Author: Baby Yit Lone
-

-

When I Sleep
When I Sleep (2025) ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ plot twist တွေ ဇာတ်လမ်းဇာတ်အိမ် ခပ်ရှုပ်ရှုပ်တွေနဲ့ မဟုတ်ဘဲ ပေးချင်တဲ့ အကြောင်းအရာက တဖြည်းဖြည်းချင်း ရင်ထဲ ရောက်သွားမယ့် ကိုရီးယားကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဘဝမှာ ထုတ်မပြောနိုင်တဲ့ အခက်အခဲကိုယ်စီရှိနေတဲ့ မိန်းကလေးသုံးယောက် ခရီးတိုလေးတစ်ခုကို သွားရင်း လမ်းမှာ ကားမတော်တဆမှုကြောင့် လမ်းခရီးမှာ သောင်တင်နေပါတော့တယ်။ ဒီအခက်အခဲကပဲ သူတိုရဲ့ ရင်ထဲမှာ မျိုသိပ်ထားခဲ့ရတဲ့ အဆင်မပြေမှုတွေ လူ့အဖွဲအစည်းရဲ့ ဖိနှိပ်မှုတွေ အခက်အခဲတွေကို ပြေလည်အောင် ဘယ်လို ဖြေရှင်းပေးမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ကောင်မလေး သုံးယောက်ထဲ ဘိုမီနေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး ဘတ်ဘိုရမ်ကလည်း ဒီဇာတ်ကားလေးမထွက်ခင်မှာပဲ ဆုံးပါးသွားခဲ့တာမို ကြည့်ပြီးတဲ့အခါ ပိုပြီး…
-

Cesium Fallout
Cesium Fallout (2024) မင်းသားကြီးAndy Lau နဲ့ Love O2O ထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေ ရုတ်တရက် ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄ နာရီအတွင်း အန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့် အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာသူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ ဟောင်ကောင်မြို့ကြီး ပျက်စီးတော့မယ့်အချိန်နဲ့ နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။
-

Broke
Broke (2025) ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမားဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။ အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင် ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာ တစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။ ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။
-

Better Man
Better Man (2024) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That…