Author: Baby Yit Lone

  • A Newport Christmas

    A Newport Christmas

    A Newport Christmas (2025) ဇာတ်လမ်းထဲမှာ အယ်လာ ဆိုသူက နယူးပေါ့မြို့က သနားကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး တခြားသူတွေကိုကူညီဖို့အတွက် အမြဲအလုပ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ သူမအတွက် ခရစ္စမတ်ဆိုတာ အရင်ကတုန်းက မိသားစုနဲ့အတူအတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို မှတ်မိစေတဲ့ တန်ဖိုးရှိတဲ့ရာသီပါပဲ။ ၁၉၀၅ဒီနှစ် ခရစ္စမတ်မှာတော့ နယူးပေါ့ မြို့တစ်မြို့လုံးမှာ အလှဆင်ပြိုင်ပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း ပြုလုပ်နေကြတယ်။ အယ်လာဟာ နယူးပေါ့မှာရှိတဲ့ ဆင်းရဲသားတွေကိုလှူဒါန်းဖို့ ပေးကမ်းခြင်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ သို့ပေမဲ့လည်း သူမ၏ဖခင်ကသဘောမတူတဲ့ အတွက်လှေတစ်စင်းနဲ့ ခဏတာ ရွက်လွင့်ဖို့ထွက်သွားချိန်မှာ ရုတ်တရက် ၂၀၂၅ ခုနှစ်ကိုရောက်ရှိသွားပါတော့တယ်။ တစ်ဖက်မှာတော့ နစ်က ၂၀၂၅ ခုနှစ်က သမိုင်းပညာရှင်ဖြစ်ပြီး သမိုင်းစာအုပ်ထဲက အယ်လာအကြောင်းတွေကိုလည်း သေချာသိထားပါတယ် ။ နစ်ကသူမကို အတိတ်ကိုပြန်သွားလို့ရအောင် နည်းလမ်းတွေရှာဖွေရင်း အချိန်ရဲ့ စမ်းသပ်မှုအောက်မှာ သူတို့နှစ်ယောက်ရဲ့…

  • The Virgin Spring

    The Virgin Spring

    The Virgin Spring (1960) ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဆွီဒင်ဒါရိုက်တာ Ingmar Bergman ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပြီး၊ Best Foreign Language Film အော်စကာဆုကိုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းက ၁၄ ရာစုနှစ်၊ ဆွီဒင်နိုင်ငံရဲ့ ကျေးလက်ဒေသတစ်ခုမှာ အခြေတည်ထားပါတယ်။ ဘာသာတရားကို အလွန်ကိုင်းရှိုင်းတဲ့ ခရစ်ယာန် မိသားစုတစ်စုရှိပြီး၊ သူတို့ရဲ့ တစ်ဦးတည်းသော သမီးပျိုလေး Karin ကို ဘုရားကျောင်းမှာ ဖယောင်းတိုင်သွားလှူဖို့ ခရီးလွှတ်လိုက်ပါတယ်။ Karin ဟာ လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ သူစိမ်းတွေနဲ့ ဆုံတွေ့ပြီးနောက်ပိုင်း ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေအပေါ်မှာ ဖခင်ဖြစ်သူရဲ့ တုံ့ပြန်မှုနဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် မြင်တွေ့ရမယ့် ဇာတ်ကားပါ။ ဒီကားက…

  • The First Snow of Fraggle Rock

    The First Snow of Fraggle Rock

    The First Snow of Fraggle Rock (2025) အားလုံးသိကြတဲ့ Sesame Street ရဲ့ spin-off တစ်ခုဖြစ်တဲ့ Fraggle Rock ရဲ့ ခရစ္စမတ်ရုပ်ရှင်ကားတော့ ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် ဖရက်ရယ်ဂူမှာရှိတဲ့သူတွေအားလုံးက နှစ်စဉ်ကျင်းပနေကျ ခရစ္စမတ်ပွဲအတွက် ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဖြစ်ချငတော့ နှင်းတိုင်းလုပ်နေ ကျ နှင်းစက်ကြီးထဲကနေ နှင်းပွင့်တစ်ပွင့်လေးပဲ ထွက်လာတဲ့အတွက် အကုန်ဝမ်းနည်းသွားကြရပါတယ်။ ဖရက်ဂယ်ကလည်း သူ့ရဲ့ နှစ်စဉ်ဆိုနေကျ သီချင်လေးကို ပြီအောင်မရေးရသေးတဲ့အတွက် ဝမ်းနည်နေတာပါ။ ဒီလိုနဲ့ ဒီနှစ်ခရစ္စမတ်ပွဲကြီးရဲ့ အနှစ်သာရကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာ ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

  • A Very Merry Beauty Salon

    A Very Merry Beauty Salon

    A Very Merry Beauty Salon (2024) ခရစ္စမတ်နေ့မရောက်ခင်မှာ ထွက်လာတတ်ကြတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ခရစ္စမတ်အချစ်ဇာတ်လမ်းရုပ်ရှင်တွေထဲကတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွဲထားတာ ငါးနှစ်ကြာရှိပြီဖြစ်တဲ့ အလှပြင်ဆိုင်ပိုင်ရှင်မလေး ဆီယန်နာ။ ခရစ္စမတ်နေ့မှာကျင်းပမဲ့ ကပွဲမှာ သူ့ရဲ့ပရဟိတလုပ်ဆောင်မှုတွေကြောင့် ဂုဏ်ပြုခံမဲ့သူတစ်ဦးလည်းဖြစ်၊ ကပွဲမှာ ထူးခြားတဲ့အကနဲ့ဖျော်ဖြေပေးရမဲ့သူဆိုလည်းဟုတ်ပေါ့။ ဒါပေမဲ့ လက်ရှိဒိတ်နေတဲ့သူမရှိတာကြောင့် သူငယ်ချင်းဖြစ်သူအကဆရာနဲ့ပဲ တွဲကဖို့စီစဉ်ထားရာက ကပွဲကို ပူးတွဲစပွန်ဆာလုပ်ပေးထားတဲ့ ဝိုင်ကုမ္ပဏီပိုင်ရှင် လောရန့်စ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ လောရန့်စ်က သူစပွန်ဆာပေးထားတဲ့ကပွဲမှာ သူ့ဝိုင်တွေကို ပရိုးမိုးရှင်းဆင်းချင်ပေမဲ့ ဆီယန်နာ့အမေက ကပွဲကော်မတီကလူကြီးဆိုတော့ ရိုးရာအစဉ်အလာတွေပျက်စီးမှာစိုးရိမ်စိတ်ကြောင့် ရန်စလေးတွေဖြစ်လာခဲ့ပေမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာအချစ်ဇာတ်လမ်းလေး ဖြစ်တည်လာမှာမို့ ခံစားကြည့်ရှုကြပါဦး။

  • A Chuck E. Cheese Christmas

    A Chuck E. Cheese Christmas

    A Chuck E. Cheese Christmas (2025) ခရစ္စမတ်ရဲ့ အနှစ်သာရဆိုတာဘာလဲ။ တကယ်တမ်းတော့ ခရစ္စမတ်ဆိုတာ အချင်းချင်းလက်ဆောင်ပေးရုံ ညစာအတူစားရုံ အားလပ်ရက်တစ်ခုမဟုတ်ပါဘူး။ ခရစ္စမတ်ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်က ပေးကမ်းခြင်း၊ မေတ္တာတရားနှင့် ခွင့်လွတ်လက်ခံခြင်းပါတဲ့။ ဒီဇာတ်လမ်းကတော့ ခရစ္စမတ်ကာလလေးမှာ ကြည့်လို့ကောင်းမဲ့ ပေါ့ပေါ့ပါးပါး animation movie လေးဖြစ်ပြီး ချတ်ကီချိစ့်ဆိုတဲ့ကြွက်ကလေးနှင့် သူငယ်ချင်းတစ်သိုက်က ခရစ်စမတ်ရဲ့အနှစ်သာရကို လူတွေသိအောင် ဘယ်လိုပြသမလဲ၊ ခရစ္စမတ်ကို ဘယ်လိုကယ်တင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။