Author: Baby Yit Lone

  • ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ

    ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ

    စစ်ကောင်စီမှ ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် စစ်ကော်မရှင်အဖွဲ့သစ်၏ ဦးတည်ချက် ၄ ရပ်ထဲတွင် “အမျိုးသား ပညာရေး ကဏ္ဍ အလေးထားမြှင့်တင်ရန်” ဟူ၍ပါရှိသော်လည်း ဩဂုတ် ၁ ရက်က အစိုးရအဖွဲ့အသစ်ဖွဲ့စဉ် ပညာရေးဝန်ကြီးဌာန ဖော်ပြဖို့ရာ မေ့ကျန်ခဲ့ခြင်းကြောင့် လူထုကြား ဝေဖန်ထောက်ပြစရာ ဖြစ်လာခဲ့သည်။

    စစ်ကော်မရှင်အဖွဲ့သစ် ပွဲဦးထွက်မှာပင် ပညာရေးဝန်ကြီးဌာန မေ့ကျန်ခဲ့၍ လူအများ အယုံကြည်မံ၍ ပျက်ရယ်ပြုနေစဉ် ၂၀၂၅ တက္ကသိုလ် ဝင်တန်း စာမေးပွဲအမှတ်စာရင်းများ အမှားမှားအယွင်းယွင်းကြောင့် ဩဂုတ် ၄ ရက်မှစ၍ အမှတ်စာရင်း ထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပညာရေးဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် သိရသည်။

    မင်းအောင်လှိုင် စစ်ကော်မရှင်ရဲ့ အနာဂတ် မြန်မာ့ပညာရေးမျှော်မှန်းချက်

    ရလဒ်အမှတ်စာရင်းမှားယွင်းခဲ့သော ဖြစ်စဉ်အများစုသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းက စာစစ်ဌာနများတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေသည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စာမေးပွဲ အဖြေလွှာများ ပျက်စီးသွားသဖြင့် စာမေးပွဲ ပြန်လည် ကျင်းပခဲ့ရသော ဒေသများထဲမှ တခုအပါအဝင်လည်း ဖြစ်သည်။

    ယခုကဲ့သို့ မှားယွင်းမှုများကြောင့် “အမှတ်စာရင်းကိုပင် မှန်အောင် မထုတ်ပြန်နိုင်တဲ့ စစ်တပ်သည် မဲစာရင်းဆိုပါက ပို၍ ဆိုးမည်” ဟူသော ပြည်သူများ၏ ဝေဖန်သံများလည်း မြင့်တက်လျက် ရှိသည်။

    “ကျဆင်းလာသော အောင်နှုန်း၊ ထိခိုက်နစ်နာနေသော ကျောင်းသားများ”

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူအားလုံး၏ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အောင်မြင်မှုနှုန်းသည် ၂၀၂၄ ခုနှစ် အောင်ချက် ရာခိုင်နှုန်း ထက် ၉ ဒသမ ၈၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အောင်ချက် ရာခိုင်နှုန်း သိသိသာသာကျဆင်းသွားရသည့်အပြင် အမှတ်စာရင်းများ ထုတ်ပေးရာတွင် အလွဲအချော် များရှိနေခြင်းက စိတ်ဒဏ်ရာများကြားမှ ၂ ခါတိတိ စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့ရသည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထပ်ဆင့် စိုးရိမ်ပူပန်စရာလည်း ဖြစ်နေသည်။

    စစ်တပ်ထောက်ခံသူတဦးလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်း ဖြစ်သည့် ဘူးလက် လှဆွေက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “၁၂ တန်းဆိုတာက လူ့ဘဝကြီး တဆစ်ချိုး ပြောင်းလဲသွားတာဗျ။ ပညာရေးဝန်ကြီး ဌာနက ဒါကို ပေါ့တီးပေါ့ပျက်လုပ်နေတာပဲ။ ကွန်ပြူတာ အယ်ရာတွေဘာတွေ လာပြောမနေပါနဲ့။ စစ်လေ၊ သူတို့ အဲဒီလို စစ်ဖို့ လစာတွေ ယူထားတာ မဟုတ်ဘူးလား” ဆိုပြီး ပြင်းထန်စွာ ဝေဖန်ပြောဆိုထားသည်။

    တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား သင်ကြားရေးစခန်းများ ဖွင့်လှစ်သင်ကြားပေးနေစဉ်/MWD

    “လှပသောစကားများနှင့် ခါးသီးသော အမှန်တရား”

    စစ်ခေါင်းဆောင်က “ပညာတတ်များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်” ၊ “ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို အကောင်အထည် ဖော်ရမည်” ဟု မေလ ၂၀ ရက်ထုတ် ကြေးမုံသတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ကြွေးကြော်ခဲ့ ဖူးသော်လည်း၊ ထိုလှပသော စကားလုံးများ နောက်ကွယ်တွင် ခါးသီးသော အမှန်တရားများစွာ ရှိနေသည်။

    အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ပညာရေးစနစ်သည် အကြီးအကျယ် ပြိုလဲခဲ့သည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် နိုင်ငံအနှံ့အပြားရှိ ကျောင်းများ ပိတ်ထားရပြီး၊ စာသင်ကျောင်းများအပါအဝင် အရပ်သားနေရာများကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းက ပညာရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များကို ပိုမိုပျက်စီးစေခဲ့သည်။

    အင်တာနက်ပိတ်ဆို့မှုနှင့် ဆင်ဆာဖြတ်တောက်မှုများကြောင့် အွန်လိုင်းသင်ကြားမှုမှာလည်း အဟန့်အတားဖြစ်နေပြီး၊ ဆရာများနှင့် ကျောင်းသားများသည် ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုများ ရင်ဆိုင်နေရသည်။

    မန္တလေးငလျင်ကြောင့် စာမေးပွဲအဖြေလွှာများပျက်စီးသွားသဖြင့် ပြန်လည်ဖြေဆိုရန် စီစဉ်ခြင်းဖြင့် “နိုင်ငံတကာ စံချိန်စံ ညွှန်းများ” ထိန်းသိမ်းရန် စစ်ကောင်စီက လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျောင်းသားများစွာသည် မိသားစုဝင်များ ဆုံးရှုံးပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသည့်ကြားမှ စာမေးပွဲ ပြန်လည် ဖြေဆိုခဲ့ရသည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း လူပေါင်း ၄ ဒသမ ၅ သန်းကျော်သည် ပညာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်ဟုလည်း ဆိုသည်။

    “ဦးနှောက်ယိုစီးမှုနှင့် နိုင်ငံ၏ အနာဂတ်အတွက် အန္တရာယ်”

    စစ်ခေါင်းဆောင်၏ အုပ်ချုပ်မှု မအောင်မြင်ခြင်း၏ အကျိုးဆက်အနေဖြင့် မြန်မာ့လူငယ်များစွာ နိုင်ငံခြားသို့ ထွက်ခွာနေကြ ပြီး၊ ပြန်လာရန် ဆန္ဒရှိသူ အနည်းငယ်သာ ရှိသည်။ စီးပွားရေးပြိုလဲမှု၊ မလုံခြုံမှုနှင့် အခွင့်အလမ်းများ မရှိမှုတို့က ဤ “ဦးနှောက်ယိုစီးမှု” (Brain Drain) ကို အရှိန်မြှင့်ပေးနေသည်။

    ဂျပန်၊ တောင်ကိုရီးယား၊ ဒူဘိုင်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အနောက်နိုင်ငံများသို့ လူငယ်များထွက်ခွာမှုသည် နိုင်ငံ အတွင်း မျှော်လင့်ချက်မရှိသည့် အခြေအနေများကြောင့် ပိုမို များပြားလာသည်။

    “အလုပ်ရှိရင်တောင် မြန်မာမှာ ဘဝက ခက်ခဲတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပိုက်ဆံပိုရချင်တယ်” ဟု ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော အသက် ၂၅ နှစ် အရွယ် လူငယ်တဦးက သူ၏အခက်အခဲကို ဖွင့်ဟပြောဆိုသည်။

    ဤ ဦးနှောက်ယိုစီးမှု/ ဦးနှောက်ထွက်ပြေးမှုသည် နိုင်ငံပြန်လည်တည်ဆောက်ရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးစေနိုင်သည့် ကြီးမားသော အန္တရာယ်တရပ်လည်း ဖြစ်သည်။

    ၂၀၂၅ ဇွန်လ ၁၀ ရက်က မန္တလေးမြို့ရှိ စာသင်ကျောင်းတချို့သို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့စဉ်/CINCDS

    “မဖြည့်ဆည်းနိုင်သော ကတိများနှင့် နောက်ကျန်ရစ်သော နိုင်ငံ”

    စစ်ခေါင်းဆောင်က သူ၏အစိုးရသည် “ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပြီး ပညာတတ် လူ့စွမ်းအားဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်နေသည်” ဟု ကြွေးကြော်သော်လည်း၊ နိုင်ငံ၏ လက်တွေ့အခြေအနေမှာ စစ်တပ်ပုံစံ အုပ်ချုပ် ရေးစနစ်၊ ဖျက်ဆီးခံရသော ကျောင်းများ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ကျောင်းသားများနှင့် စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့လာသော ပြည်သူများဖြင့် ပြည့်နှက်နေသည်။

    ဝေဖန်သူများကမူ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အကြပ်အတည်းသည် စစ်တပ်က အာဏာလက်လွှတ်ရန် ငြင်းဆိုမှုနှင့် ဆန့်ကျင်သူများကို ရက်စက်စွာ ဖိနှိပ်မှု၏တိုက်ရိုက် ရလဒ်ဖြစ်သည်ဟု ထောက်ပြသည်။

    မြန်မာ့ပညာရေး အကြပ်အတည်းသည် စစ်ခေါင်းဆောင်ပြောသည့်အတိုင်း “ဖျက်ဆီးတတ်သော စိတ်သဘောထား” သို့မဟုတ် “ပညာရေးအဆင့် နိမ့်ကျမှု” ကြောင့် မဟုတ်ပေ။ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပညာရေး အကြပ်အတည်း သည် ပြည်သူထက် အာဏာကို ဦးစားပေးသော၊ ပြုပြင်ပြောင်းလဲမှုထက် ဖိနှိပ်မှုကို ရွေးချယ်လေ့ရှိသော၊ တိုးတက်မှုထက် ဝါဒဖြန့်မှုကို အားပေးလေ့ရှိသော စစ်ကော်မရှင်ကြောင့် ဖြစ်သည်။ စစ်ခေါင်းဆောင်၏ အပြစ်ပုံချမှုသည် နိုင်ငံ၏ ဒဏ်ရာ များကို ပိုမိုနက်ရှိုင်းစေရုံသာဖြစ်သည်။

    မြန်မာ့အနာဂတ်သည် ပညာရေးပေါ်တွင် အမှန်တကယ် မူတည်နေပါက၊ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ နိုင်ငံကို ဤအခြေအနေသို့ ပို့ဆောင်ခဲ့သူများထံမှ စစ်မှန်သော တာဝန်ယူမှု ဖြစ်သည်။ ထိုသို့ မဖြစ်မချင်း၊ စစ်ခေါင်းဆောင်၏ ကတိ များသည် အဓိပ္ပာယ်မဲ့သော စကားလုံးများအဖြစ်သာ ရှိနေမည်ဖြစ်ပြီး၊ မြန်မာ့ကလေးများသည်လည်း ပညာရေး နိမ့်ကျမှု၏ အကျိုးဆက်များကို ဆက်လက် ခံစားနေရမည်သာ ဖြစ်သည်။ ။

    ✍စောအောင်ထွန်း

  • စစ်ကြောရေးစခန်းများတွင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် သက်သေများ ရှာဖွေတွေ့ရှိရဟု ကုလသမဂ္ဂ IIMM က ပြော

    စစ်ကြောရေးစခန်းများတွင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် သက်သေများ ရှာဖွေတွေ့ရှိရဟု ကုလသမဂ္ဂ IIMM က ပြော

    စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း အပါ အဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် သက်သေများ ရှာဖွေတွေ့ရှိရဟု ကုလသမဂ္ဂ IIMM က ပြော

    (more…)

  • တပ်သားသစ် ပို့ဆောင်ခြင်း မရှိသောကြောင့် စစ်တပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဆဲဆို အစည်းအဝေးခေါ်ယူ

    တပ်သားသစ် ပို့ဆောင်ခြင်း မရှိသောကြောင့် စစ်တပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဆဲဆို အစည်းအဝေးခေါ်ယူ

    ငပုတောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ပို့ဆောင်ခြင်း မရှိသောကြောင့် စစ်တပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဆဲဆို အစည်းအဝေးခေါ်ယူ

    (more…)

  • စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်

    စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်

    စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်မှု ၆ ဦးထက်မနည်း သေဆုံး

    (more…)

  • အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်

    အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်

    အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှုကျူးကျော်ရပ်ကွက်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။

    ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်တဲ့ ဖြစ်စဉ်ဟာ မနေ့က ဩဂုတ်လ ၁၁ ရက် ည ၇ နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    အဆိုပါ သေဆုံးသူအမျိုးသားက အသက် ၃၁ နှစ်အရွယ်လို့ သိရပြီး သေဆုံးနေတဲ့ ပုံစံက နေအိမ်ရဲ့ ခေါင်မိုး သစ်သားတန်းမှာ ပုဆိုးနဲ့ချည်ပြီးကြိုးဆွဲချခဲ့တာပါ။

    သူက မကြာခင်ကပဲ လုပ်ငန်းခွင် လူလျှော့ချတဲ့အထဲမှာ သူပါပြီး အလုပ်ပြုတ်လာကာ စိတ်ဓာတ်ကျနေခဲ့တာလို့ ပတ်ဝန်းကျင်ကပြောပါတယ်။

    ၎င်းရဲ့အမျိုးသမီးဖြစ်သူကလည်း မန္တလေးမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အဆက်အသွယ်မရကြောင်း၊ အဆိုပါအမျိုးသားဟာလက်ရှိမှာ ယောက္ခမဖြစ်သူနဲ့အတူနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

    စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူလူထုဟာ အထွေထွေအကျပ်တည်းတွေနဲ့ ရင်ဆိုင်လာရပြီး မကြာခဏဆိုသလို ယခုလိုဖြစ်စဉ်တွေဟာဖြစ်ပွားနေပါတယ်။