Author: Baby Yit Lone

  • ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့​တောင်ဘက်၊ ဝေါ်​လေမြိုင်အနီး စစ်​အာဏာရှင်တပ်ရဲ့ ထီးသဲလယ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက်​ မနက် ၆ နာရီလောက်မှာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းမှ ပြည်သူတွေ မထိခိုက်စေဖို့ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

    တိုက်ပွဲမှာ စစ်တပ်က တပ်သားနဲ့ အရာရှိစစ်သည် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရသလို ​သေဆုံးသူ​တွေလည်းရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကာကင်း ၆ ခုနဲ့ စခန်းလုံခြုံ​ရေးတည်​ဆောက်ထားတဲ့ စစ်တပ်ရဲ့ ထီးသဲလယ်စခန်းဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကစတင်ပြီး တိုက်ခိုက်နေတာပါ။

    တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ကျဆုံး များနေတာကြောင့် ဂျက်တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ကူပေးနေတာကြောင့် ထီးသဲလဲရွာအပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ဧပြီ ၂၂ ရက် မနက်ကလည်း ဝေါ်လေမြိုင်ရွာအတွင်းမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ဝေါ်လေမြိုင် တောင်ဘက်အနီး ထီးသဲလယ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကျည် ၄ လုံးက ဝေါ်လေမြိုင် ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၆ မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ရပ်ကွက် ၆ ရွာဦးဘုန်းတော်ကြီး ကျောင်းအရှေ့မှာ လူကြီး တယောက်နဲ့ အသက် ၈ နှစ်အရွယ် ကလေး တယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသွားတာပါ။

    စစ်အာဏာရှင်က တဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းနေချိန်မှာ တခြားတဖက်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

    Photo : Thai official

  • ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်–ငွေဆောင်ကားလမ်းပေါ်တွင် ဘုန်းကြီးအချို့နှင့် မယ်သီလအချို့ ပါဝင်နေသည်ဟု ဆိုသည့် မသင့်လျော်သော အပြုအမူများပါဝင်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်များတွင် ပျံ့နှံ့လာပြီးနောက် အများပြည်သူအတွင်း ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။

    ရုပ်သံတွင် သာသနာဝင်ပုဂ္ဂိုလ်များအဖြစ် ခန့်မှန်းထားသည့် လူအချို့သည် သာသနာနှင့် မညီညွတ်သော အပြုအမူများ ပြုလုပ်နေသည်ဟု မြင်တွေ့ရကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီး၊ ယင်းကိစ္စသည် ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုနေကြသည်။

    ဗုဒ္ဓဘာသာဝင်များအနက် တချို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ စိစစ်စစ်ဆေးကာ မှန်ကန်မှုရှိပါက စည်းမျဉ်းဥပဒေအရ အရေးယူဆောင်ရွက်ရန် တောင်းဆိုထားကြသည်။

    တချို့ကလည်း သံဃာဝင်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပိုမို တိကျသော စိစစ်မှုများ လိုအပ်ကြောင်း၊ အတုယောင် သာသနာဝင်များကြောင့် ဘာသာရေးအပေါ် ယုံကြည်မှု ကျဆင်းနိုင်ကြောင်း ထောက်ပြနေကြသည်။

    လက်ရှိအချိန်တွင် ရုပ်သံပါဝင်သူများ၏ အထောက်အထားနှင့် ဖြစ်ရပ်မှန်အတည်ပြုချက်များကို တာဝန်ရှိသူများက စုံစမ်းနေကြောင်း သိရှိရပြီး၊ အာဏာပိုင်များနှင့် သံဃာ့အဖွဲ့အစည်းများဘက်မှ တရားဝင်ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပါ။

    🥵 ဘုန်းကြီးကျောင်းမှာ လူတွေ မိသားစုလိုက် နေထိုင်နေတာတွေနဲ့ သံဃာတော်တွေ ကား/ဆိုင်ကယ် မောင်းတာ၊ မာတုဂါမနဲ့ ငြိစွန်းတာတွေကို တစ်နိုင်ငံလုံးမှာ စတင်စစ်ဆေးအရေးယူတောမည်

    ● ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းအချို့တွင် လူပုဂ္ဂိုလ်များ၊ မိသားစုများမှာ ကျောင်းဝင်းအတွင်း အိမ်ဂေဟာသဖွယ် အမြဲတမ်း နေထိုင်လာကြပြီး လူတရုန်းရုန်းဖြင့် သာသနာ့နယ်မြေနှင့် မတူတော့သည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ကျောင်းဝင်းအတွင်း ထမိန်များ လူအဝတ်အစားများနှင့် အမြင်မတင့်တယ်မှု ဖြစ်နေတာကြာပါပြီ။ အချို့ကျောင်းတွေမှာဆို ဦးဇင်းကိုရင်တွေကအစ ဘုန်းကြီးအမျိုးပိုမှ စားရတဲ့ ဘဝဖြစ်နေတာကြောင့် ဝေဖန်မှုတွေ မကြာခဏ ဖြစ်နေကြပါတယ်။

    ● ဒီတစ်ကြိမ်မှာတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) မှ သာသနာတော်သန့်ရှင်းတည်တံ့ရေးအတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စီမံချက်ချမှတ် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အသေးစိတ် ထုတ်ပြန်ချက်မှာ–

    (၁) နိုင်ငံတစ်ဝန်းရှိ သာသနိကအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊

    (၂) ဘုရား၊ စေတီ၊ ပုထိုးများ သန့်ရှင်းတင့်တယ်မှု ရှိစေရေးနှင့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်များကို ဆွမ်းဆက်ကပ်နိုင်ရေး၊

    (၃) ရှေးဟောင်းအဆောက်အအုံစာရင်းဝင် ဘုရားများမှအပ ရွှေသင်္ကန်းကပ်လှူခြင်းမရှိသော ဘုရားများ ကြည်ညိုဖွယ်ဖြစ်စေရန် ထုံးသင်္ကန်း လှူဒါန်းဆက်ကပ်နိုင်ရေး၊

    (၄) ရဟန်းသံဃာများ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်ခြင်းကို တားမြစ်နိုင်ရေး၊

    (၅) ဘုန်းတော်ကြီးကျောင်းများတွင် လူပုဂ္ဂိုလ်များ၊ မိသားစုများ၊ ညဉ့်အိပ်၊ ညဉ့်နေ အမြဲကဲ့သို့ နေထိုင်ခြင်း မပြုစေရေးနှင့် ရဟန်းသံဃာများ မာတုဂါမနှင့် ငြိစွန်းသည့် ဖြစ်စဉ်များ မပေါ်ပေါက်စေရေး။

    ရန်ကုန်လို မြို့ကြီးတွေမှာ ကျောင်းတွေဟာ လူတွေနဲ့ တရုန်းရုန်း ဖြစ်နေတာကို အခုလို “ကျောင်းတွင်း လူနေထိုင်မှု ရှင်းလင်းရေး” ညွှန်ကြားချက်က အတော်လေး ဂယက်ထစေမှာပါ။ တစ်ဖက်မှာလည်း သံဃာတော်တွေ ကား၊ ဆိုင်ကယ်မောင်းတာနဲ့ သွားစရာရှိတဲ့အခါ မောင်းပေးမယ့်သူမရှိတာတွေကြောင့် ဒီထုတ်ပြန်ချက်တွေကို လိုက်နာနိုင်ပါ့မလား။ မာတုဂါမနှင့် ငြိစွန်းသည့် ဖြစ်စဉ်များ မရှိစေရေး၊ သာသနိက အဆောက်အအုံများနှင့် ဘုရားစေတီများ သန့်ရှင်းသပ်ရပ်စေရေး ဆိုတာတွေ ကို ဘယ်လိုမြင်ကြလဲဆိုတာ နီးနီးစပ်စပ် သိရှိထားသူများ ဆွေးနွေးပေးကြပါဦး။

  • မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    ယခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းနေ့အပူချိန်များမြင့်တက်နေရာတွင် မန္တလေးမြို့၌ အပူချိန် ၄၃ ဒီကရီဆဲလ်စီးယပ်အထိမြင့်တက်နေပြီး အပူဒဏ်ကြောင့်သေဆုံးသူများရှိနေကြောင်းသတင်းရရှိသည်။

    ၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။

    မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    “မန္တလေးအရမ်းပူတယ်။ အပြင်မထွက်နိုင်ဘူး။ နေ့လယ်ဘက် ကိစ္စရှိလို့ကားနဲ့ အပြင်ထွက်မယ်ဆိုရင်တောင် ကားထဲဦးထုပ်ဆောင်းထားရတယ်။ အပေါ်က အပူက ကားအမိုးရှိ တာတောင်မခံနိုင်ဘူး။ တအားပူတယ်။ အခုပိုပူလာပြီ မနေနိုင်ဘူး “ ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင် လျှပ်စစ်မီးလုံလောက်စွာမရမှုကြောင့် အပူဒဏ်ခံစားရကာ ကလေးငယ်နှင့် လူကြီးများပိုမိုခံစားရကြောင်း မန္တလေးမြို့ခံ့များထံက သိရသည်။

    ပြီးခဲ့သည့်နှစ်ရက်တွင် လျှပ်စစ်မီးလာချိန် နှစ်နာရီတိုးပေးမည်‌ဆိုသော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပိုပြတ်နေကြောင်း မြို့ခံများကဆိုသည်။

    လက်ရှိနေ့အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့အပါအဝင် အချို့မြို့ကြီးများတွင် အပူရှောင်စခန်းများဖွင့်လှစ်ထားပြီး ပြည်သူ့ဆေးရုံများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်ပြင်ဆင်ထားကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    စစ်အာဏာရှင်ဦးမင်းအောင်လှိုင်မွေးရပ်ဇာတိမြေဖြစ်သော မင်းဘူမြို့တွင် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကျပ် သိန်း ၃၀၀ ကို ၎င်းက လှူဒါန်းကြောင်း ရွေးတုအစိုးရအာဘော် သတင်းစာများတွင်ဖော်ပြထားသည်။

    ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် မိတ်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း နှင့် သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အပူကြောင့်သတိလစ်ခြင်း (Heat Stoke) သည် ခန္ဓာကိုယ်အပူချိန်လွန်ကဲ၍ဖြစ်ရခြင်း အသက်အရွယ်၊ ရောဂါအခံနှင့် အခြားအကြောင်းအရင်းတို့ကြောင့်ဖြစ်ရကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လမှစတင်ကာ မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် နတ်မောက်မြို့တို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ပြီး ကျန်ရှိနေသည့်အပူချိန်မြင့်သောဒေသများ တွင် ထပ်မံဖွင့်လှစ်ကြောင်းသိရသည်။

    မန္တလေးက လူတွေ အထူး ဂရုပြုကြပါ။

    နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင် စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    ဒီဖြစ်ရပ်မှာ အပြစ်တင်ရမှာက မီးဖြတ်တဲ့ လျှပ်စစ်ဌာနပါပဲ။ နွေရာသီကတော့ ပူမှာပါပဲ။

    အပူသက်သာဖို့ လျှပ်စစ်ဓာတ်အားကို ပိုသုံးရတာက ထုံးစံပါပဲ။

    အဲဒီ လျှပ်စစ်ဓာတ်အားတွေကို လုံလောက်အောင် ဖြည့်ဆည်းပေးရမှာက ပြည်သူ့ဆီက အခွန်ကို ယူပြီး ကိုယ့်ကိုကိုယ် အစိုးရလို့ သတ်မှတ်ထားတဲ့ လူတစုပါပဲ။

    ဒီလောက် ပြောလည်း ရှက်ရကောင်းမှန်း မသိလို့ ပြောတဲ့သူတောင် ရှက်လာပါပြီ။

    ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အဲကွန်းခန်းထဲ ၂၄ နာရီနေပြီး အပင်ပန်းခံ လုပ်ပေးနေရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး ဆိုသူတွေ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတာကတော့…

  • နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင်

    နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင်

    “ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့တူ ဆရာဝန်တစ်ဦးပါ Heat Stroke နဲ့ အသက်ဆုံးရှုံးခဲ့ရ…

    အပူဒဏ်ကြောက်စရာကောင်းပုံ”

    လက်ရှိ မန္တလေးရဲ့ အပူချိန်ဟာ 42°C ကနေ 43°C အထိ ရှိနေပြီး အလွန်အမင်း ပြင်းထန်နေပါတယ်။

    ဒီကနေ့မှာတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့တူဖြစ်သူ Dr. ညီညီချစ် တစ်ယောက် အပူဒဏ်ကြောင့်ဖြစ်တဲ့ Heat Stroke နဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ရတယ်ဆိုတဲ့ ဝမ်းနည်းစရာ သတင်းကို ကြားသိရပါတယ်။

    ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးမားတဲ့ သတိပေးခေါင်းလောင်းသံတစ်ခုပါပဲ။

    ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တဲ့အခါ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တာမို့ မိဘပြည်သူများအားလုံး အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

    ရေများများသောက်ပါ: ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို ခဏခဏ သောက်ပေးပါ။

    နေပူထဲထွက်ခြင်းရှောင်ပါ: အထူးသဖြင့် မွန်းတည့် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

    အရိပ်ထဲမှာနေပါ: အပြင်သွားရပါက ထီး၊ ဦးထုပ် ဆောင်းသွားပါ။

    လက္ခဏာများကို စောင့်ကြည့်ပါ: ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူမြန်ခြင်းများ ဖြစ်လာပါက နီးစပ်ရာ ဆေးခန်းသို့ ချက်ချင်းပြသပါ။

    Dr. ညီညီချစ်အတွက်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

    အပူရှိန်ပြင်းတဲ့ ကာလမှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းဝေးကြပါစေ။

  • ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့​နေရာ အနှံမှာ ကျားဖြန့်လုပ်ငန်း​တွေရှိ​နေဟု လုပ်ကိုင်ခဲ့သူအချို့​ပြော

    ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် ​ရွှေလိပ်ပြာဟိုတယ်မှာ အွန်လိုင်းက​နေငွေ​ကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်း​ကို ပေါ်​ပေါ်တင်တင်လုပ်ကိုင်​နေတယ်လို့ သိရှိတဲ့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ ပြောပါတယ်။

    “အဲဒီဟိုတယ်ကို ​ပြောရရင်မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်လယ်ကထိဖွင့်တာ​တွေ့တယ်။ ဒါ​ပေမယ့်တည်းတဲ့သူမရှိဘူး။ ဗိုလ်ချုပ်ကြီးယွက်ဆစ်က​တော့ ခဏခဏလာတယ်။ အခုက​တော့ ကျားဖြန့် လုပ်​နေတာ တစ်ကယ့်စစ်တပ်ကအကြီးပိုင်းက လူ​တွေ​တောင်လာတယ်။ ဟိုတယ်က လုံးဝအလုံပိတ်လုပ်လိုက်တယ်။ ဟိုတယ်ဆိုင်းဘုတ်​တွေ​တောင်ဖြုတ်လိုက်တယ်။ ကျားဖြန့်ကို ပေါ်​ပေါ်တင်တင်လုပ်​နေတာ”လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက​ပြောပါတယ်။

    ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်မှာကျားဖြန့်ဝန်ထမ်း ​အများအပြားရှိပြီး သူတို့သတ်မှတ်ထားတဲ့ ဝန်ထမ်း​နေရာမှာသာ ​​နေရပြီး ဖုန်းသုံးခွင့်ကိုလည်းပိတ်ထားတယ်လို့ လုပ်ကိုင်ခဲ့ဖူးသူတဦးက​လည်းပြောပါတယ်။

    “အလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီမှာ​ အလုပ်​ခေါ်ထားတာ​တွေ့လို့ သွား​လျှောက်တာ။ အင်တာဗျူး​ခေါ်​တော့ လိပ်စာမ​ပေးဘူး။ သူတို့လာ​ခေါ်မယ်​ပြောတယ်။ သူတို့ချိန်းတဲ့ နေရာကိုသွားပြီးမှ သူတို့​ခေါ်တဲ့ ​​နေရာကို လိုက်ရတာ။ ကားအမည်းနဲ့ လာ​ခေါ်တာ။ တရုတ်လူမျိုးက​မေးတာ အင်တာဗျူးကို။ အင်္ဂလိပ်လိုတတ်လား​မေးတယ်။ တတ်ရင် လစာကတမျိုး​ပေါ့။ ကိုယ်ကဘာလုပ်ရမှာလဲ​မေး​တော့ Costumer Service ​ပေါ့။ ဖုန်းပဲ​ပြောရမှာဆိုပြီး​ပြောတယ်။ အဆင်​ပြေရင် ​​​နေစရာ​ပေးမယ်။ ဖုန်းမသုံးရဘူး။ တစ်ပတ် တခါ​အပြင်ပေးထွက်မယ်ဆိုပြီး​ပြောတယ်။ အလုပ်ကရှာမရတော့ ဝင်လုပ်တာ။ အထဲမှာ ဟိုတယ်ဆိုင်းဘုတ်​ထောင်ထားတာ​တွေ့​တော့ ဟိုတယ်ဝန်ထမ်းလုပ်ရမယ်ထင်တာ။ နောက်​တော့ လူ​တွေကိုလိမ်ရတဲ့အလုပ်​ဖြစ်​နေတာ” လို့ ၎င်းက ရှင်းပြပါတယ်။

    ၎င်းအ​နေနဲ့ ခဏတာသာလုပ်ကိုင်ခဲ့ပြီး အလုပ်မထွက်ခင်သတ်မှတ်ထားတဲသတ်မှတ်ချက်(Target) ပြည့်မီ​အောင်လုပ်​​ပေးရပြီး မပြည့်ပါက အလုပ်ထွက်ခွင့်မရှိဘူးလို့ဆိုပါတယ်။

    အဲဒီနေရာဟာ အလွန်​ကြောက်စရာ​ကောင်းပြီး နှိပ်စက်ခံရသူများလည်းရှိ​ကြောင်း၊ နိုင်ငံခြားသားအချို့ကိုလည်း ​အလုပ်လုပ်​​နေတာကိုတွေ့ခဲ့ရတယ်လို့သူကဆက်​ပြောပါတယ်။

    သတ်မှတ်ချက် ပြည့်​အောင်မရှာ​ပေးနိုင်တဲ့သူကို ထမင်းမ​ကျွေးသလို ကြာပွတ်နဲ့ရိုက်တာ​တွေလုပ်တယ်လို့ ၎င်းမြင်​တွေ့ခဲ့ရတာ​တွေကို ​ပြောပြပါတယ်။

    အလားတူ ကျားဖြန့်လုပ်ငန်း​တွေဟာ ရန်ကုန်ရဲ့​​ နေရာ​​တော်​တော်များများမှာရှိပြီး အထူးသဖြင့် အများမထင်ထားတဲ့မြို့လယ်​ခေါင်မှာ လုပ်ကိုင်​​နေကြတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

    ၎င်းတို့ဟာ စစ်တပ်ကို ဆတ်​ကြေး​ပေးပြီး လုပ်ကိုင်​နေတာဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။

    ရွှေလိပ်ပြာဟိုတယ်ကို ဗဟန်းမြို့နယ်နဲ့ပတ္တမြားမြေ မိုးကုတ်မြို့မှာလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

    ​ရွှေလိပ်ပြာဟိုတယ်ဟာဦးယောဆက်ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။ဦးယောဆက်ဟာ ကျောက်လုပ်ငန်းနဲ့ ကြီးပွားချမ်းသာလာပြီး အရင်က မိုးကုတ်မြို့ရဲ့ ချမ်းသာဆုံးစာရင်းဝင်တစ်ဦး ဖြစ်ပါတယ်။ဦးယောဆက်ဟာ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)ရဲ့ ဥက္ကဌ တာဝန်ယူခဲ့ဖူးပါတယ်။

    ၂၀၂၅ စက်တင်ဘာမှာ ဦးယောဆက်ရဲ့ သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူရဲ့ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှုကိုဖွင့်ချခဲ့ပါတယ်။ ဦးယောဆက်ဟာ ဇနီးဖြစ်သူနဲ့ သားသမီးတွေကိုအကြမ်းဖက်ရိုက်နှက်သူဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်နဲ့တကွ ဖွင့်ချခဲ့ပါတယ်။

    (​ရွှေလိပ်ပြာ ဟိုတယ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ရွှေလိပ်ပြာဟိုတယ်​ဖေစ်ဘွခ်)