Author: Baby Yit Lone

  • Homeward Bound

    Homeward Bound

    Homeward Bound (2025) လူရယ်လို့ဖြစ်လာရင် ကိုယ်စီလျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါ။ အရင်းနှီးဆုံးသွေးရင်းသားရင်းတွေကိုတောင် မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ပွေ့ပိုက်ရင်း ရှင်သန်နေကြတာ သဘာဝပဲ မဟုတ်ပါလား။ အလားတူ ထုတ်ဖော်ဖို့ မဝင့်ရဲတဲ့ လျှို့ဝှက်ချက်အား ကာလရှည်ကြာ သိမ်းဆည်းလာခဲ့တဲ့ အီဂျောင်ဟာဆိုတဲ့ အမျိုးသမီးဟာ ချွန်းချောင်းအထက်တန်းကျောင်းက ကျောင်းဆရာမဖြစ်ပြီး သားဖြစ်သူကတော့ အရွယ်ရောက်လာတဲ့အခါ ကနေဒါနိုင်ငံမှာ ပညာသင်လျက်ရှိပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူက အမေဖြစ်သူထံ အလည်လာပြီး သူရဲ့ကောင်မလေးဂျဲနီနဲ့ မိတ်ဆက်ပေးကာ လက်ထပ်တော့မည့်အကြောင်း ဖွင့်ပြောပါတော့တယ်။ အဲဒီအချိန်မှာ ဂျောင်ဟာအနေနဲ့ သားဖြစ်သူကို ဖွင့်ပြောချင်ပေမယ့် ပြောမထွက်တဲ့ ကိစ္စတွေ ရှိနေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ ဂျဲနီတို့မိဘတွေဟာ ဂျောင်ဟာအိမ်ကို ရောက်ရှိလာပြီး အမှတ်မထင် အကုန်လုံးစုပေါင်းနေရမယ့် အကြောင်းဖန်လာပါတော့တယ်။ အနေနီးလာကြတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် ရိပ်ဖမ်းသံဖမ်းမိလာတဲ့အခါ ကိုယ်စီရဲ့…

  • Follow My Voice

    Follow My Voice

    Follow My Voice (2025) ကလာရာဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ကျရောဂါကိုခံစားနေပြီး ၂လကျော်ကြာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ စိတ်ရောဂါကုထုံးခံယူနေရတဲ့ ကောင်မလေးပါ။ သူ့မှာ စိတ်ဝင်စားတာရယ်လို့ မည်မည်ရရမရှိပေမဲ့ “ဂန်”ဆိုတဲ့ကောင်လေးရဲ့ Follow My Voice podcast ကိုတော့ နေ့စဉ်မပြတ်နားထောင်လေ့ရှိပါတယ်။ ဂန်ကတော့ ကိုရီးယားကနေ စပိန်ကို ပြောင်းရွှေ့လာတဲ့ ‌ကောင်လေးဖြစ်ပြီး သူ့မှာလည်း ထုတ်မပြောဘဲ ဖုံးကွယ်ထားတဲ့ စိတ်ဒဏ်ရာတွေရှိလို့နေပါတယ်။ ဒီလို စိတ်ဒဏ်ရာကိုယ်စီနဲ့ လူငယ်လေးနှစ်ယောက်ဟာ ရေဒီယိုရှိုးတင်ဆက်သူနဲ့ နားထောင်သူရယ်လို့ မဟုတ်တော့ဘဲ အပြင်လက်‌တွေ့မှာ မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ ဘာတွေဆက်ဖြစ်ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

  • The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones (2013) Stranger Things စီးရီးထဲမှာ Vecnaအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jamie Campbell Bower နဲ့ Emily in Paris စီးရီးထဲက မင်းသမီး Lily Collins တို့ကအဓိကပါဝင်ထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က Cast line တောင့်ရုံတင်မကဘဲ နာမည်ကျော် Fantasy ဝတ္ထုစီးရီးဖြစ်တဲ့ The Mortal Instruments ဝတ္ထုတွဲတွေထဲက ပထမဆုံးစာအုပ် “City of Bones” ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ကလယ်ရီဟာ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ရင်းကနေ ထူးဆန်းတဲ့အမှတ်အသားတွေ ပုံတွေကို ရေးဆွဲမိလာပြီး အဲဒီအမှတ်အသားတွေကို တဖြည်းဖြည်း သတိပြုလာမိပါတယ်။ ဒီလိုနဲ့ မွေးနေ့မှာ…

  • The Anacondas

    The Anacondas

    The Anacondas (2025) မက္ကဆီကိုရဲ့ဝေးလံခေါင်သီတဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်နဲ့ စူးစမ်းရှာဖွေသူတစ်စုဟာ မြွေကိုကိုးကွယ်တဲ့ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် သူတို့ဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုဟာ မကြာခင်မှာပဲ ကြောက်လန့်စရာအဖြစ်အပျက်တစ်ခုကို ဦးတည်သွားခဲ့ပါတယ်။ သူတို့ဟာ ပိတ်လှောင်ထားတဲ့ ဗိမာန်တစ်ခုကို ဖွင့်မိခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ လူသားစားသောက်ရခြင်းမရှိဘဲ ငတ်မွတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို နှိုးဆွလိုက်မိခဲ့ကြပါတယ်။ ဒီမြွေကြီးဟာ သာမန်မြွေမျိုးမဟုတ်ဘဲ ရှေးခေတ်က ပူဇော်သက္ကာဘုရားကျမ်းတွေမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး လူသားတွေကို စားသောက်တိုင်း ပိုကြီးလာသလို ပိုရန်စလာတတ်ပါတယ်။ မြွေကြီးနိုးလာချိန်မှာ ထွက်ပေါက်တွေပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်အကြံအစည်တွေလည်း ပျက်ပြားသွားပါတယ်။ လက်နက်နည်းပါးပြီး အချင်းချင်းယုံကြည်မှု ပျက်ပြားလာချိန်မှာ ကျန်ရှိတဲ့လူတွေဟာ နည်းအမျိုးမျိုးနဲ့မြွေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြရပါတယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမလား…

  • October Sonata

    October Sonata

    October Sonata (2009) ရက်စွဲ​တွေပါတဲ့အမှတ်တရဇာတ်လမ်း​တွေဟာ ဇာတ်သိမ်းမလှတာ​တွေများပါတယ်။ “အမှတ်တမဲ့မှအမှတ်တရများသို့ “ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်​သေး​သေး​လေးကစတင်ခဲ့တဲ့ “ဆဲန်ကျန်”ဆိုတဲ့​စာမဖတ်တတ်တဲ့​ကောင်မ​လေးတစ်​ယောက်နဲ့ နိုင်ငံခြားမာစတာတန်းပညာ​တော်သင်​ကျောင်းသားဖြစ်တဲ့ “ရာဝီ” တိုရဲ့အချစ်​ရေး​​အ​ကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်း​လေးဖြစ်ပါတယ်။ “ဆဲန်ကျန်”ဟာ ​​မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ ​အောက်တိုဘာလမှာ “ရာဝီ”ဆိုတဲ့​​​ကောင်​လေးနဲ့​တွေ့ခဲ့ကြပါတယ်။ တစ်ညတာအတွင်း ရင်းနှီးခဲ့ကြတဲ့သူတို့နှစ်​ယောက်ကြားကဆက်ဆံ​ရေးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်။ အ​ကြောင်းက​တော့ “ရာဝီ”ဟာ နိုင်ငံခြားပညာ​တော်သင်သွားဖို့ဖြစ်လာခဲ့လိုပါ။ ဒါ​ပေမဲ့ သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးဟာ အဆုံးသတ်မသွားခဲ့ပါဘူး။ နှစ်တိုင်းရဲ့ ​အောက်တိုဘာလ ၈ ရက်​နေ့မှာ နှစ်​ယောက်သားရဲ့အမှတ်တရ​နေရာ​လေးဆီပြန်လာကြဖို ကတိ​ပေးခဲ့ပါတယ်။ ဒီလိုနဲ့ “ဆဲန်ကျန်”ဟာ ​အောက်တိုဘာလ ၈ရက်​နေ့​ရောက်တိုင်း အမှတ်တရ​တွေရှိခဲ့တဲ့​နေရာ​လေးမှာ အမြဲတမ်း​စောင့်​မျှော်​နေခဲ့ပါတယ်။ “ရာဝီ”က​ရော ကတိအတိုင်းပြန်လာပါ့မလား။ သူတိုနှစ်​ယောက်ရဲ့အချစ်​ရေးက​​ရော ​ဖြောင့်ဖြူးနိုင်ပါ့မလား။ “ဆဲန်ကျန်”က​​ရော ရာဝီတစ်​ယောက်တည်းကိုပဲ ​စောင့်စားပါ့မလား။ အချစ်နဲ့ဘဝ​ရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူ​တွေဟာဘယ်အရာကို ဦးစား​ပေးသွားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။