Author: Baby Yit Lone

  • ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    Interesting Engineering Great Firewall အင်တာနက်ဆင်ဆာစနစ်ကို တရုတ် အသုံးချပုံများနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်က အချက်အလက်များပေါက်ကြားခဲ့သည်။ စာရွက်စာတမ်းများ၊ အရင်းအမြစ်ကုဒ်များ၊ မှတ်တမ်းများနှင့် ကိုယ်ရေး ကိုယ်တာဆက်သွယ်ပြောဆိုမှုများအပါအဝင် ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ပေါက်ကြားလာသောဖိုင်များတွင် ဆော့ဖ်ဝဲလ်ဖိုင်များနှင့် အင်တာနက်ဆင်ဆာစနစ် Great Firewall ကို တရုတ်က တည်ဆောက်ထိန်းသိမ်းပုံနှင့် လမ်းညွှန်လက်စွဲများစာအုပ်များလည်း ပါ၀င်သည်။ ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံး ဆင်ဆာနည်းပညာများပေါက်ကြားမှုဖြစ်သည်ဟု သုတေသီများက ပြောသည်။ ပေါက်ကြားလာသောဖိုင်များသည် အင်တာနက်ဆင်ဆာစနစ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီနှင့်ဆက်စပ်သော တရုတ်နည်းပညာကုမ္ပဏီ Geedge Networks ထံမှ အချက်အလက်များဖြစ်ပုံရသည်။ ပေါက်ကြားခဲ့သည့်မှတ်တမ်းတွင် အင်တာနက်လမ်းကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စစ်ထုတ်သည့်…

  • ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသား ခုနစ်ဦး ဖမ်းဆီးနှိပ်စက်ခံရကာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရပြီး တစ် ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေမှော်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း (ရွာဟောင်း) မှ အမျိုးသား ခုနစ် ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ပြန်လာခဲ့ကြစဉ် စစ်တပ်နှင့်ပျူ အထိုင်စခန်းနှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။ “လုပ်ငန်းအဆင်မပြေလို့ ပြန်ခဲ့ကြတာပြောတယ်။ လိုင်းပေါ်တွေလည်း အေးဆေးသွားလို့ရတယ်ဆိုတော့ ဒီတိုင်းဖြတ်ခဲ့ကြတာ။ အားလုံး အရပ်သားတွေချည်းပဲဗျ။ ပြီးခဲ့တဲ့ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ ဘူးကုန်းလမ်းခွဲမှာ စပြီး အဖမ်းခံရတာဗျ” ဟု…

  • ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်မှာ လုံခြုံရေးဝန်ထမ်းတယောက် လုပ်ငန်းခွင်မှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ အဲဒီလုံခြုံရေးဝန်ထမ်း အမျိုးသားရဲ့ ဆွဲကြိုးချ သေဆုံးနေတဲ့ အလောင်းကို စည်ပင်ဝန်ထမ်းတချို့က တွေ့ခဲ့တာလို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၃၅ နှစ်နဲ့ ၄၀ ကြား အရွယ်ရှိပြီး သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရုံး အသေးစား အဆောက်အအုံထဲမှာ မီးကြိုးကို လည်ပင်းပတ်ပြီး အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် စစ်ကော်မရှင်လက်အောက်ခံ ရဲကို အကြောင်းကြားခဲ့တာကြောင့် ရဲက တောင်ဥက္ကလာပမှာရှိတဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကို အခင်းဖြစ်တဲ့ နေရာကို လာဖို့ ခေါ်လိုက်တာလို့လည်း သိရပါတယ်။ မြေပြင်မှာ လိုက်ပါကူညီတဲ့သူက…

  • ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စက်လှေ ၂ စီးနဲ့ ကမ်းကူးထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ကာ သေဆုံးသူတွေရှိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ရုပ်သံ၊ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ခမောက်ကြီးမြို့အခြေစိုက် ခလရ ၂၆၂ တပ်ရင်းက ဦးစီးပြီး တပ်ပေါင်းစုအင်အား ၃၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၉ ရက် မနက် ၁၂ နာရီခွဲခန့်မှာ ယုဇန ဆီအုန်းပျိုးခင်းကနေ မီတာ ၁၀၀ ခန့်ဝေးတဲ့ ခမောက်ငယ်ကျေးရွာကို စက်လှေ ၂ စီးနဲ့ ကမ်းကူးလာစဥ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ခဲ့ကာ ရေထဲပြုတ်ကျသေဆုံးခဲ့တဲ့သူတွေလည်း မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က…

  • မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ လောက် စုပေါင်းပြီး စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက အပျော်အပါး သွားတဲ့ လူငယ်တွေ ယာဉ်တော်တဆဖြစ်ကာ တစ်ယောက် သေတယ်လို့ သတင်း ရရှိပါတယ်။ မန္တလေးက ဆိုင်ကယ်စီးအဖွဲ့တွေဖြစ်တဲ့ BRS၊ WRB၊ GRF၊ MMCB နဲ့ MPY ဆိုတဲ့ အဖွဲ့ ငါးဖွဲ့က ရာချီတဲ့ လူငယ်လူရွယ်တွေဟာ စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မန္တလေးကနေ မေမြို့ကို ဆိုင်ကယ်အစီး ၃၀၀ လောက်နဲ့ အပျော်အပါး သွားလာခဲ့တာ ဖြစ်ပြီး…