October Sonata (2009)

ရက်စွဲတွေပါတဲ့အမှတ်တရဇာတ်လမ်းတွေဟာ ဇာတ်သိမ်းမလှတာတွေများပါတယ်။
“အမှတ်တမဲ့မှအမှတ်တရများသို့ “ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်သေးသေးလေးကစတင်ခဲ့တဲ့ “ဆဲန်ကျန်”ဆိုတဲ့စာမဖတ်တတ်တဲ့ကောင်မလေးတစ်ယောက်နဲ့ နိုင်ငံခြားမာစတာတန်းပညာတော်သင်ကျောင်းသားဖြစ်တဲ့ “ရာဝီ” တိုရဲ့အချစ်ရေးအကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
“ဆဲန်ကျန်”ဟာ မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလမှာ “ရာဝီ”ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ကြပါတယ်။ တစ်ညတာအတွင်း ရင်းနှီးခဲ့ကြတဲ့သူတို့နှစ်ယောက်ကြားကဆက်ဆံရေးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်။
အကြောင်းကတော့ “ရာဝီ”ဟာ နိုင်ငံခြားပညာတော်သင်သွားဖို့ဖြစ်လာခဲ့လိုပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အဆုံးသတ်မသွားခဲ့ပါဘူး။
နှစ်တိုင်းရဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ နှစ်ယောက်သားရဲ့အမှတ်တရနေရာလေးဆီပြန်လာကြဖို ကတိပေးခဲ့ပါတယ်။
ဒီလိုနဲ့ “ဆဲန်ကျန်”ဟာ အောက်တိုဘာလ ၈ရက်နေ့ရောက်တိုင်း အမှတ်တရတွေရှိခဲ့တဲ့နေရာလေးမှာ အမြဲတမ်းစောင့်မျှော်နေခဲ့ပါတယ်။
“ရာဝီ”ကရော ကတိအတိုင်းပြန်လာပါ့မလား။ သူတိုနှစ်ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးနိုင်ပါ့မလား။ “ဆဲန်ကျန်”ကရော ရာဝီတစ်ယောက်တည်းကိုပဲ စောင့်စားပါ့မလား။
အချစ်နဲ့ဘဝရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူတွေဟာဘယ်အရာကို ဦးစားပေးသွားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။


Leave a Reply