Author: Baby Yit Lone

  • ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်တိုင်းမှာ မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂)နယ်မြေစစ်ဆင်ရေးမှူး ပြော

    ၂၀၂၆ မှာ မဟာမိတ်တွေနဲ့လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအရှိန်မြှင့်မယ်

    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ တပြိုင်တည်းလုပ်ဆောင်နေသလို ရန်ကုန်တိုင်းမှာလည်း မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားပါတယ်။

    ရဲဘော်တင်ဦးဟာ လက်တလော တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပဲခူးတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ရက်ညပိုင်းက ရဲဘော်တင်ဦးနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ရန်ကုန်တိုင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားတာ ဖြစ်ပါတယ်။

    “ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင်စုဖွဲ့ပြီးတော့ ရန်ကုန်ကို ကျွန်တော်တို့ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ မကြာမီလည်း စစ်ဆင်ရေးတွေ မြင်တွေ့ရပါလိမ့်မယ်။” လို့ ရန်ကုန်တိုင်းစစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားပါတယ်။

    အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ မှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

    ” ကျွန်တော်တို့တော်လှန်ရေးက ရပ်တန့်သွားတယ်။ အရှိန်ကျသွားတယ်ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်တို့ တစ်ဆင့်ချင်းကို စနစ်တကျနဲ့သွားနေပါတယ်။ တော်လှန်ရေးဆိုတဲ့ သဘောကတော့ ရုတ်တရက်ကြီး ဝုန်းကနဲ ဒိုင်းခနဲတော့ ဖြစ်ချင်မှဖြစ်မယ်ဆိုပေမယ့် ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာတွေ ကို တစ်ဆင့်ချင်းကိုမှန်မှန်နဲ့ ပန်းတိုင်ကို ချီတတ်နေပါတယ်။ ဒါကြောင့်မို့လည်း တစ်နှစ်ပြီးတစ်နှစ်တော့ အရှိန်အဟုန်ကတော့ မြင့်လာမှာပါဗျ။” လို့ ရဲဘော်တင်ဦးကပြောပါတယ်။

    ရန်ကုန်သာမကပဲ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကိုလည်း တိုက်ခိုက်ဖို့ ဦးတည်ချက်ရှိတယ်လို့ ပြောပါတယ်။

    “ဧရာဝတီ‌ဆိုတာ အရင်တုန်းက ကျွန်တော်တို့ တော်လှန်ရေးမဖြစ်လောက်ဘူးလို့ ထင်ခဲ့တဲ့နေရာတစ်ခုပေါ့ ။ သို့ပေမယ့် ဧရာဝတီတိုင်းထဲမှာကို တိုက်ပွဲတွေဖြစ်နေပြီ။ ဧရာဝတီသားတွေရဲ့ ကြိုးပမ်းမှုနဲ့ တိုက်ပွဲတွေဖြစ်လာတယ်” ဧရာဝတီတိုင်းထဲမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ အကြောင်းကို ပြောပါတယ်။

    လက်ရှိတော်လှန်ရေးဟာ ပြည်သူကို အခြေပြုတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ဆက်လက်ဝန်းရံပေးဖို့လည်း ရဲဘော်တင်ဦးက တောင်းဆိုထားပါတယ်။

    ” ပြည်သူလူထုရဲ့ အားပေးကူညီမှူ ပြည်သူလူထုရဲ့ တောင့်ခံနိုင်မှုမှာ ဒါ အရမ်းအရေးကြီးပါတယ်။ ပြည်သူတွေ အနေနဲ့လည်း တိုက်ပွဲတွေမှာ ကျွန်တော်တို့ ခက်ခဲတာတွေရှိတယ်ဆို‌‌ ပေမယ့် ဒါတွေကို ကျွန်တော််တို့ကျော်ဖြတ်ပြီးတော့ ကျွန်တော်တို့ အားလုံးလိုလားတဲ့ ပန်းတိုင်ကို ရောက်အောင်တော့သွားနေပါတယ်။ဒါကြောင့်မို့ ပြည်သူတွေကိုလည်း ပြောချင်ပါတယ်။ ဆက်လက်ပြီးတော့ အားပေးပါ။ ဝန်းရံပါ။ ဒီတော်လှန်ရေးက ပြည်သူသာအဓိကပါလို့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

    အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဟာ အောင်မြင်စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်က တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက မနေ့က ထုတ်ပြန်ပါတယ်။

    ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းကစပြီး တောကျွဲအင်းမြို့၊ သာယာကုန်းမြို့၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲကြားနဲ့ စည်ပင်သာကျေးရွာတွေမှာရှိတဲ့ စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

    တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် တောကျွဲအင်းမြို့နယ်မြေရဲစခန်းမှာ စစ်တပ်ကဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပြည်သူ(၈)ဦးကို စီစစ်ပြီး လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နဲ့ ပိန်းဇလုပ်မြို့ကြားက ရန်ကုန်-မန္တလေးလမ်းဟောင်းမှာလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

    (အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းအပြီး မြင်ကွင်း။ ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန)

  • Elaichi Ek Prem Katha

    Elaichi Ek Prem Katha

    Elaichi Ek Prem Katha (2026)

    စိတ်၏စေရာ

    အိမ်ထောင်သည်တွေကြည့်သင့်တဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။

    ဆာမီးရ်နဲ့ ဗန်ဒါနာ ဆိုတဲ့အိမ်ထောင်သည်အတွဲလေးတစ်တွဲရှိပါတယ်။

    ယောကျာ်းဖြစ်သူ ဆာမီးရ်က အချိန်ပြည့်အလုပ်များနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအပေါ် ဂရုစိုက်အချိန်ပေးတာမျိုးက သိပ်မရှိသလောက်ပါပဲ။

    မိန်းမဖြစ်သူ ဗန်ဒါနာက ရိုးရိုးအေးအေးနေတတ်သူဖြစ်ပြီး ယောကျာ်းနဲ့ ယောင်းမဖြစ်သူကို ချက်ပြုတ်ကျွေးမွေးရင်းတစ်နေ့တာကိုကုန်ဆုံးနေတတ်သူပါ။

    ဒီလိုနဲ့သူမရဲ့ငယ်သူငယ်ချင်းခပ်ဟော့ဟော့နေတတ်တဲ့ ရူဘီးနားနဲ့ စကားပြောဖြစ်ရင်း ရူဘီးနားကသူတက်နေတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းပြောပြပါတယ်။

    တစ်နေ့ ရူဘီးနားက သူ့ရဲ့ သင်တန်းဆရာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အာဒစ်ထ်ယာနဲ့ မိတ်ဆက်ပေးပါတော့တယ်။

    အေးအေးဆေးဆေး နေတတ်တဲ့ ဗန်ဒါနာ၊ ယောကျာ်းဆီက ဂရုစိုက်မှုအကြင်နာ တွေလိုအပ်နေတဲ့ ဗန်ဒါနာတစ်ယောက် အာဒစ်ထ်ယာရဲ့ မာယာရေယာဉ်ကြောမှာ ဘယ်လိုတွေမျောပါသွားမလဲ။

    နောက်ဆုံး ယောကျာ်းဖြစ်သူ သိသွားမှာလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အိမ်ထောင်သည်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုထင်သာမြင်သာအောင်ရိုက်ပြထားတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

    sex scene တစ်ချို့ပါတာမို့ လူကြီးသူမ ကလေးသူငယ် မိသားစုနဲ့ကြည့်လို့မသင့်တော်ကြောင်းပါ ခင်ဗျာ။

  • Gunman

    Gunman

    Gunman (2025)

    Cris Tapia Marchiori ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် “Gatillero” ဟာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ပြင်က မူးယစ်ဆေးဝါးဂိုဏ်းတွေရှိတဲ့ Isla Maciel ရပ်ကွက်မှာ တစ်ညတာလုံး အချိန်ယူပြီး ရိုက်ကူးထားတဲ့ အက်ရှင်-သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

    ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အချက်ကတော့ အစအဆုံး အဆက်မပြတ် One-shot ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။

    ဇာတ်လိုက်ဖြစ်တဲ့ El Galgo (သရုပ်ဆောင် – Sergio Podeley) က ထောင်ကနေ မကြာသေးမီကမှ ပြန်လွတ်လာတဲ့ လူဆိုးဟောင်း တစ်ယောက်ပါ။ သူဟာ အရင်သူဌေးဖြစ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် La Madrina ရဲ့ မျက်နှာသာကို ပြန်ရဖို့အတွက် အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။

    ဒါပေမယ့် ဒီရိုးရှင်းတဲ့ အလုပ်ဟာ ခဏချင်းအတွင်းမှာပဲ သစ္စာဖောက်မှုတွေနဲ့ကြုံလာရပြီးတော့ အသက်ရှင်ဖို့အတွက် ရုန်းကန်ရမယ့် ကြောက်မက်ဖွယ် ညတစ်ည အဖြစ် ပြောင်းလဲသွားပါတော့တယ်။

  • Legasi: Bomba the Movie

    Legasi: Bomba the Movie

    Legasi: Bomba the Movie (2025)

    Legasi: Bomba The Movie ဟာမလေးရှားနိုင်ငံရဲ့မီးသတ်နှင့်ကယ်ဆယ်ရေးဦးစီးဌာန (Bomba) မှသူရဲကောင်းတွေရဲ့စွန့်လွှတ်စွန့်စားမှုနဲ့သူရဲကောင်းစိတ်ဓာတ်ကိုဂုဏ်ပြုထားတဲ့ အက်ရှင်ဒရာမာဇာတ်ကားတစ်ကားပါ။

    ဇာတ်လမ်းအကျဉ်းကတော့ အမီရ်နဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အထက်လူကြီးလည်းဖြစ်တဲ့ အက်ဒီတို့အပေါ်အခြေခံထားပါတယ်။ အက်ဒီတစ်ယောက်ရာထူးတိုးနဲ့သူတို့စခန်းကနေပြောင်းရတော့မယ့်ဆဲဆဲ၊ သူ့နေရာကို အမီရ်ဆက်ခံလုဆဲဆဲမှာပဲကြေကွဲစရာလုပ်ငန်းခွင်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်ခဲ့ရပါတယ်။

    အဲ့ဒီမှာတော့ အမီရ်တစ်ယောက် သူလက်ရှိရောက်နေတဲ့နေရာ၊ လုပ်နေရတဲ့ အလုပ်တွေဟာ သူတကယ်လိုချင်တာဟုတ်ရဲ့လား?

    ပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေ တိုက်တွန်းမှုတွေကို အလေးထားခဲ့တာကြောင့်လားအစရှိတဲ့ဒွိဟတွေနဲ့လုံးပန်းဖို့ဖြစ်လာပါတော့တယ်။

    အဲ့ဒီအချိန်မှာပဲ မြို့တော်ရဲ့အမြင့်ဆုံးမိုးမျှော်တိုက်ကြီးဖြစ်တဲ့ TEXVIN 118 မျှော်စင်ဟာ အကြမ်းဖက်သမားတွေတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်လာခဲ့ချိန်မှာတော့ အဲ့ဒီက အရေးကြီးကယ်ဆယ်ရေးမစ်ရှင်ကို သူကိုယ်တိုင်ဦးဆောင်ရတော့မှာပါ။

    တကယ့်ဖြစ်ရပ်မှန်တွေကိုအခြေခံထားပြီး မလေးရှားမီးသတ်ဝန်ထမ်းတွေရဲ့သတ္တိ စိတ်ဓာတ်နဲ့ စွန့်လွှတ်စွန့်စားမှု၊ စွမ်းဆောင်ရည်တွေကို မြင်တွေ့မှာပါ။

    နိုင်ငံတော်ကားပီပီ ဘတ်ဂျက်ကိုကောင်းကောင်းသုံး၊ ခမ်းခမ်းနားနားရိုက်ကူးထားတာဖြစ်တဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ်ရှုစားရမယ့် ကားဖြစ်ပါတယ်။

  • Mask

    Mask

    Mask (2025) မျက်နှာဖုံး၏နောက်ကွယ်

    ပုံမှန်တွေ့နေကျ ရိုးရိုးရှင်းရှင်း ရာဇဝတ်မှုကားမျိုးမဟုတ်ဘဲ Dark Comedy Crime Thriller အမျိုးအစားကိုမှခပ်မိုက်မိုက် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။

    Money Heist လိုမျိုး ပုံဖော်ထားပြီး ရုံတင်ငွေကလည်း ၃၂ ကုဋေထိပြန်ရထားပါတယ်။

    ဒီဇာတ်ကားက ပိုက်ဆံ ကုဋေ ၄၄၀ ပျောက်ဆုံးသွားရာကနေ စတင်တာပါ အဲဒီငွေတွေကို (၇) ရက်အတွင်း ပြန်ရှာဖို့ဖြစ်လာတဲ့အခါမှာတော့ လောဘ၊ သစ္စာဖောက်မှုနဲ့ လှည့်ကွက်တွေကြားမှာ လူသုံးယောက်ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။

    အဲဒီလူတွေကတော့ကိုယ့်ကျိုးကိုပဲကြည့်တဲ့၊ လူတွေကို လိမ်ညာ blackmail လုပ်ပြီး ပိုက်ဆံရှာတတ်တဲ့ နည်းပညာကျွမ်းကျင်သူ စုံထောက်ဗေလူး၊

    ပရဟိတသမားဟန်ဆောင်ထားပေမဲ့ နောက်ကွယ်မှာ အမှောင်လောကသားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ချက်များသူ အမျိုးသမီး ဘူမီ၊ ဒီငွေတွေကိုကြားဖြတ်လုယူသွားတဲ့ မျက်နှာဖုံးစွပ် အဖွဲ့တစ်ဖွဲ့ရယ်‌ပေါ့။

    ပရဟိတလုပ်ငန်းရှင်လို့ လူသိများတဲ့ဘူမီရဲ့ ပိုင်ဆိုင်မှု ကုဋေပေါင်း ၄၄၀ ကြားဖြတ် လုယက်ခံရတာကနေ စတင်ခဲ့တာပါ။

    ဒီငွေတွေက သာမန်ငွေတွေမဟုတ်ဘဲ နောက်ကွယ်မှာ နိုင်ငံရေးသမားတွေရဲ့ အရှုပ်အထုပ်တွေ ပါနေတာကြောင့် ရဲတိုင်လို့လည်း မရတဲ့ အနေအထားဖြစ်နေပါတယ်။

    ဒီအခါမှာတော့ ‌မကောင်းတဲ့နည်းတွေနဲ့ ပိုက်ဆံရှာရာမှာ ပါရမီပါတဲ့ ဗေလူးဆီကို ဒီငွေတွေပြန်ရှာဖို့ အလုပ်အပ်နှံလာခဲ့ပါတယ်။

    ဗေလူးအတွက်ကတော့ ဒါက သူ့ဘဝကို ပြောင်းလဲပေးမယ့် ထီပေါက်သလို အခွင့်အရေးကြီးပေါ့။

    ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ဒီကားလေးကို လက်မလွတ်စေနဲ့နော်။