော်အရွယ် အမျိုးသားအလောင်းကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ကားတစီးက စွန့်ပစ်ခဲ့တာဖြစ်ပြီး အလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ Honda Fit အဖြူရောင်ကားကိုမောင်းနှင်သူ အမျိုးသားဟာ ဗိုလ်ချုပ်လမ်းပေါ်မှာ လူတယောက်ကိုတိုက်မိခဲ့ပြီး ကားနဲ့ တရွတ်တိုက်ပါလာခဲ့တာကြောင့် မြို့မရပ်ကွက်ထဲမှာ ပစ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုထားတယ်လို့ ဒေသခံတွေဆီက တဆင့်သိရပါတယ်။ ဒေသခံတယောက်က “ည ၁၁ နာရီပြန်လာချိန် Slow down လို့…