Author: Baby Yit Lone

  • Misteri Rumah Darah

    Misteri Rumah Darah

    Misteri Rumah Darah (2025)

    သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်

    Believe It Or Not ဆိုတာ သရဲခြောက်ပါတယ်ဆိုတဲ့ နေရာတွေကို လိုက်လံရိုက်ကူးတင်ဆက်နေတဲ့ နာမည်ကျော် Reality Show တစ်ခုဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် သွေးစွန်းစံအိမ် လို့အမည်ရတဲ့ Location တစ်ခုမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ ရက်ရက်စက်စက် အသတ်ခံရခဲ့ပြီးတဲ့နောက်မှာ ရပ်နားခဲ့ရပါတယ်။

    အခုချိန်မှာတော့ အဖွဲ့သားအသစ်တွေနဲ့အစီအစဉ်ကို ပြန်အသက်သွင်းဖို့ကြိုးစားချိန်မှာ ရိုက်ကူးရေးအဖွဲ့ထဲက လူဖီးယား ဆိုတဲ့ ကောင်မလေးဟာ တည်းဖြတ်ခန်းထဲမှာ သွေးစွန်းစံအိမ် episode ရဲ့တိတ်ခွေကိုမတော်တဆ ရှာတွေ့ခဲ့ရာကနေ ထူးခြားတဲ့ခြောက်လှန့်မှုတွေ တမလွန်က ဆက်သွယ်မှုတွေကိုပါ တောက်လျှောက်ခံစားရပါတော့တယ်။

    သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း လူဖီးယားဟာ ဒီအိမ်နဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေရှိနေသလဲ?

    ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ ရက်စက်တဲ့လူသတ်မှုတွေရဲ့တရားခံဟာ ဘယ်သူလဲ? ဇာတ်လမ်းထဲမှာ အဖြေရှာရမယ့် လျှို့ဝှက်သည်းဖို့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Kangaroo

    Kangaroo

    Kangaroo (2025)

    ရုပ်ဖြောင့်တယ်။ ယောက်ျားပီသတယ်။ အာဝဇွန်းရွှင်တယ်။ နာမည်လည်းကြီးတယ်။

    မိုးလေဝသ သတင်းကြေညာတဲ့ ဩစတေးလျသား ခရစ် မာစတာမန်းဟာ ဒီဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီတဲ့ လူတစ်ယောက်ပေါ့။

    သူဟာ အလုပ်နဲ့ပတ်သတ်ရင် ကိုယ်ပိုင်ရှိးတစ်ခုကို ဦးဆောင်ရတဲ့ အစီအစဉ်မှူးတစ်ယောက် ဖြစ်ချင်တဲ့အထိ ရည်မှန်းချက်ကြီးသူတစ်ယောက်ပါ။

    ဒါပေမဲ့ သူဟာ တစ်နေ့မှာ နာမည်ပေါက်ချင်ဇောနဲ့ လင်းပိုင်တစ်ကောင်ကို သတ်မိတဲ့အခါမှာတော့ ဘဝဟာ စုန်းစုန်းမြုပ်ပါတော့တယ်။

    ဘယ်သူမှ ခေါ်မငှါးချင်တော့တဲ့ နာမည်ကြီးသတင်းကြေညာသူဟာ သားပိုက်ကောင်တွေ ရှိတဲ့ နယ်မြိုလေးဆီ ကံအကြောင်းမလှစွာ ရောက်ရှိသွားတဲ့အခါမှာတော့…။

    မြိုသားစစ်စစ်က တောကိုရောက်ရှိသွားတဲ့ ဒီဇာတ်လမ်းမှာ ဘယ်လိုအလွဲတွေဆက်ဖြစ်မလဲဆိုတာကို ကြည်နူးမှုတွေ၊ အခွီတွေ၊ ဗဟုသုတတွေ ရောပြွန်းပြီး ကြည့်ရမှာမို ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်တာဖြစ်ဖြစ် အရမ်းကို သင့်တော်မယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်မယ်ဆိုတာ အာမခံပါတယ်။

  • Hag

    Hag

    Hag (2025)

    ဘဝထဲကိုသူငယ်ချင်းဟောင်းတစ်ယောက် ပြန်ဝင်လာတာဟာကံကောင်းခြင်းလား ဒါမှမဟုတ် ငရဲတံခါး ပွင့်သွားတာလားဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။

    အခုတင်ဆက်ပေးမှာကတော့ Hag ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    Hagဟာ ရိုးရိုးတန်းတန်း Horror ကားတွေနဲ့မတူဘဲ စွဲလမ်းမှုရဲ့ အနက်ရှိုင်းဆုံး အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။

    ဂီတလောကမှာ နေရာတစ်ခုရဖို့ ရုန်းကန်နေရတဲ့ရိုဝန်ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝထဲကို တချိန်ကရင်ခုန်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း မဂ် ပြန်ရောက်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။

    သူမဟာ အစပိုင်းမှာတော့ ကူညီတတ်တဲ့၊ နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။

    ဒါပေမဲ့ “ဂရုစိုက်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုဝန်ရဲ့ ပတ်ဝန်းကျင်က လူတွေကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားပစ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…

  • Andhela Ravamidhi

    Andhela Ravamidhi

    Andhela Ravamidhi (2025)

    ခြေကျင်းဝတ်သံစဉ်

    အိန္ဒိယရိုးရာအကအလှတွေကို အရသာရှိရှိခံစားရမယ့် တေလေဂူစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ဒီရုပ်ရှင်ထဲမှာ ရိုးရာအကပညာနဲ့ ခေတ်သစ်လူမှုဘဝကြားက ပဋိပက္ခတွေကို ပီပြင်အောင်ရုပ်လုံးဖော်ထားပါတယ်။

    ဒီရုပ်ရှင်ကို ရုပ်ရှင်ရဲ့ဇာတ်ဆောင်ဖြစ်သူ မင်းသမီး အင်ဒရာနီကပဲ ဒါရိုက်တာလုပ်ရိုက်ကူးထားတာပါ။

    ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ပါဗာနီဟာ ထူးချွန်တဲ့ အိန္ဒိယရိုးရာ အကပညာရှင်တစ်ဦးပါ။

    သူဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အစပိုင်းမှာ အိမ်ထောင်ရေးသာယာခဲ့ပေခဲ့ ကလေးမရနိုင်တဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေနဲ့ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ရင်ဆိုင်ရပါတယ်။

    ဒီကြားထဲမှာပဲ ပါဗာနီဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း၊ အခက်အခဲတွေကို အနုပညာနဲ့ ဘယ်လိုကျော်ဖြတ်ပြီး ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေသွားမလဲဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။

  • Observe and Report

    Observe and Report

    Observe and Report (2009)

    “အသံကြားရယ်ရပါစေ၊ ရုပ်မြင် စခွီထပါစေ” ဆိုတဲ့ ပါရမီနဲ့မွေးဖွားလာတဲ့လူတစ်ယောက်ရှိပါတယ်။

    သူကတော့ ဟာသမင်းသား Seth Rogen ပါ။

    သူစကားပြောရင်ကို ရယ်နေရတဲ့ လူတစ်ယောက်ပါ။

    Seth Rogen ပါတော့ ထုံးစံအတိုင်းပဲ ပေါက်ကရပေါင်း ၁ သိန်း ၆ သောင်းလောက်နဲ့ တော်တော်လေးကိုရယ်ရပါတယ်။

    ဒီကားက သိပ်ပြီးထူးခြားနေတဲ့ ဟာသရုပ်ရှင်မျိုးမဟုတ်ပေမယ့် ဘဝအမောကိုတော့ ပြေစေမှာသေချာပါတယ်။

    ဇာတ်ညွှန်း

    ရော်နီဆိုတာ ကုန်တိုက်တစ်ခုရဲ့ လုံခြုံရေးခေါင်းဆောင်။

    ရဲလည်းမဟုတ်၊ သာမန်အရပ်သားလည်းမဟုတ်တဲ့ ဂွတိဂွကြားအခြေအနေပေါ့။

    ကုန်တိုက်မှာ မိန်းကလေးတွေကို ဖွားဖက်တော်လိုက်လှန်ပြပြီး ထွက်ထွက်ပြေးနေတဲ့ ဘဲတစ်ဗွေပေါ်လာတယ်။

    သိတဲ့အတိုင်း ဒါဟာ SA အမှု ဆိုတော့ ဒါကိုဖြေရှင်းဖို့ တာဝန်သိပြည်သူတစ်ယောက်လည်းဖြစ်၊
    လုံခြုံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ရော်နီရဲ့ သမိုင်းပေးတာဝန်ဖြစ်လာတယ်။

    တစ်ရက်မှာတော့ ကုန်တိုက်မှာအချောလုံးဖြစ်တဲ့ ဘရန်ဒီဆိုတဲ့ကောင်မလေးတည့်တည့်မှာ အဲဒီဘဲက ထပ်လှန်ပြသွားတယ်။

    “ကျွန်မ,မကြိုက်တဲ့ ဖွားဖက်တော်ကြီး” ဆိုပြီး မူးဝေအော့အန်ကာ အုတ်အော်သောင်းနင်းတွေဖြစ်ကုန်တယ်။

    ရဲဌာနက စုံထောက် ဟယ်ရစ်ဆင်ပါရောက်လာခဲ့တယ်။

    ဆိုတော့ ရော်နီတစ်ယောက်လုပ်ကွက်ပျောက်တော့မယ်။

    ဘရန်ဒီအပေါ်ကို ချစ်ခြင်းအင်္လကာတွေသီချင်တာကတကြောင်း၊ သူဘာကောင်လဲဆိုတာ ပြချင်တာကတကြောင်းတို့ကြောင့် စုံထောက်နဲ့လုံခြုံရေးခေါင်းဆောင်တို့သည် မျက်စောင်းတောင်ထိုးပြီးမကြည့်ချင်တဲ့အခြေအနေဖြစ်လာတယ်။

    ပြောရရင်တော့ ရော်ဖီဘက်ကပဲ တဖက်သတ်ဖြစ်တာပေါ့လေ။

    အချိန်ကိုက်လေးမှာပဲ ဖောက်ထွင်းမှုတစ်ခုကဖြစ်နေပြန်တယ်။

    ကဲ ဒီတော့ ရော်နီတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာပဲဆိုတာကို စခွီထရင်း ကြည့်လိုက်ကြပါဦး။

    ဒီကားက အရမ်းထူးခြားနေတာမျိုးမဟုတ်ပေမဲ့ Seth Rogen ရုပ်ရှင်ဖြစ်ပြီး ဟာသသရုပ်ဆောင် တော်တော်လေးကိုပါပါတယ်။

    Ronnie အဖြစ် မင်းသား Seth Rogen

    Brandie အဖြစ် Scary Movie Franchise က ပင်တိုင်စံမင်းသမီးချော စပ်စလူးစိန် Anna Faris

    စုံထောက် Harrison အဖြစ် မင်းသားကြီး Ray Liotta

    Ronnie တွဲဖက် Dennis အဖြစ် Michael Pena

    ကော်ဖီဆိုင်ဝန်ထမ်းအဖြစ် မင်းသမီးချော Collette Wolfte

    ဂိုဏ်းစတားခေါင်းဆောင်အဖြစ် Seth Rogen ကားဆိုမပါမဖြစ် ဟာသမင်းသား Danny McBride

    အလုပ်သင် လုံခြုံရေးဝန်ထမ်းအဖြစ် Jesse Plemons တို့က မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အားဖြည့်ထားတာကြောင့် ကြည့်ရတန်တယ်လို့ဆိုရပါမယ်။