Aabhyanthara Kuttavaati (2025)
မိန်းမဟူသည့် ထိုဣတ္ထိ…

ဒီတစ်ခါ ပရိသတ်ကြီးကို ရယ်ရခက် ငိုရခက် မလေယာလမ်း စကားပြော မှုခင်းဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကျော် ဆာဟာဒေဗန်တစ်ယောက် ရဲစခန်းကခေါ်လို့ အူကြောင်ကျားနဲ့ ရောက်လာရာက အစပြုပါတယ်။
သူ့ဟာသူ ဘာမှုမှန်းမသိလို့ စခန်းမှူးစောင့်နေရင်း ရောက်လာတော့မှ ဟိုကနေ ဘာအမှုမှန်းမိန့်ကြားပါတယ်ခင်ဗျာ။
အမှုကတော့ ရှင်းမလိုနဲ့ရှုပ်ပါတယ်။
ဇာတ်လိုက်ကြီးရဲ့ လက်ထပ်ခါစ အိမ်သူသက်ထား ချစ်ဇနီးကိုယ်တိုင် လာတိုင်သွားတာပါတဲ့။
ဘာအကြောင်းအရာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ခန်းဝင်ပစ္စည်းပိုတောင်းလို့ပါတဲ့။
ကဲ… အိမ်ထောင်ဦး ချစ်စကြင်စ ၁၀ ရက်တာလောက်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတဲ့ ဆာဟာဗေဒန်ကပဲ မှားတာလား…
လာတိုင်သွားတဲ့ သူ့မိန်းမပဲမှားတာလား ဘာပြသနာတွေထပ်ရှိဦးမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ခံစားကြည့်ရှုရမှာဖြစ်လို့ ခုပဲ လက်မလွှတ်တမ်း အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။



Leave a Reply