Author: Baby Yit Lone
-

Manta Ray
Manta Ray (2018) ဒီဇာတ်ကားလေးကတော့ 2018 မှာထွက်ရှိထားပြီး ပင်လယ်ကမ်းခြေက တံငါသည်တွေရဲ့ အကြောင်းကို ဖော်ကျူးထားတဲ့ကားလေးတစ်ကားပါပဲ။ ဆန်စ်ဟာ ခရုသွားရှာကောက်ရင်း ရွှံ့ထဲမှာ ဒဏ်ရာရပြီးမေ့မျောနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ ဆေးကုဖို့ဆေးခန်းဆီ ခေါ်ဆောင်သွားပေးခဲ့ပါတယ်။ ဆေးကုပေးပြီး ဆန်စ် က အဲဒီလူကို အိမ်ခေါ်သွားခဲ့ပါတယ်။ အိမ်ရောက်တော့ နာမည်နဲ့ နေရပ်လိပ်စာတွေမေးခဲ့ပေမဲ့ သူကတော့ စကားပြန်မပြောခဲ့ပါဘူး။ ကြာလာတော့ အဲ့ဒီလူက ဆွံအနေတဲ့လူဖြစ်မှန်းသိသွားခဲ့တယ်။ အဲ့ဒီလူက အိမ်ယာမဲ့သူဖြစ်ပြီး သွားနေစရာအိမ်မရှိသာကြောင့် ဆန်စ်နဲ့အတူနေဖို့ ဆန်စ်က ပြောလိုက်ပါတယ်။ အတူနေတာကြာလာတော့ နှစ်ယောက်သားအရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှတော့ သူတို့တွေ ဘာတွေရင်ဆိုင်ကြုံတွေရမလဲဆိုတာကတော့…
-

Sirat
Sirat (2025) ဒါရိုက်တာ Óliver Laxe ရိုက်ကူးထားတဲ့ Sirāt (2025) ရုပ်ရှင်ဟာ သဲကန္တာရထဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဖခင်ဖြစ်သူ လူဝစ် နဲ့ သူ့သားတို့နှစ်ယောက် ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူ မာ ကို ရှာဖွေဖို့အတွက် မော်ရိုကို နိုင်ငံတောင်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရထဲမှာ ပြုလုပ်နေတဲ့ Rave ပါတီပွဲ တစ်ခုဆီကို ရောက်ရှိလာပုံကနေ စပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာက ဒီလို အဆုံးမရှိတဲ့ ပါတီပွဲတွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ သမီးကို ပြန်ရှာတွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖခင်နဲ့သားဟာ စည်းချက်ကျကျ မြည်ဟည်းနေတဲ့ တေးဂီတတွေကြားမှာ သမီးပုံပါတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှနေခဲ့ကြပါတယ်။…
-

တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ
ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ် နှစ်…
-

ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်
ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။ ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။ အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့…
-

စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး လွတ်မြောက်နေသူ စီးပွားရေးသမား ရဲမင်းလွင်မှာ အေးနေဝင်း အပါအဝင် စစ်တပ်ဘက်တော်သားများနှင့်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဝေဖန်ပုတ်ခတ်နေသူဖြစ် စစ်တပ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိ၍ ဟုဆိုကာ ပို့ကုန်တင်ပို့သူ လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီးလိုက်ပြီး တချို့မှာ လွတ်မြောက်သွားကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။ ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့…