Cesium Fallout (2024)

မင်းသားကြီးAndy Lau နဲ့ Love O2O ထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။
ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။
အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေ ရုတ်တရက် ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄ နာရီအတွင်း အန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။
ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့် အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။
တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာသူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။
ဟောင်ကောင်မြို့ကြီး ပျက်စီးတော့မယ့်အချိန်နဲ့ နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။



Leave a Reply