Misteri Rumah Darah (2025)
သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်

Believe It Or Not ဆိုတာ သရဲခြောက်ပါတယ်ဆိုတဲ့ နေရာတွေကို လိုက်လံရိုက်ကူးတင်ဆက်နေတဲ့ နာမည်ကျော် Reality Show တစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သွေးစွန်းစံအိမ် လို့အမည်ရတဲ့ Location တစ်ခုမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ ရက်ရက်စက်စက် အသတ်ခံရခဲ့ပြီးတဲ့နောက်မှာ ရပ်နားခဲ့ရပါတယ်။
အခုချိန်မှာတော့ အဖွဲ့သားအသစ်တွေနဲ့အစီအစဉ်ကို ပြန်အသက်သွင်းဖို့ကြိုးစားချိန်မှာ ရိုက်ကူးရေးအဖွဲ့ထဲက လူဖီးယား ဆိုတဲ့ ကောင်မလေးဟာ တည်းဖြတ်ခန်းထဲမှာ သွေးစွန်းစံအိမ် episode ရဲ့တိတ်ခွေကိုမတော်တဆ ရှာတွေ့ခဲ့ရာကနေ ထူးခြားတဲ့ခြောက်လှန့်မှုတွေ တမလွန်က ဆက်သွယ်မှုတွေကိုပါ တောက်လျှောက်ခံစားရပါတော့တယ်။
သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း လူဖီးယားဟာ ဒီအိမ်နဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေရှိနေသလဲ?
ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ ရက်စက်တဲ့လူသတ်မှုတွေရဲ့တရားခံဟာ ဘယ်သူလဲ? ဇာတ်လမ်းထဲမှာ အဖြေရှာရမယ့် လျှို့ဝှက်သည်းဖို့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။


Leave a Reply