A Newport Christmas

A Newport Christmas (2025)

ဇာတ်လမ်းထဲမှာ အယ်လာ ဆိုသူက နယူးပေါ့မြို့က သနားကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး တခြားသူတွေကိုကူညီဖို့အတွက် အမြဲအလုပ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။

သူမအတွက် ခရစ္စမတ်ဆိုတာ အရင်ကတုန်းက မိသားစုနဲ့အတူအတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို မှတ်မိစေတဲ့ တန်ဖိုးရှိတဲ့ရာသီပါပဲ။

၁၉၀၅ဒီနှစ် ခရစ္စမတ်မှာတော့ နယူးပေါ့ မြို့တစ်မြို့လုံးမှာ အလှဆင်ပြိုင်ပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း ပြုလုပ်နေကြတယ်။

အယ်လာဟာ နယူးပေါ့မှာရှိတဲ့ ဆင်းရဲသားတွေကိုလှူဒါန်းဖို့ ပေးကမ်းခြင်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။

သို့ပေမဲ့လည်း သူမ၏ဖခင်ကသဘောမတူတဲ့ အတွက်လှေတစ်စင်းနဲ့ ခဏတာ ရွက်လွင့်ဖို့ထွက်သွားချိန်မှာ ရုတ်တရက် ၂၀၂၅ ခုနှစ်ကိုရောက်ရှိသွားပါတော့တယ်။

တစ်ဖက်မှာတော့ နစ်က ၂၀၂၅ ခုနှစ်က သမိုင်းပညာရှင်ဖြစ်ပြီး သမိုင်းစာအုပ်ထဲက အယ်လာအကြောင်းတွေကိုလည်း သေချာသိထားပါတယ် ။

နစ်ကသူမကို အတိတ်ကိုပြန်သွားလို့ရအောင် နည်းလမ်းတွေရှာဖွေရင်း အချိန်ရဲ့ စမ်းသပ်မှုအောက်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်ကရောခိုင်မြဲပါ့မလားဆိုတာ ကြည့်ရှုရမဲ့ သဘာဝလွန် အချိန်ခရီးသွားတဲ့ကားလေးဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *