Author: Baby Yit Lone
-

ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၁)
️အပိုင်း (၁)️ ကိုရွှေဘနှင့် ဥစ္စာစောင့်မလေး နှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး စကားဝိုင်းဆက်နေကြတာပေါ့လေ။ ရောက်တတ်ရာရာတွေပြောရင်း တစ္ဆေ၊ သရဲ အတွေ့အကြုံတွေ ဘယ်ကဘယ်လို ရောက်သွားမှန်းမသိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အတွေ့အကြုံတွေ ဖလှယ်နေကြတာ ဇာတ်လမ်းတွေက စုံလာရောဗျ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုံလာတော့ ဘယ်သူမှ အပေါ့အပါးသွားချင်တာတောင်…
-

ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၂ ဇာတ်သိမ်း)
ဒီနေ့ ရပ်ကွက်ထိပ်က မီးကင်းတဲမှာ လူတော်တော် စည်ကားနေကြတယ်ဗျ။ နှင်းကျသံ တဖျောက်ဖျောက်ကြားထဲမှာ လူငယ်တွေ တရုန်းရုန်းပဲ။ ထုံးစံအတိုင်း ဖိုထားတဲ့ မီးဖိုကြီးကို ဝိုင်းထိုင်လို့ ပါးစပ်တပြင်ပြင် လုပ်နေကြတယ်။ ၃ ချောင်းထောက်နှစ်ခုကို တန်းထိုးပြီးတော့ မီးဖိုပေါ်မှာ အလှူတွေမှာ ဟင်းရည်လိုက်တဲ့ ချိုင့်အကြီးကြီးနှစ်လုံးကို တင်ထားတယ်။ ချိုင့်အကြီးကြီးတွေထဲမှာ ကျနော်တို့လူငယ်တွေ ကြိုက်တတ်တဲ့ အထူးဟင်းပေါင်းဗျ။ အရပ်ဒေသအလိုက်ရှိကြတဲ့ ရိုးရာအစားအစာပေါ့ဗျာ။ ဒီလိုဗျ.. ဒီနေ့ ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်။ အဲ့ဒီခေတ်က ဗမာပြည်ကြီး ချမ်းသာနေသေးတဲ့ခေတ်ဆိုတော့ မင်္ဂလာဆောင်ဆိုတာ အလျှံပယ်ကျွေးတာကိုး။ ထမင်းနဲ့ဟင်း အဝ၊ တစ်မြို့လုံး မီးခိုးတိတ်လေဗျ။ ဝက်ကို ၁၀ ကောင်၊ ကြက်အကောင် ၈၀၀၊ အဲ့လိုတွေကိုး။ ဟင်းတွေကလည်း ၈ ယောက်ထိုင်စားပွဲမှာ ထမင်းပန်းကန်ချစရာ နေရာမရှိအောင် စုံလင်နေတာပဲ။ ထားပါတော့ဗျာ..…
-

သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်
သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်၊ ဘုန်းကြီးများက မော် တော်ယာဉ် မမောင်းရန်နှင့် လူပုဂ္ဂိုလ်များက အရက်သေစာ သောက်စား၍ သာသနာကားများ မမောင်းကြရန် သံဃနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် သာသနာအမှတ်တံဆိပ်ကပ်ကားများတွင် ဘုန်းကြီးမပါဘဲ အသုံးမပြုရန်၊ ဘုန်းကြီးများ မော်တော်ယာဉ် မမောင်းရန်နှင့် အရက်သေစာ သောက်စား၍ သာသနာကားများ မမောင်းကြရန် ပွင့်ဖြူမြို့နယ် သံဃနာယက အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။ ဘုန်းကြီးကျောင်းတိုက်များအတွက် အသုံးပြုရန် ခွင့်ပြုထားသော သာသနာအမှတ်တံဆိပ်ကားများကို ဘုန်းကြီးများ ကိုယ်တိုင်မောင်းခြင်း၊ ဘုန်းကြီးများမပါဘဲ လူပုဂ္ဂိုလ်များကသာ သုံးစွဲခြင်း၊ အရက်သေစာ သောက်စား၍ လူပုဂ္ဂိုလ်ကများ မောင်းနှင်ခြင်းများ စသည့် သာသနာ ညိုးနွမ်းစေမည့် အပြုအမူများကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြို့နယ်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်ကို…
-

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အား တာဝန်မှယာယီရပ်နားပြီး တိုင်ကြားမှုကို စစ်ဆေးနေဟု NUG ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ တာဝန်ကနေ ယာယီရပ်နားထားပြီး တိုင်ကြားခံထားရတဲ့ အမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေပြီလို့ NUG က နိုဝင်ဘာ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းတို့ကို အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု စတာတွေနဲ့ ဝန်ကြီးချုပ်ရုံးကနေ နုတ်ထွက်ခဲ့ကြတဲ့ ဝန်ထမ်းတွေက နိုဝင်ဘာ ၁၉ ရက်စွဲပါစာနဲ့ စွပ်စွဲ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ တို့ဆီကို လိပ်မူထားတဲ့ အဲဒီတိုင်စာဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အီးမေးလ်ကို မရောက်လာပေမဲ့ နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတဆီကို ရောက်ရှိလာတာကြောင့် ဒါကိုဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတဲ့အမိန့်…
-
မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝင်လာချိန်၌ ပြဿနာမဖြစ်ရန် TNLA က တပ်ဖြန့်
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ ဝင်လာချိန်မှာ တိုက်ပွဲမဖြစ်အောင် TNLA က PDF အထိုင်နေရာတွေအထိ တပ်ဖြန့်ပြီး အခြေအနေကို ထိန်းဖို့ ပြင်ဆင်နေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။ မိုးကုတ်မြို့ကို ပြန်လက်လွှတ်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာထားတာပါ။ မိုးကုတ်မြို့ကနေ တပ်တွေဆုတ်ခွာဖို့ TNLA က အချိန်တလယူထားပြီး နိုဝင်ဘာလကုန်မှာ ထွက်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ TNLA ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မန္တလေး ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်ရှိအချိန်အထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ မိုးကုတ်မြို့ထဲကို စစ်ကောင်စီဝင်လာချိန်မှာ ဘယ်လိုတုံ့ပြန်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ဆွေးနွေးမှုတွေ…