Author: Baby Yit Lone
-

မြောက်ဦးဆေးရုံ ဗုံးခွဲမှုနောက်က စစ်ကော်မရှင် ဝါဒဖြန့် လှည့်ကွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များမှ ဆေးရုံတိုက်ခိုက်မှုကို လျစ်လျူရှုပြီး သေဆုံးသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ တိုက်ခိုက်မှုမှာ သတင်းပေးမှုကြောင့်ဖြစ်ကြောင်း စသည့် သတင်းတုများ၊ အချက်အလက်မခိုင်လုံသော ပုံများ နှင့် ဇာတ်လမ်းပုံဖော်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ သတင်းတု ဖြန့်ဝေမှု စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များဖြစ်သည့် ကျော်စွာ၊ ရွှေဘ၊ ဟန်ငြိမ်းဦး၊ စစ်သွေး၊ ကကဟန် နှင့် ပုလဲမြေ စသည့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စာသားများအပြင် ထည့်သွင်းအသုံးပြုသည့် ပုံများလည်း…
-

Alibii . com
Alibii . com (2025) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမောရမယ့် Rom-Com ကားလေးတစ်ကားဖြစ်တဲ့ Alibii.com နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Alibii . com ဆိုတဲ့ Agency တစ်ခုအကြောင်းပါ။ ဒီ Agency က ဘာလုပ်ပေးလဲဆိုတော့ သူတို့ဆီလာတဲ့ ဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးတာ၊ အထူးသဖြင့် ဖောက်ပြန်တာမျိုးလို ကိစ္စတွေကို လူမမိအောင် လိမ်ညာကူညီပေးတာ၊ အကြောင်းပြချက် (Alibi) တွေ ဖန်တီးပေးတာမျိုးတွေ လုပ်ပေးတာပေါ့ဗျာ။ သူများတွေ လျှို့ဝှက်ထားချင်တဲ့ ကိစ္စတွေကို အကောင်းဆုံး အကွက်ဆင်ပြီး ကူညီဖြေရှင်းပေးတဲ့ သဘောပေါ့။ ဒီလို လိမ်ညာမှုတွေကြားထဲက အလွဲတွေ၊ အချစ်အရှုပ်တော်ပုံတွေကို ရိုက်ပြထားပါတယ်။ ဒါရိုက်တာ Fajar Bustomi ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းက လေးလေးပင်ပင်ကြီး…
-

La Tahzan: Cinta, Dosa, Luka
La Tahzan: Cinta, Dosa, Luka… (2025) Norma တို့၊ Ipar Adalah Maut တို့လိုအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်ကားတွေ ဆက်တိုက်အောင်မြင်ပြီးတဲ့နောက်အလောင်တစ်လိုင်းဘက်ကို ခြေဦးလှည့်လာတဲ့ အင်ဒိုနီးရှားတို့ရဲ့နောက်ထပ်အလောင်ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကတော့အာလီနာနဲ့ရီဇာတို့ဟာ ရင်သွေးလေးနှစ်ယောက်နဲ့အတူ ပျော်စရာအိမ်ထောင်ရေးကိုထူထောင်ထားနိုင်ကြပြီး သူတို့အိမ်ထောင်ရေးကိုသူတို့အချစ်ကို ဘယ်လိုအရာ ဘယ်သူကမှ ဖျက်ဆီးလို့မရနိုင်ဘူးလို့ယုံမှတ်ထားကြသူတွေဖြစ်ပါတယ်။ အာလီနာကတော့ အောင်မြင်တဲ့အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုကို ဦးဆောင်ပြီး လူမှုရေး ဘာသာရေးမှာလည်းတက်တက်ကြွကြွပါဝင်တတ်သူဖြစ်တဲ့အတွက် အိမ်မကပ်ရစတမ်းခရီးတွေထွက်နေရလေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့အိမ်ထောင်ရေးသုခနဲ့ပျော်ရွှင်မှုအလုံးစုံကိုဖျက်ဆီးမယ့်အရာဟာ ကလေးထိန်းအမျိုးသမီးအသွင်နဲ့အိမ်ပေါ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး အာလီနာ့အလစ်မှာ ခြေလှမ်းသွက်သွက်နဲ့ ရီဇာကို ချဉ်းကပ်ပါတော့တယ်။ မာယာများသလို အလှကြီးလှတဲ့ လူတွေရဲ့အထာတွေ အကြောတွေကိုလည်းသိပ်နပ်တဲ့ ဒီအမျိုးသမီးရဲ့လက်ကနေရီဇာတစ်ယောက်လွတ်အောင်ရုန်းနိုင်ပါ့မလား? အာလီနာကရော အချိန်မှီတားနိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ မာယာရှင်မိန်းမလှလေးအဖြစ် How to Survive a Marriage? ထဲက ထူးခြားတဲ့အလှပိုင်ရှင် Ariel Tatum ကဦးဆောင်ပါဝင်ထားပါတယ်။
-

Your Letter
Your Letter (2025) ယခုတစ်ခေါက်မှာတော့ Drama, Mystery နဲ့ Adventure ဆန်ဆန် ကာတွန်း Animation တစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကျောင်းမှာ အနိုင်ကျင့်ခံရမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ အီဆိုရီတစ်ယောက် ဝင်တားရင်း အနိုင်ကျင့်သူတွေရဲ့ နောက်ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ပထမစာသင်နှစ်ဝက်အပြီး နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးချိန်မှာတော့ အီဆိုရီဟာ ငယ်ငယ်တုန်းက အဘွားဖြစ်သူနဲ့ အတူနေခဲ့တဲ့ မြို့လေးဆီပြောင်းရုံတင်မက ထိုမြို့ကလေးမှာ ရှိတဲ့ ကျောင်းကိုပါ ပြောင်းခဲ့ရာမှ သူမရဲ့ စားပွဲခုံအောက်မှာ အမည်မသိ စာတစ်စောင်ကို ရှာတွေ့ခဲ့ပါတယ်။ “စာကို ဆက်ပြီးဖတ်ချင်ရင် သဲလွန်စကို လိုက်ရှာပြီး စာစဉ်တွေကို ရှာပါ” ဆိုတဲ့အတိုင်း ကျောင်းအနှံ့မှာ လိုက်ရှာရာ ရွယ်တူကောင်လေးဖြစ်တဲ့ ဘတ်ဒုံဆွန်းဆိုသူနဲ့ တွေ့ဆုံခဲ့ရကာ သူငယ်ချင်းဖြစ်သွားပြီး အမည်မသိစာစဉ်တွေကို အတူတကွ လိုက်ရှာကာ ပေးပို့သူရဲ့ သရုပ်မှန်ကို…
-

ဘယ်လောက်ပင်ရှည်ရှည်
ကြူကြူက မြင့်မြင့်ရီကို အသာလက်တို့ပြီး ပြောလိုက်သည်ကို နုနု ကြားလိုက်တော့ ရှိုးကေ့စ်နောက်တွင်ရပ်၍ နေရင်းက အသာလေး မျက်လွှာလေးပင့်ပြီး ကြည့်လိုက်သည်။ အသက်က (၂၃) (၂၄) ထက်မပို၊ အသားက မဖြူသော်လည်း ခပ်လတ်လတ်လေးဖြစ်သည်။ နှာတံပေါ်ပေါ် မျက်နှာက မျက်လုံးကောင်းကောင်း မျက်ခုံးကောင်းကောင်းဆိုတော့ ချောမောခန့်ညားသည်။ အရပ်ကမြင့်မြင့် အားကစားသမားတွေပုံစံမျိုးမို့ ခန္ဓာကိုယ်ကလည်း တောင့်တောင့်တင်းတင်းရှိသည်။ စတိုင်လ်ကလည်းဖြောင့်တော့ မင်းသားရှုံးလောက်သည်။ “ ဟင်…” နုနု သူမ၏မျက်လွှာလေးကို ချက်ချင်းပင် ပြန်၍ချပစ်လိုက်သည်။ သူနဲ့လည်း မသိဘဲနဲ့ ကိုယ်တော်က နုနုကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ သူ့အပြုံးက စွဲမက်ဖွယ်ကောင်းလှသည်။ ဒါပေမယ့် ရင်တုန်သွားရသော နုနုကတော့ သူ့ဆီရောက်နေတဲ့ သူမရဲ့အကြည့်တွေကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး မျက်လွှာလေးကို ချပစ်လိုက်သည်။ ခဏနေတော့မှ နုနုက မျက်လွှာလေးကိုပင့်ကာ သူရှိနိုင်မည့်နေရာကိုမှန်း၍…