Elaichi Ek Prem Katha (2026)
စိတ်၏စေရာ

အိမ်ထောင်သည်တွေကြည့်သင့်တဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။
ဆာမီးရ်နဲ့ ဗန်ဒါနာ ဆိုတဲ့အိမ်ထောင်သည်အတွဲလေးတစ်တွဲရှိပါတယ်။
ယောကျာ်းဖြစ်သူ ဆာမီးရ်က အချိန်ပြည့်အလုပ်များနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအပေါ် ဂရုစိုက်အချိန်ပေးတာမျိုးက သိပ်မရှိသလောက်ပါပဲ။
မိန်းမဖြစ်သူ ဗန်ဒါနာက ရိုးရိုးအေးအေးနေတတ်သူဖြစ်ပြီး ယောကျာ်းနဲ့ ယောင်းမဖြစ်သူကို ချက်ပြုတ်ကျွေးမွေးရင်းတစ်နေ့တာကိုကုန်ဆုံးနေတတ်သူပါ။
ဒီလိုနဲ့သူမရဲ့ငယ်သူငယ်ချင်းခပ်ဟော့ဟော့နေတတ်တဲ့ ရူဘီးနားနဲ့ စကားပြောဖြစ်ရင်း ရူဘီးနားကသူတက်နေတဲ့ သရုပ်ဆောင်သင်တန်းအကြောင်းပြောပြပါတယ်။
တစ်နေ့ ရူဘီးနားက သူ့ရဲ့ သင်တန်းဆရာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အာဒစ်ထ်ယာနဲ့ မိတ်ဆက်ပေးပါတော့တယ်။
အေးအေးဆေးဆေး နေတတ်တဲ့ ဗန်ဒါနာ၊ ယောကျာ်းဆီက ဂရုစိုက်မှုအကြင်နာ တွေလိုအပ်နေတဲ့ ဗန်ဒါနာတစ်ယောက် အာဒစ်ထ်ယာရဲ့ မာယာရေယာဉ်ကြောမှာ ဘယ်လိုတွေမျောပါသွားမလဲ။
နောက်ဆုံး ယောကျာ်းဖြစ်သူ သိသွားမှာလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အိမ်ထောင်သည်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုထင်သာမြင်သာအောင်ရိုက်ပြထားတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
sex scene တစ်ချို့ပါတာမို့ လူကြီးသူမ ကလေးသူငယ် မိသားစုနဲ့ကြည့်လို့မသင့်တော်ကြောင်းပါ ခင်ဗျာ။


Leave a Reply