Author: Baby Yit Lone
-

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲ
ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲဟု KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် ခုခံသော်လည်း စစ်တပ်က ဗန်းမောက်မြို့ကိုလက်လွှတ်ရ ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်သားများ၏ စိတ်ဓာတ် ပြိုကျနေမှုကို သက်သေပြဟု ဦးမင်းကိုနိုင်ပြော စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်- KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ သိရှိလိုကြောင်း ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။ “ဗန်းမောက်မြို့သိမ်းတိုက်ပွဲက ကျနော်တို့ မဦးစီးဘူး။ အဲဒါက NUG…
-

ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်
ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၆ ဦးသေဆုံးပြီး ကား ၆ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ PDF ရဲဘော် ၃ ဦး ကျဆုံး တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၆ ဦးသေဆုံးပြီး ကား ၆ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း Lark Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်၏ ကား ၁၀ စီးပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက…
-

ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူစောထီးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းမှ စစ်သား အင်အား ၁၈၀ ခန့်ပါသော စစ်ကြောင်းသည် လှည်းပွဲကျေးရွာကို ဝင်ရောက် စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်သားများ နေအိမ်များကို မီးရှို့နေစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ…
-

မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်းရမ်းစားသောက်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပါ တောင်းရမ်း စားသောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ တောင်းရမ်းတာ၊ ဈေးတွေအတွင်း ဝင်ရောက် တောင်းရမ်းတာ၊ လူသွားလူလာများတဲ့ နေရာတွေမှာ တောင်းရမ်းတာအပြင် ရပ်ကွက်နဲ့ ကျေးရွာအတွင်းထိ ဝင်ရောက် တောင်းရမ်းမှုတွေ ရှိလာတာပါ။ မော်လမြိုင်မြို့ခံတစ်ဦးကတော့ တောင်းရမ်း စားသောက်သူတွေဟာ အရင်ကထက် ပိုများလာပြီး တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ မထင်မှတ်တဲ့သူတွေပါ တောင်းရမ်းစားသောက်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။ “တောင်းရမ်းစားသောက်မှုက ပိုများသထက်ကို များလာတယ်။ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့လူ မထင်မှတ်တဲ့ လူတွေလည်း…
-

နတ်တလင်းတွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသည့် ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းအလုပ်လုပ်နေတဲ့ ရာအိမ်မှူး ၂ ယောက် စက်တင်ဘာ ၁၉ ရက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနက် ၉ နာရီခွဲမှာ စံကြီးလောင့်ရွာက ရာအိမ်မှူး ဇော်မင်းနောင်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး တရက်တည်းမှာပဲ ဖလံပင်ရွာက ရာအိမ်မှူး ဖိုးကျော်ကိုပါ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “အကြိမ်ကြိမ်သတိပေးစာနဲ့ သတိပေးခံထားရတဲ့သူ စစ်တပ်နဲ့ပေါင်းပြီး စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် လုပ်နေတဲ့သူတွေပေါ့။ သူ့ပထွေးအားကိုးနဲ့ နားမထောင်ဘူးလေ။ အခုတော့ တားမရတဲ့အဆုံး ဟိုကလာပစ်သွားတာ” လို့ ပြောပါတယ်။ ဇော်မင်းနိုင်ဟာ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးဖြစ်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ ဒေသတွင်းက ပြည်သူတွေကို ဖိနှိပ်ရက်စက်နေလို့ ဒေသခံတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို တိုင်တန်းထားရသလို ဖိုးကျော် ဆိုသူဟာလည်း စစ်ကောင်စီတပ်နဲ့ပေါင်းပြီး…