Author: Baby Yit Lone

  • စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

    စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

    စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ ပြည်သူတွေလုံခြုံရေးသတိနဲ့နေဖို့ တော်လှန်ရေးတပ်တွေသတိပေး စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့​တွေမှာ မဲရုံ​တွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီး​တွေမှာ ပေါက်ကွဲမှုတွေဖြစ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ တမူးမြို့မှာပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားရင် ဒေသခံတွေထွက်မကြည့်ကြဖို့ ကာကွယ်ရေးရဲဘော်တွေကသတိပေးထားပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီနေ့(ဒီဇင်ဘာလ၂၇ရက်) ည ၇နာရီခန့်ကစပြီးပေါက်ကွဲသံ ၄ ကြိမ်ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ထွက်‌ ပေါ်ပြီးတဲ့နောက် စစ်တပ်က ကားတန်းနဲ့ မြို့ကိုပတ်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းပြည်မြို့နယ်မှာဆိုရင်လယ်ဘဲ့ကျေးရွာက မဲရုံ၊ဝက်ထီးကန်ရဲစခန်းနဲ့ ဝက်မြေတောကျေးရွာမဲရုံ အနီးမှာ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” မနက်ဖြန် ရွေးကောက်ပွဲနေ့ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ရွေးကောက်ပွဲကိုဘယ်သူမှလည်းစိတ်မဝင်စားဘူး။စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကိုလာခိုင်းနေတယ်” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး အနီးနဲ့…

  • The Last Mistress

    The Last Mistress

    The Last Mistress (2007) (အသက်မပြည့်သေးသူများ၊ မိသားစုဝင်များနှင့် အတူကြည့်ရှုရန် မသင့်တော်ပါ။) ဒီရုပ်ရှင်ကတော့ ထွက်ရှိပြီးသား နာမည်ကြီးစာအုပ်ကို အခြေခံပြီး ပြန်ရိုက်ကူးထားတဲ့ ပြင်သစ်-အီတလီရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဟီနို ဆိုတဲ့ ရုပ်ချောဥစ္စာမွဲ အထက်တန်းလွှာက မိန်းမလိုက်စားသူတစ်ယောက်… တစ်ရက်တော့ သူတကယ်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမဲ့ သူချစ်ရတဲ့ကောင်မလေးရဲ့ အဘွားဖြစ်သူက သူ့မြေးမလေးကို အပ်လိုက်ရမယ့်လူက ယုံကြည်လို့ရမရ သိချင်တဲ့အတွက် ဟီနိုမှာ ရှိခဲ့ဖူးတဲ့ ဗယ်လီနီဆိုတဲ့ စပိန်သူတစ်ယောက်နဲ့ ၁၀ နှစ်တာ အချစ်ဇာတ်လမ်း ပြီးပြတ်သွားပြီလားဆိုတာကို မေးမြန်းခဲ့ပါတယ်… ဟီနိုတစ်ယောက် လက်ရှိကောင်မလေးကိုသာ တကယ်ချစ်တာပါ… ‌ ဗယ်လီနီနဲ့ ဇာတ်လမ်းက တကယ်ကိုပြီးဆုံးသွားပါပြီလို့ ကျိန်ဆိုပြီး ချစ်ရတဲ့ကောင်မလေးနဲ့အတူ လက်ထပ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာကြမလဲ… တစ်ချိန်က မိန်းမလိုက်စားသူဖြစ်ခဲ့တဲ့ ဟီနိုတစ်ယောက် ဒီကောင်မလေးနဲ့မှ ခြေငြိမ်သွားမလား……

  • The Boat That Rocked

    The Boat That Rocked

    The Boat That Rocked (2009) Rock & Roll ဂီတနဲ့ Comedy ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဂန္ထဝင်ဇာတ်ကား “The Boat That Rocked” ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဗြိတိန်နိုင်ငံမှာ Rock & Roll ဂီတအကြီးအကျယ်ခေတ်စားနေပေမဲ့၊ အစိုးရပိုင် BBC ရေဒီယိုကတော့ တစ်နေ့ကို ၄၅ မိနစ်လောက်ပဲ ပေါ့ပ်သီချင်းတွေကို ထုတ်လွှင့်ခွင့်ပေးထားပါတယ်။ ဒီတော့လူငယ်တွေနားထောင်ချင်တဲ့သီချင်းတွေကို ၂၄ နာရီလုံးဖွင့်ပေးနေတာကတော့ ပင်လယ်ပြင်အလယ်က သင်္ဘောတစ်စီးပေါ်မှာ အခြေစိုက်ထားတဲ့ “Pirate Radio” လို့ခေါ်တဲ့ တရားမဝင် ရေဒီယိုလိုင်းပါပဲ။ ဇာတ်လမ်းအကျဥ်း ကျောင်းထုတ်ခံလိုက်ရတဲ့လူငယ်လေးကာလ်တစ်ယောက်၊ သူ့အမေက သူရဲ့အချိုးတွေကို ပြင်ဖို့ဆိုပြီး ဒီသင်္ဘောပေါ်မှာရှိတဲ့ သူ့ရဲ့ခေါင်းကိုင်ဖခင်ကွမ်တင်ဆီကို ပို့လိုက်ရာကနေ စတင်ပါတယ်။…

  • She’s Making a List

    She’s Making a List

    She’s Making a List (2025) ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်မှာ ကလေးတွေကိုလက်ဆောင်လိုက်ပေးတဲ့ စန်တာခလော့စ်က တကယ်ပဲရှိတာလား။ ရှိခဲ့တယ်ဆိုရင်ရော သူကဘယ်လိုလုပ် လိမ္မာတဲ့ကလေးနဲ့ဆိုးတဲ့ကလေးပြီးခွဲခြားသိမြင်နေရတာလဲ။ ဒါကိုအဖြေရှာချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ခရစ္စမတ်နေ့မှာကလေးတွေကို စန်တာခလော့စ်က လက်ဆောင်လိုက်ပေးတဲ့အခါကြရင် ဘယ်ကလေးကလိမ္မာလဲ ဘယ်ကလေးကဆိုးလဲဆိုတာကိုသိရတဲ့အကြောင်းရင်းကတော့ တစ်နှစ်ပတ်လုံး တစ်ကမ္ဘာလုံးက ကလေးတွေကိုစောင့်ကြည့်နေတဲ့ ကုမ္ပဏီကြီးရှိနေလိုပဲဖြစ်တယ်။ အဲ့ဒီကုမ္ပဏီမှာ လူတွေကပဲဝန်ထမ်းဖြစ်ပြီး သူတိုကအပြင်လူမသိအောင် နှုတ်ပိတ်ပြီး စည်းမျဉ်းအရတစ်နှစ်လုံးအလုပ်လုပ်ရတယ်။ ဘာအလုပ်လဲဆိုတော့ ကလေးတွေဆိုးလား လိမ္မာလားဆိုတာကိုလိုက်စောင့်ကြည့်ရတာပဲ။ အဲ့ဒီမှာအလုပ်လုပ်တဲ့ စုံထောက် ၀၃၆ အစ်ဆဘဲလ်ဟာ တစ်နေ့မှာ ချာလီလိုခေါ်တဲ့ဆိုးသွမ်းတဲ့ကောင်မလေးကို စောင့်ကြည့်ဖို တာဝန်အပေးခံရတယ်။ အစ်ဆဘဲလ်ဟာ ချာလီကိုစောင့်ကြည့်ရင်းကနေ သူ့အမြင်မှာဆိုးသွမ်းတာလည်းမဟုတ်သလို လိမ္မာတာလည်းမဟုတ်ဘူးဆိုတာကို တွေ့မြင်လာတယ်။ လူတိုင်းလူတိုင်းဟာ သူတိုရဲ့ဒုက္ခကိုယ်စီရှိကြပြီး ကလေးလေးတွေကပါ သူတိုဘဝကို ငယ်ငယ်ကတည်းက ဘယ်လိုဖြတ်သန်းနေရလဲဆိုတာကိုစောင့်ကြည့်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့….

  • Single Salma

    Single Salma

    Single Salma (2025) (ကိုယ့်ဘဝ ကိုယ့်အနာဂတ်) ဒီတစ်ခါမှာတော့ မိန်းကလေးတွေရော ယောက်ျားလေးတွေပါ ကြည့်သင့်တဲ့ အချစ်ဟာသကားလေး တစ်ကားအကြောင်း ပြောပြချင်ပါတယ် မင်းသမီး ဟူမာ ကူရက်ရှီအဓိကပါဝင်ထားတဲ့ ဒီကားလေးက လူမှုပတ်ဝန်းကျင်ရဲ့ အိမ်ထောင်ပြုဖို့ ဖိအားပေးမှုတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့ ခရီးစဉ်လေးကို ရိုက်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံ လပ်ခနောင်းမြိုလေးမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ဆာလ်မာဆိုတဲ့ အမျိုးသမီးလေးအကြောင်းပေါ့ ဆာလ်မာဟာ မိသားစုရဲ့ တာဝန်တွေကို တစ်ဦးတည်း ပခုံးထမ်းထားပြီး ညီမလေးတွေကို အိမ်ထောင်ချပေးတာရော အိမ်ရဲ့ အကြွေးတွေကိုရောသူ့ရဲ့ အင်ဂျင်နီယာအလုပ်နဲ့ တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးနေသူပါ ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ သူမရဲ့ အရည်အချင်းတွေကို မကြည့်ဘဲ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုသေးတာကိုပဲ အပြစ်ပြောနေကြတာပါ တစ်နေ့မှာတော့ သူမရဲ့ မိဘတွေက…