Author: Baby Yit Lone

  • ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ကလေးငယ်တယောက် ၈ လွှာအမြင့်တိုက်ကနေပြုတ်ကျပြီး တိုက်ကြားမှာ ညပ်နေတာကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်က တိုက် ၂ လုံးကြားမှာ ကလေးငယ်တယောက် ပြုတ်ကျပြီးညပ်နေတာကို သတင်းရလို့ ပုဇွန်တောင်နဲ့ ကျောက်တံတာမြို့နယ်မီးသတ်စခန်းတို့က ကားတွေ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။

    ကလေးငယ်ဟာ ပြတင်းပေါက်ကိုကာထားတဲ့ သံပန်းနဲ့ညပ်နေခဲ့လို့ မီးသတ်၊ ပီတိမေတ္တာ လူမှုကူညီရေးအသင်း၊ KPT အသင်းတို့က သံညှပ်နဲ့ဖြတ်ပြီး ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ကလေးငယ်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရာမှာ ပါဝင်ခဲ့တဲ့ ပီတိမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

    ကလေးငယ် ပြုတ်ကျတာကိုသိရပြီး ပုလဲ အရန်မီးသတ်တပ်ဖွဲ့ဆီ ဆက်သွယ် အကြောင်းကြားခဲ့တဲ့ အဆိုတော် မေချစ်သက်က “အပြင်ကနေအိမ်ကိုပြန်အရောက် ကားပေါ်ကဆင်းခါစပဲရှိသေးတယ်၊ အိမ်ရှေ့အိမ်ကနေအော်သံတွေကြားလို့ သားအမိ ၂ ယောက် ရပ်ပြီးစပ်စုနေတုန်း ရန်ဖြစ်နေတယ်ထင်လို့ အိမ်ပေါ်တတ်မယ်အလုပ်မှာ ကယ်ကြပါဦး၊ ၇ လွှာ ကနေ ကလေးပြုတ်ကျသွားလို့ပါ။ ကယ်ပေးကြပါဦး၊ လုပ်ကြပါဦးဆိုတာနဲ့ သားအမိ ၂ ယောက်လုံး အထုပ်တွေပစ်ချပြီး အိမ်ရှေ့အိမ်ကိုပြေး၊ ကလေးက တိုက်ကြား ၃ လွှာအထပ်မှာ ညပ်နေပြီး အော်နေရှာတာ။ အရင်ဆုံးပြေးလာပြီး ကလေးရှိတဲ့နေရာကို ရအောင်ဝင်ပြီး ကလေးကိုဆွဲထားပေးတဲ့ လုံခြုံရေး အကို ၂ ယောက်လည်း တကယ့်ကိုသတ္တိရှိတာပါ။ ကိုယ်လည်းရင်တွေတူန် လက်တုန်ခြေတုန်ဖြစ်ပြီး ဘာလုပ်ရမလဲမသိခင်မှာ ခေါင်းထဲပေါ်လာတာက ပုလဲမီးသတ် ကိုထင်လင်းအောင်ကို ခေါင်းထဲရောက်လာပြီး ဖုန်းကမန်းကတန်းဆက်ရတယ်။ ချက်ချင်းဖုန်းကိုင်ပေးပြီး အနီးဆုံး မီးသတ်ဌာနတွေကို ဆက်သွယ်ပေးလို့ ကိုထင်လင်းအောင် (ပုလဲအရံမီးသတ်တပ်ဖွဲ့)ကိုကျေးဇူးတင်ပါတယ်။ အဲကနေမှတဆင့် ကယ်ဆယ်ဖို့ အရေးပေါ်ကားနဲ့ ချက်ချင်းရောက်ရှိလာတဲ့ ၅၁ လမ်းက ပီတိမေတ္တာ လူမှုကူညီရေးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်ပြီး ပစ္စည်းအပြည့်အစုံနဲ့ ကယ်ဆယ်ရေးရောက်ရှိလာတဲ့ ကိုပူတူး ကယ်ဆယ်ရေးအဖွဲ့နဲ့ အရေးပေါ်အမြန်ဆုံးရောက်ရှိလာကြတဲ့ မီးသတ်အဖွဲ့များနဲ့ အကုန်ရောက်ရှိလာကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    ကလေးငယ်မှာ ပေါက်ပြဲဒဏ်ရာ နည်းနည်းပဲရခဲ့ပြီး အသင်းကကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။

  • Andondittu Kaala

    Andondittu Kaala (2025)

    “ကျွန်တော့်ရွှေရောင်အိပ်မက်များ”

    ဒီတစ်ခါမှာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကန်နားဒါး ဒရာမာဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ကူမာရာဆိုတဲ့ကောင်လေး ငယ်စဉ်ကလေးဘဝက သူတို့ရွာမှာ ရုပ်ရှင်အဖွဲ့သားတွေရိုက်ကူးရေးလာလုပ်တာကို မြင်ပြီးကတည်းက ရုပ်ရှင်ပိုးအမြစ်တွယ်လာခဲ့ပါတယ်။

    မိဘတွေက စာကြိုးစားခိုင်းပေမဲ့ ဒါရိုက်တာပဲဖြစ်ချင်နေတဲ့ ကောင်လေးကြီးလာတော့ ဘန်ဂလောမြို့ကြီးပြကြီးကို စွန့်စွန့်စားစားတက်လာပါတော့တယ်။

    ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ တောသားလေးတစ်ယောက် မြို့ကြီးပြကြီးကို စရောက်ရောက်ချင်းကစလို့ ဘယ်လိုအခက်အခဲမျိုးစုံကို သူတန်ဖိုးထားရတဲ့ မိဘ၊ သူငယ်ချင်း၊ ချစ်သူတို့အတွက် အားတင်းရင်ဆိုင်သွားမှာလဲ ဆိုတာကတော့…

  • Aabhyanthara Kuttavaali

    Aabhyanthara Kuttavaati (2025)

    မိန်းမဟူသည့် ထိုဣတ္ထိ…

    ဒီတစ်ခါ ပရိသတ်ကြီးကို ရယ်ရခက် ငိုရခက် မလေယာလမ်း စကားပြော မှုခင်းဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကျော် ဆာဟာဒေဗန်တစ်ယောက် ရဲစခန်းကခေါ်လို့ အူကြောင်ကျားနဲ့ ရောက်လာရာက အစပြုပါတယ်။

    သူ့ဟာသူ ဘာမှုမှန်းမသိလို့ စခန်းမှူးစောင့်နေရင်း ရောက်လာတော့မှ ဟိုကနေ ဘာအမှုမှန်းမိန့်ကြားပါတယ်ခင်ဗျာ။

    အမှုကတော့ ရှင်းမလိုနဲ့ရှုပ်ပါတယ်။

    ဇာတ်လိုက်ကြီးရဲ့ လက်ထပ်ခါစ အိမ်သူသက်ထား ချစ်ဇနီးကိုယ်တိုင် လာတိုင်သွားတာပါတဲ့။

    ဘာအကြောင်းအရာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ခန်းဝင်ပစ္စည်းပိုတောင်းလို့ပါတဲ့။

    ကဲ… အိမ်ထောင်ဦး ချစ်စကြင်စ ၁၀ ရက်တာလောက်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတဲ့ ဆာဟာဗေဒန်ကပဲ မှားတာလား…

    လာတိုင်သွားတဲ့ သူ့မိန်းမပဲမှားတာလား ဘာပြသနာတွေထပ်ရှိဦးမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ခံစားကြည့်ရှုရမှာဖြစ်လို့ ခုပဲ လက်မလွှတ်တမ်း အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။

  • Alphaville

    Alphaville (1965)

    အမေရိကန်အေးဂျင့်တစ်ယောက်ဟာ Alphaville ဆိုတဲ့ တခြားဂြိုလ်ပေါ်မှာ အနာဂတ်မြို့တော်ကို ရောက်ရှိလာပါတယ်။

    သူ့အနေနဲ့ Alphaville ကအရာတွေကို အံ့သြမိနေတာပေါ့။

    မြို့တော်အုပ်ချုပ်သူ မကောင်းဆိုးဝါး သိပ္ပံပညာရှင်အကြောင်းကို စုံစမ်းဖို့ ဖြစ်လာပြီးတော့ နောက်ကွယ်က တရားမဝင်တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားသက်ဝင်မှုတွေ မရှိတဲ့အကြောင်းတွေ သိလာရပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…

    ၁၉၆၅ ခုနှစ်ထုတ် ဒီရုပ်ရှင်အဟောင်းလေးထဲမှာ ခံစားရမှာဖြစ်ပါတယ်။

  • The Jester 2

    The Jester 2

    The Jester 2 (2025)

    ဟောလိုဝင်း ကာလ နီးလာသလို Horror ဇာတ်ကားတွေလည်း အပြိုင်အဆိုင် ထွက်ရှိချိန်ပါပဲ။

    ဒီဇာတ်ကားဟာ ၂၀၂၃ တုန်းက ထွက်ရှိထားပြီးသားဖြစ်တဲ့ The Jester ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်ပြီးတော့ အသံမထွက်ဘဲ ဂျိုကာအဖြစ် သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် မိုက်ကယ်ရှက်ဖီးအနေနဲ့ ပထမကားထက် ပိုပြီးကောင်းမွန်တဲ့ သရုပ်ဆောင်ဟန်ပန်တွေကို ဒီဇာတ်ကားမှာ တွေ့ရပါတယ်။

    အရင်ဇာတ်ကားတုန်းက လူတွေကို လိုက်သတ်တာ ဘာကြောင့်ဆိုတဲ့ ဇစ်မြစ်ကို ဒီဇာတ်ကားမှာ ထည့်သွင်းရှင်းပြခဲ့တာကြောင့် ဂျိုကာလူသတ်ကောင်ရဲ့ Mystery ဖြစ်မှုကို လျော့ကျသွားစေတယ်လို့ ပရိသတ်တချို့က ဝေဖန်ကြပေမယ့် အရင်ဇာတ်ကားထက်ကို ဘတ်ဂျက်ပိုမိုသုံးစွဲထားပြီးတော့ ဇာတ်လမ်းထုတ်လုပ်မှုပိုင်းနဲ့ သရုပ်ဆောင်ရွေးချယ်မှုတွေမှာလည်း ပိုမိုအားစိုက်ထားတာကို တွေ့ရပါတယ်။

    ဇာတ်လမ်းအကျဉ်းပြောရရင် လူမှုဆက်ဆံရေးပိုင်းမှာရော မိသားစုနဲ့ပါ သဟဇာတမဖြစ်ဘဲ အပယ်ခံ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဖြစ်တဲ့ မက်စ်ဟာ ဟောလိုဝင်းညမှာ ဂျိုကာနဲ့ မမျှော်လင့်ဘဲ ကြုံဆုံခဲ့ပါတယ်။

    ဂျိုကာလူသတ်ကောင်ဟာ သူဝိဉာဉ်နှုတ်မယ့် သားကောင်ကို မသတ်ခင် မျက်လှည့်တစ်ခု ပြသရပါတယ်။

    ဒါပေမယ့် အဲဒီညမှာတော့ မက်စ်က ဂျိုကာကို ဖဲချပ်နဲ့ မျက်လှည့်တစ်ခု ပြသခဲ့မိပြီး ဂျိုကာရဲ့ အစီအစဉ်မှာ သူ့ရဲ့ လက်ပါးစေအဖြစ် ခိုင်းဖို့ ခေါ်သွားခံရပါတော့တယ်။

    မက်စ်အနေနဲ့ ဂျိုကာခိုင်းစေသမျှကို လိုက်လုပ်ရင်းနဲ့ ဘယ်လိုမျိုး သူ့လက်က လွတ်အောင် ပြေးမလဲဆိုတာကတော့ ….