Author: Baby Yit Lone

  • ‘ထုအကြီးဆုံး ဓမ္မရံကြီးဂူဘုရားတည်ခဲ့တဲ့ ကုလားကျမင်း နရသူ’

    ‘ထုအကြီးဆုံး ဓမ္မရံကြီးဂူဘုရားတည်ခဲ့တဲ့ ကုလားကျမင်း နရသူ’

    အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ယူခိုးဆိုးလုယက်၊ မီးတင်ရှို့နေတဲ့ အယုတ်တမာအဖွဲ့က ဘုရားတွေတည်ပြီး ငွေပုံအောပြီးသုံးနေတဲ့သတင်းဖတ်ရတဲ့အခါ ရယ်ရမှာလိုလို၊ သာဓုခေါ်ရမှာလိုလို။

    ပုဂံက ‘ဓမ္မရံကြီးဘုရား’ ကို သိကြတယ်မဟုတ်လား။ ထုမှာဓမ္မရံတဲ့။ ပုဂံမှာရှိတဲ့စေတီပုထိုးတွေထဲမှာ ဓမ္မရံကြီးဘုရားက ထုထည်အကြီးဆုံး။ အဲဒီခေတ်အခါကဆိုရင် မြန်မာပြည်မှာအကြီးဆုံး ကုလားကျောင်းပုံဂူဘုရားပဲ။

    အဲဒီဘုရားကြီးရဲ့ ဘုရားတကာက ‘နရသူမင်း’ တဲ့ဗျ။ နရသူမင်းက ‘အလောင်းစည်သူမင်းကြီး’ ရဲ့ သားအငယ်။ သူ့အဖေနဲ့ အကိုဖြစ်သူကို သတ်ပြီး မင်းဖြစ်လာတဲ့သူ။ ဒီခေတ်ဆိုရင် အာဏာသိမ်းတာပေါ့။ သူ့အဖေအလောင်းစည်သူမင်းကြီးက တစ်နိုင်ငံလုံးမှာ ဘုရားတွေပတ်ပြီးတည်ခဲ့သူပေါ့။ မြန်မာပြည်အနှံ့မှာ ဖောင်တော်ဦးစေတီတွေတွေ့ရမှာဖြစ်သလို အလောင်းစည်သူမင်းကြီးကောင်းမှုဆိုတဲ့ဘုရားတွေလည်း မနည်းဘူးရယ်။

    အဲဒီအလောင်းစည်သူမင်းကြီးက အသက်အတော်ရှည်တယ်။ အသက်(၈၀)ကျော် (၉၀)နီးတဲ့အထိ နေရတယ်။ အသက်ရှည်လွန်းတဲ့ အဖေဆီကရမဲ့ ဘုရင်ရာထူးကို ထပ်မစောင့်နိုင်တော့လို့ အကိုခရီးထွက်သွားတဲ့အချိန်အတွင်းမှာ နေမကောင်းဖြစ်လာတဲ့ အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီးဘုရားဆီ ဘုရားဖူးဖို့ အကြောင်းပြခေါ်ယူပြီး တစ်ဦးထဲ စံမြန်းစေတယ်။ အချိန်အတန်ကြာတော့ ဘုရင်ကြီးနေပြန်ကောင်းလာကြောင်း ကြားသိရတဲ့အခါမှာ လှိုင်ဂူထဲမှာအသင့်ဖွက်ထားတဲ့ စောင်၊ ခေါင်းအုံးတို့နဲ့ ဖိသတ်လိုက်တယ်။

    အလောင်းစည်သူမင်းကြီးကံကုန်ပြီလို့ကြားသိရတဲ့အခါ တာဝန်တစ်ခုအရ အဝေးအရပ်ကိုခရီးထွက်နေတဲ့ သားကြီးဖြစ်သူ ‘မင်းရှင်စော’ ဟာ နောက်လိုက်ငယ်သားများစွာကိုခေါ်ယူပြီး ပုဂံကိုပြန်လာတယ်။ အကိုပြန်လာပြီလို့ ကြားသိရတာမို့ ရင်မဆိုင်ရဲတဲ့ နရသူက အဲဒီအချိန်မှာ သာသနာဂုဏ်းချုပ်(သာသနာပိုင်) ဖြစ်နေသူ ‘ပံ့သကူမထေရ်’ ကြီးကို ချဉ်းကပ်ပြီး အကူအညီတောင်းပါတယ်။

    ပံ့သကူမထေရ်ကြီးဆိုတာ ပံ့သကူသင်္ကန်းပဲ ဝတ်ရုံပြီး ပံ့သကူအစားအသောက်သာ စားသုံးတဲ့ ဝိနည်းအလွန်လေးစားသူ၊ အများတကာက ရဟန္တာအဖြစ် သတ်မှတ်ကြသလို အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဆရာတော်ကြီးမို့ တစ်နိုင်ငံလုံးက ကြည်ညိုကြတဲ့ ဘုန်းတော်ကြီးပါ။

    “နှစ်ဖက်စစ်ဖြစ်ရင် နိုင်ငံနစ်နာမယ်။ သူကတော့ ဘာမဆိုလုပ်ရဲပါတယ်။ နိုင်ငံထဲက ပြည်သူပြည်သားတွေရဲ့မျက်နှာကို ထောက်ထားငဲ့ညှာသောအားဖြင့် အလျှော့ပေးပြီး အကိုဖြစ်သူ မင်းရှင်စောကို ကိုယ်တိုင်သံလျှက်ထမ်းပြီး မင်းအဖြစ်တင်မြှောက်ပါ့မယ်။ အကိုတစ်ဦးထဲသာ နန်းတော်ထဲကို လာခဲ့ဖို့ ပြောပေးပါ။” လို့ ဆရာတော်ကြီးကို လျှောက်ထားပါတယ်။

    ပြည်သူပြည်သားတွေက ဒေါသကြီးတဲ့ နရသူမင်းသားကိုမချစ်ကြဘူး။ ရိုးသားသလို သဘောကောင်းတဲ့ အကိုဖြစ်သူ ‘မင်းရှင်စော’ ကိုသာ ချစ်ခင်ကြတာမို့ ဆရာတော်ကြီးကလည်း ကူညီချင်တယ်။ နရသူကိုလည်း မယုံရဲဘူး။ ဒါနဲ့ နရသူက ဘုန်းကြီးရှေ့မှာ သစ္စာရေတွေဘာတွေတောင်သောက်ပြပြီး သစ္စာဆိုပြသတဲ့။

    နောက်တစ်နေ့ရောက်တော့ ပံ့သကူမထေရ်ကြီးကို ဂတိပေးထားတဲ့အတိုင်း အကိုဖြစ်သူမင်းရှင်စောကို ဘိသိက်သွန်းပြီး နန်းတင်တယ်။ အဖေဖြစ်သူ အလောင်းစည်သူမင်းကြီးသေတာ ဝမ်းနည်းနေဆဲဖြစ်ပေမဲ့ ဘုရင်ဖြစ်ထိုက်တဲ့ အကိုဖြစ်သူ ဘုရင်ဖြစ်တာ ဝမ်းသာကြောင်း အမူအရာတွေလုပ်ပြတယ်။ ပံ့သကူမထေရ်ကြီးကလည်း ဒီကောင်လေး ဂတိတည်ရှာသားပဲ ဘာညာနဲ့ ချီးမွမ်းခန်းတွေဖွင့်မှာပဲ။ နရသူရဲ့ အမူအရာတွေက အကယ်ဒမီရှော့မို့ ဘုန်းကြီးတောင် မျက်စိလည်သွားတာ။ အလောင်းစည်သူမင်းကြီး သူ့ဘာသာအသက်အရွယ်ကြီးလို့ သေတာဖြစ်မှာပါလို့တောင် တွေးမိကောင်းတွေးမိလောက်တယ်။

    မနက်မှာဘုရင်ဖြစ်တဲ့အကိုဖြစ်သူကို နရသူရဲ့ တပည့်လူယုံတွေက ညကျတော့ ပွဲတော်အုပ်ထဲအဆိပ်ခပ်ပေးလိုက်တဲ့အတွက် အကိုဖြစ်သူမင်းရှင်စောဟာ ဘုရင်ဖြစ်ပြီး (၂၄)နာရီမပြည့်မီ နတ်ရွာစံကံတော်ကုန်ရှာပါတယ်။ ကဲ.. ဘာတတ်နိုင်ကြသေးလဲ အရပ်ကတို့။ သူမလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ပြလိုက်တာပါပဲ။ ဘုန်းကြီးရှေ့သစ္စာဆိုထားတဲ့အထဲမှာ အဆိပ်မခပ်ဘူးလို့မပါဘူးလေ။ အာဏာကို အဓမ္မသိမ်းဖို့အတွက် စီမံကိန်းအသေအချာဆွဲပြီး အဖေကိုသတ်တယ်၊ အကိုကိုသတ်တယ်၊ ပြီးတော့ နရသူ ဘုရင်ဖြစ်လာတယ်။

    အကိုဖြစ်သူကို နရသူက အဆိပ်ခပ်လိုက်ပြီဆိုတဲ့ သတင်းကြားတဲ့အခါ ပံ့သကူမထေရ်ကြီးလည်း ကပျာကယာပဲ နန်းတော်ထဲကြွလာပါတယ်။ “ဟယ်၊ မင်းဆိုးမင်းယုတ်၊ နန်းစည်းစိမ်ရပြီဆိုတာနဲ့ သင့်ခန္ဓာ မအိုမနာမသေပြီလို့ ထင်နေရော့လား။” လို့ မိန့်ပါတယ်။ နရသူကလည်း ” မထေရ်ကြီးကိုဂတိပေးခဲ့တဲ့အတိုင်း အကိုဖြစ်သူကို သူကိုယ်တိုင် သံလျှက်မိုးလို့ မင်းမြောက်တန်ဆာအပြည့်နဲ့ နန်းတင်ပေးခဲ့ပါပြီ။ သူ့ဂတိတည်ပါတယ်။” လို့ ပြန်လျှောက်တင်ပါသတဲ့။ နရသူမင်းရဲ့ လှည့်စားခံရမှုကို ရှက်ရှာလွန်းတဲ့အတွက် ပံ့သကူမထေရ်ကြီးလည်း သီဟိုဠ်ပြည်ကို ကြွသွားခဲ့တယ်။ ဒီခေတ်လိုဆိုရင်တော့ ဆန္ဒထုတ်ဖော်ပြသွားတာပေါ့ဗျာ။ အဲဒီလိုနဲ့ ပုဂံပြည်သူပြည်သားတွေကြည်ညိုအားထားကြတဲ့ သာသနာဂုဏ်းချုပ် ပံ့သကူမထေရ်ကြီးကို ပုဂံသားတွေ ဆုံးရှုံးခဲ့ရတယ်။

    သူတို့ချစ်တဲ့ဘုန်းကြီး၊ သူတို့ချစ်တဲ့ ဘုရင်ကြီးနဲ့ ဘုရင်ရဲ့ အိမ်ရှေ့မင်းသားတော်ကြီးကိုပါ ဆုံးရှုံးရတဲ့အတွက် ပုဂံသားတွေက နရသူမင်းကို အလွန်မုန်းတီးရွံရှာကြတယ်။ သူ့ကိုပြည်သူတွေကမုန်းတီးနေမှန်းသိတဲ့အခါ ပိုပြီးရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြခဲ့တယ်။ ဘုရင်က နှိပ်စက်လွန်းတဲ့အတွက် တိုင်းသူပြည်သားတွေသာမကပဲ နန်းတော်ထဲက မိဘုရားတွေရော မောင်းမမိဿံတွေပါ နရသူကိုအလွန်ကြောက်ရတယ်လို့ဆိုတယ်။

    ပြည်သူတွေပင်ပန်းဆင်းရဲနေချိန်မှာ နရသူမင်းက ဓမ္မရံကြီးဘုရားတည်ပြီး ဘုရားတကာအမည်ခံဖို့ လုပ်ပါတယ်။ ရှိပြီးသားဘုရားတွေထက်ကြီးအောင်တည်ရမယ်ဆိုပြီး မိန့်ပါတယ်။ သူကိုယ်တိုင်ကြီးကြပ်ကွပ်ကဲပါတယ်။ အုပ်ဖုတ်ချိန်ကစပြီး အုပ်စီသရိုးကိုင်တဲ့အထိ အသေးစိတ်ခိုင်းစေတယ်။ အကြိုက်မတွေ့မချင်းပြန်လုပ်ရတယ်။ ဒါကြောင့် ဓမ္မရံကြီးဘုရားတည်တာ အချိန်အရမ်းကြာတယ်လို့ ဆိုကြတယ်။ လူအင်အားနည်းလို့ ကြာတာဖြစ်မယ်ဆိုပြီး သန်မာငယ်ရွယ်တဲ့ရဟန်းပျိုတွေကိုပါ လူထွက်စေပြီး ဘုရားတည်ရာမှာ စေခိုင်းတယ်။ “ကိုယ်တိုင်ပါဝင်ရတော့ ပိုကုသိုလ်ဖြစ်တာပေါ့၊ အရှင်ဘုရားတို့ ပိုပြီးကုသိုလ်ရအောင် လုပ်ပေးတာပါ” ပေါ့။ ငယ်ရွယ်သူ ရဟန်းအချို့လည်း သီဟိုဠ်ကိုပြေးကြရတယ်။

    သီဟိုဠ်နဲ့မြန်မာ အရင်ထဲက အဆက်အဆံရှိပါတယ်။ သီဟိုဠ်ကလှေကြီးတွေ ပုဂံဆိပ်ကမ်းကိုဝင်ထွက်ကြတယ်။ ပုဂံဘုရားတွေတည်ဆောက်ချိန်မှာ သီဟိုဠ်ကလက်သမား၊ ပိသုကာ၊ ပန်းရံဆရာတွေအများကြီးခေါ်ယူအသုံးပြုခဲ့ရတယ်။ ဒါကြောင့် ပုဂံကဂူပုံစံလေးထောင့်ဘုရားတွေကို ကုလားကျောင်းလို့ ခေါ်ကြတာဖြစ်တယ်။ ကုလားဘုရားကျောင်းပုံစံကို မြန်မာမှုဖန်တည်းထားတာပါ။ ဒီပုံစံတွေကို နိုင်နိုင်နင်းနင်းဆောက်နိုင်သူတွေကလည်း သူတို့တွေပဲရှိပါတယ်။ (ပုဂံက အလွန်ခိုင်ခန့်တဲ့ ကုလားကျောင်းပုံ ဂူဘုရားကြီးတွေကို ယခုတိုင်တွေ့မြင်နိုင်တာ သူတို့ကျေးဇူးပဲ။)

    နရသူမင်းဖြစ်ပြီးနောက်မှာ ဖခင်ရဲ့သီဟိုဠ်မိဘုရားကို မိဘုရားအဖြစ်ဆက်ပြီး တင်မြှောက်ပါတယ်။ (တချို့က ဝေသာလီမင်းသမီးဟု ရေးကြပါတယ်။) ဘုရင်က ရေအိမ်တက်ပြီး လက်ဆေးတာမတွေ့လို့ လူပုံအလယ်မှာ အနားကပ်မခံတာကြောင့် မင်းသမီးကို ဒေါသထွက်ပြီး သံလျှက်နဲ့ ခုတ်သတ်လိုက်တယ်။ မင်းသမီးအဖေသီဟိုဠ်ဘုရင်သိတဲ့အခါ သီဟိုဠ်လူစွမ်းကောင်းရှစ်ဦးရွေးပြီး နရသူကို သတ်ဖို့စေလွှတ်တယ်။ ပဏ္ဏားယောင်ဆောင်ထားတဲ့ ဒီရှစ်ဦးက ပုဂံရောက်တဲ့အခါ ဘုရင်ထံချဉ်းကပ်ပြီး ကောင်းချီးမင်္ဂလာပေးပါရစေလို့ တောင်းပန်တယ်။ ဘုရင်ကလက်ခံတဲ့အတွက် ခရုသင်းတွေမှုတ်၊ မြေစာမျက်တွေပက်ကြဲနဲ့ ပုဏ္ဏားအသွင်ယူထားတဲ့သူရဲကောင်းတွေက ဘုရင်ကိုဝိုင်းပတ်ရင်း ဂါထာမန္တန်တွေမန်းမှုတ်ကြတယ်။ အဲဒီလိုဟန်ဆောင်နေရင်း အခွင့်သာတဲ့အခါ ဖွက်ယူလာတဲ့လက်နက်နဲ့ နရသူမင်းကိုအဆုံးစီရင်လိုက်ပါတယ်။ နရသူမင်းကိုသတ်ပြီးနောက် ဒီလူစွမ်းကောင်းရှစ်ဦးကလည်း အသင့်ယူလာတဲ့အဆိပ်စားလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ကြတယ်လို့ ဆိုတယ်။

    ဒီလိုနဲ့ပဲ သီဟိုဠ်သူရဲကောင်းတွေလက်ချက်ကြောင့် ဘုရားတကာကြီးနရသူမင်းလည်း ဘဝဇာတ်သိမ်းခဲ့ပါတယ်။ သီဟိုဠ်သားတွေသတ်လို့သေတဲ့မင်းမို့ နရသူမင်းကို ကုလားကျမင်းအဖြစ် မြန်မာတွေက သမိုင်းတင်ထားကြလေရဲ့။ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးခဲ့တဲ့ဘုရင်မို့ ဇာတ်သိမ်းမကောင်းပါ။

    အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ညှင်းပန်း၊ အိမ်တွေမီးတင်ရှို့နေတဲ့ အယုတ်တမာအဖွဲ့ သတိပြုနိုင်ကြပါစေ။ အကြီးဆုံးဘုရားတွေတည်လို့ အပြစ်တွေကြေပြီး ဒုက္ခမရောက်ဖူးမထင်ပါနဲ့။ ကံ ကံ၏အကျိုး က ပြေးမလွတ်ပါဘူး။ “လှည်းဘီးဟာ နွားခြေရာနောက်ကို ထပ်ချပ်မကွာလိုက်ပါရသလို မကောင်းမှုအကုသိုလ်ကံဟာလည်း ကိုယ့်နောက်ကို အစဉ်လိုက်ပါနေမြဲပါ။” သံဝေဂယူနိုင်ကြပါစေ။

    ငစွယ်ရှင်ဆရာတော်

    ပံ့သုကူ ငစွယ်ရှင် (သို့) ငစွယ်ရှင်ဆရာတော် သည် ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တွင် ကျော်စော ထင်ရှား၍၊ ရဟန္တာဟုပင် သမုတ်ခြင်းခံရသော ဆရာတော်ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်သီလဗုဒ္ဓိဖြစ်သည်။ ထိုဆရာတော်သည် လှူသော သင်္ကန်းကို မခံ၊ ပံ့သုကူသင်္ကန်းကိုသာ ကောက်၍ အမြဲသုံးဆောင်တော်မူသည်။ ထိုအကြောင်းကြောင့် ပံ့သကူ မဟာထေရ်ဟု အမည်တွင်ဟန်တူ၏။ အခါတစ်ပါး၌ ငစွယ် ငယ်ဆိုသူသည် နွားကျောင်းဖော် သူငယ်ချင်းကို ‘ငါသေဟန် ဆောင်မည် ငါ့အပေါ်မှာ အဝတ်ပုဆိုးလွှမ်းပြီး မထေရ်မြတ်ကို ပံ့သုကူကောက်ပါဟု လျှောက်ကြ’ဟု ပြောဆိုသဖြင့် သူငယ် ဖော်များက ထိုအတိုင်ပြုလုပ်၍ မထေရ်မြတ်ကို လျှောက်ကြ လေသော်၊ မထေရ်မြတ် ကြွလာပြီးလျှင် ပံ့သုကူကောက်တော်မူ သည်။ ထိုအခါ ငစွယ်ငယ်မှာ အဟုတ်တကယ် သေနေသဖြင့် မိဘများကို ပြောကြား၍ မထေရ်မြတ်အား လျှောက်ထားရာ၊ မထေရ်မြတ် ပရိတ်မေတ္တာပြုမှ ငစွယ်ငယ်ထ၍ ရှိခိုးလေသည်။ ထိုအခါမှစ၍ ငစွယ်ရှင်ဟုထင်ရှား ကျော်စောတော်မူသည်။ မြန်မာရာဇဝင် အစောင်စောင်တို့တွင် ပံ့သုကူ ငစွယ်ရှင်မဟာ ထေရ်ဟု ဖော်ပြပါရှိသည်။

    ထိုရာဇဝင်တို့တွင် စူဠာမဏိဘုရားကိုတည်သော အခြင်း အရာမှ အစပြု၍၊ နရပတိစည်သူမင်းကြီးသည် ပံ့သုကူမဟာ ထေရ်၏ အဆုံးအမ၌ တည်လာသည့် အကြောင်းကို ဖော်ပြ ထားသည်။ ( စူဠာမဏိစေတီ။) အဖြစ်အပျက်မှာဤသို့တည်း။ နရပတိစည်သူမင်းကြီးသည် တူရွင်းတောင်သို့တက်၍ ပြန်တော် မူသောအခါ၊ စူဠာမဏိတည်သော အရပ်ချောက်တွင် ပတ္တမြား အရောင်တောက်သည်ကို မြင်တော်မူ၍၊ ဤအရပ်၌ ငါ့ကို ကောင်းမှုပြုစေလိုသည်ဟု ထိုချောက်ကို ပြည်သူအပေါင်းတို့ဖို့ ရ၏။ ထိုအခါ ပံ့သုကူ ငစွယ်ရှင် မဟာထေရ်သည် ‘မင်းကြီး ကောင်းမှုဖြစ်စိမ့်မည်ဟူ၍ ယခုပြုသော အမှုသည် ကောင်းမှု မဖြစ်၊ မကောင်းမှုသာ ဖြစ်သည်။ မင်းကြီးလှူသော ဆွမ်းကို ငါမခံ’ဟု ဆိုတော်မူ၏။ မင်းကြီးလည်း ‘ငါ့ဆွမ်းကို ဘုန်းပေး တော်မမူသော်၊ ငါ့ပြည်တွင် နေတော်မမူသည်ဖြစ်မှ လွတ်တော် မူမည်။ ပြည်သူတို့လှူသော ဆွမ်းသည်လည်း ငါ့ဆွမ်းမဟုတ် တုံလော’ဟု မိန့်တော်မူ၏။ သခင်မြတ် ပံ့သုကူလည်း မင်းကြီး ဤသို့ဆိုခဲ့ပါလျှင်၊ သီဟိုဠ်ကျွန်းသို့ ကူးမည်ဟု အကြံတော်ရှိ၍၊ စွယ်ကြိုအရပ် တောကြီးဝယ် သီတင်းသုံးနေတော်မူ၏။ သခင် မြတ် ပံ့သုကူထေရ်သွားခဲ့လျှင်၊ သရပါတံခါးစောင့် ဘီလူးသည် မင်းကြီးထွက်တော်မူသောအခါ မလွှဲမဖယ် တံခါးထက်ဝယ် ကားရားရပ်၏။ ဟူးရားဖြူ ဟူးရားညိုတိုလည်း ပံသုကူထေရ်ကို မသင့်သောစကားဖြင့် မိန့်တော်မူ၍၊ ဘီလူး မလွှဲမဖယ်နေတော် မူသည်ဟု နားတော်လျှောက်၏။ ထို့ကြောင့်မင်းကြီးသည် အမတ်တို့ကိုခေါ်၍၊ ပံ့သုကူထေရ်ကို အကြိမ်ကြိမ်ပင့်စေ၏။ သို့သော် မထေရ်သည် သီဟိုဠ်သို့ကြွအံ့ဟု သင်္ဘောဆိပ်သို့ သွားသည်တွင်၊ အမတ် တုရင်္ကပစ္စည်းသည် အထူးထူးသော တောင်းပန်ခြင်းတို့ဖြင့် သာသနာကို ချီးမြေ|ာက်ပါဟု တောင်း ပန်၏။ သခင်မြတ်လည်း သာသနာတော်ကိစ္စဖြစ်၍ လိုက် တော်မူလေ၏။ မင်းကြီးလည်း အမတ်ပေါင်းခြံရံလျက် ခရီးဦး ကြိုဆိုတော်မူပြီးလျှင်၊ သခင်မြတ်လက်တော်ကို မ၍ နန်းတော် သို့ ပင့်ဆောင်လေသည်။ ထိုအခါမှ ဘီလူးသည် တံခါးမှ ဆင်း၍ သခင်မြတ်ကိုဦးချလင့်၏။ နန်းတော်သို့ ရောက်လျှင် မင်းကြီးလက်တော်နှင့် ဆွမ်းကိုပြင်၍ လုပ်ကျွေးတော်မူ၏။ ယနေ့မှစ၍ သခင်မြတ်အဆုံးအမကို ခံပါတော့မည်ဟု လျှောက် ပြီးလျှင်၊ သားတော်ငါးပါးတို့ကိုလည်း သခင်မြတ်ထံ အပ်လေ သည်။

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။

  • ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    အနီတွေတင်မက အစိမ်းတွေကပါ ဘပုကို ပျော့တယ် ညံ့တယ်ဆိုပြီး အထင်မကြီးကြဘူး။

    ဒါပေမယ့် သေချာကြည့်တတ်ရင် ဘပုက သူဖြစ်ချင် သူလုပ်ချင်တဲ့ဟာတွေကို တစ်ခုခြင်းမဖြစ်ဖြစ်အောင် မဟာဗျူဟာကျကျလုပ်သွားတာတွေ့ရတယ်။

    ကျနော်ထင်တာကတော့ ဘပုက သေချာပေါက် သမ္မတလုပ်လိမ့်မယ်။

    နောက်ပြီး အရင်သမ္မတတွေဖြစ်တဲ့ ဘပြောင်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးတဲ့သမ္မတဖြစ်လာလိမ့်မယ်။

    အခြားကြောင့်မဟုတ်ဘူး – လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ထိန်းကြောင်းမယ့် အတိုင်ပင်ခံကောင်စီအဖွဲ့ ဖန်တီးလိုက်ပြီး အဲဒီအဖွဲ့ဝင်တွေကို သမ္မတက(သူ့စိတ်ကြိုက်)ခန့်အပ်နိုင်မှာရယ် …၊

    နောက်လာမယ့်ကာချုပ်သက်တမ်းကို ‌၅ နှစ်ပဲသတ်မှတ်လိုက်တာရယ်ကြောင့်ပဲ။

    နောက်ပြီး သမ္မတအဖြစ် အနည်းဆုံး ၂ကြိမ်လုပ်လိမ့်မယ်။

    အဲဒီလို ၂ ကြိမ်လုပ်ဖို့ဆိုရင် – လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ က အနှောက်အယှက်လိုဖြစ်လာမှာမို့ လွှတ်တော်သက်တမ်း တစ်နှစ်လောက်ဆိုရင် ဦးခင်ရီကို ဥက္ကဋ္ဌ နေရာကနေ အနုနည်းနဲ့ဖယ်‌ရှားပစ်လောက်တယ်။

    1. ဘပုသမ္မတဖြစ်လာလိမ့်မယ်။

    2. အရင်သမ္မတတွေထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးလိမ့်မယ်။

    3. သမ္မတသက်တမ်း ၂ ကြိမ် လုပ်လိမ့်မယ်။

    4. ဘပြောင်တုန်းကလို NLD ကို လွှတ်တော်ထဲပါဝင်ခွင့် မပြုလောက်ဘူး။

    5. လူအများခန့်မှန်းသလို အမေစုကို မြန်မြန်ဆန်ဆန်လွှတ်မပေးလောက်ဘူး။

    6. လွှတ်တော်သက်တမ်း တစ်နှစ်ဝန်းကျင်မှာ ဦးခင်ရီ ပါတီဥက္ကဋ္ဌအဖြစ်ကနေဖယ်ရှားခံရမယ်။

    Nay Win Htun

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

    ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း မရဘူးလေ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာတဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ အခက် အခဲတွေကို ပြောပါတယ်။

    မော်တော်ကားဆိုရင် ဝှီးတက်ရဲ့ နောက်ကျောက ဘားကုဒ်နဲ့ဖတ်ပြီး ဆိုင်ကယ်နဲ့ အိုးဝေတွေကို စက်သုံးဆီရောင်းချတဲ့ဆိုင်တွေက QR Code လုပ်ပေးကာ အဲ့ဒီ QR Code ကို scan ဖတ်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

    650252624 952274217159023 3084211347150109664 N

    ” စောစောက လေးလေးဆိုရင် ဘားကုဒ်ဖတ်လိုက်တယ်၊ ဘားကုဒ်မှာ သူ့ကားနံပါတ်မဟုတ်ဘူး၊ ဒါပေမယ့် သူက 7 ကြီး ဘာကုဒ်မှာ ဖတ်လိုက်တော့ 8 နဲ့ပေါ်တာ အဲ့ဒါဆို ဒီနေ့ ဆီထည့်လို့မရဘူးလို့ပေါ်နေတာ တကယ်တန်း အုံနာဘုတ်မှာရော သူ့ရဲ့ ဝှီးတက်မှာရောက သူ့ရဲ့ 7G နဲ့ပါနေတာ ကျနော်တို့ဆိုင် တဆိုင်တည်းမဟုတ်ဘူး တခြားဆိုင်လည်း ဖတ်ခဲ့ပြီးသားရယ်၊ က.ည.န Error ပေါ်နေတာပေါ့ ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာက ပြောပါတယ်။

    ကားပိုင်ရှင်တဦးက ” ဆီဆိုင်က က.ည.န ကိုလွှတ်တော့ က.ည.န မှာလည်း လိုင်စင်သက်တမ်းတိုးတဲ့ကားတွေနဲ့ ပြည့်နေတယ်၊ ဘွတ်ကင် လည်းယူရမယ်တဲ့ အချိန်တွေပေးရမယ် ဆီကလည်း မရဆိုတော့ က.ည.န ကမှားတဲ့ အမှားက ပြည်သူကို ဒုက္ခရောက်စေတယ်” လို့ ပြောပါတယ်။

    အစိုးရ က ဆိုင်ကယ်တွေကို ၂ လီတာ၊ သုံးဘီး နဲ့ အိုးဝေတွေကို ၄ လီတာ၊ အိမ်စီးကား 92 95 က ၁၂ လီတာ၊ ဒီဇယ်က အိမ်စီးကားနဲ့ လိုက်ထရပ်တွေကို လီတာ ၂၀ ရောင်းချဖို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

    QR Code စနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို QR စနစ်ထဲ ရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က QR Code ထုတ်ပေးတာတွေ Application နဲ့ အလိုအလျှောက် စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။

    အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။

    အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။.

    စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည်ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊အတွဲလိုက်ပစ်လက်နက်၊ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေတယ်သည်ဟုဆိုသည်။

    ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်းထမ်း စစ်မေ၊တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟုစစ်ရေးနီးစပ်သူများထံမှ သိရသည်။

    ၎င်းပြင်စစ်ကော်မရှင်တပ်သည်ညောင်ကျိုးကျေးရွာဖက်သို့ လေ​လာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်းဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

    “လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်”ဟုပြောသည်။

    ဆင်လန်ကျေးရွာစခန်းမှတဆင့် လေ​လာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟုသိရသည်။