Author: Baby Yit Lone
-

ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ
ပြည်ပရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုတဲ့ ပြည်သူတွေကို မြောက်ကိုရီးယားက ကွက်မျက်ဟု ကုလ အစီရင်ခံစာ ဖော်ပြ မြောက်ကိုရီးယားအစိုးရဟာ ပြည်ပရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုပြီး မျှဝေတာ ကြောင့် ဖမ်းဆီးမိတဲ့သူတွေအတွက် သေဒဏ်အမိန့် ဖော်ဆောင်တာ ပိုလုပ်လာတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ မြောက်ကိုရီးယား အာဏာရှင်တွေဟာ ပြည် သူတွေကို အဓမ္မ ခိုင်းစေမှုတွေ ပြုလုပ်ကာ လွတ်လပ်ခွင့်တွေကို ကန့်သတ်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့သောဆယ်စုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံသားတွေအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။ “မျက်မှောက်ကမ္ဘာမှာ ဘယ်အခြားပြည်သူတွေကမှ အခုလိုမျိုး ကန့်သတ်ချက်တွေ တင်းကျပ်ခံ ရတာမရှိပါဘူး။ ပြည်သူတွေအပေါ် စောင့်ကြည့်မှုတွေ ပိုမို ပြုလုပ်ခဲ့ပါတယ်” လို့ အစီရင်ခံစာက…
-

ဒုတိယဝန်ကြီးချုပ် ၂ ဦးအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းကာ အစိုးရဖွဲ့ရန် ကြံစည်
စစ်ခေါင်းဆောင် တရားမဝင်ကျင်းပမည့် ရွေးကောက် ပွဲသို့ဝင်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် စစ်ကော်မရှင် အရာရှိကြီးများ ကြိုးပမ်းနေကြကြောင်း သိရသည်။ အဆိုပါ စစ်အရာရှိကြီးများထဲတွင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် စစ်တပ်မှ အငြိမ်း စားယူပြီး ကြံ့ခိုင်ရေးပါတီ(USDP)သို့ဝင်ကာ ရွေးကောက် ပွဲဝင်ပြိုင်မည့် စစ်အရာရှိကြီးများစာရင်း ထွက်ပေါ်လာကြောင်း သိရသည်။ စစ်ကော်မရှင်တပ်မှ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၃) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ဒုတိယဗိုလ်ချုပ်ကြီး…
-

ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေ
ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “မနက် ၁၁ လောက်က ဖြစ်တာ။ ကျွန်မတို့သွားကြည့်တော့ ပရဟိတ ဖွဲ့တွေရောက်နေပြီ။ ချောင်းထဲ စက်လှေတွေတော့ ရောက်နေပြီ။ ရေစီးကတော့ သန်တယ်။ အသက်ရှင်ဖို့ထက် Dead Body တွေ့ဖို့ မနည်းရှာရမယ်ထင်တယ်။ အရင်သူ့အမျိုးသားလည်း အဲ့ဒီနေရာကနေပဲ ခုန်ချသွားတာလို့ ပြောတယ်။ သနားဖို့ကောင်းပါတယ် ” လို့ ဖြစ်စဉ်ကိုသိသူအမျိုးသမီးတဥိီးက…
-

ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်
တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဝန်းကျင်ကို စက်တင်ဘာ ၁၂ ရက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲချိန် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် ထိခိုက်မှုရှိတယ်လို့ KNU- MTD ဘက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၁၁) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်ရဲ့ တိုက်လေယာဉ်က ထိခိုက်မှုရှိပြီးနောက် မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး…
-

အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိန့်တလန့်ဖြစ်နေ
အမေရိကန်စစ်လေယာဉ်နှစ်စင်းသည် မြန်မာလေပိုင်နက်ကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်များ အထိန့်တလန့်ဖြစ်နေကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( စက်တင်ဘာ ၁၂ ရက်) မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်တွင် US Air Force ၏ Lockheed Martin C -130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ ဘုရားသုံးဆူကိုဖြတ်သန်ပြီး ပဲခူးရိုးမအရောက်၌ ပျောက်ကွယ်သွားသဖြင့် စစ်ကော်မရှင်စစ်ခေါင်းဆောင်နှင့် အဆင့်မြင်အရာရှိများ နေပြည်တော်စစ်ရုံး၌ ပြာယာခတ်ကုန်ကြောင်း သိရသည်။ ” နေပြည်တော်တပ်ချုပ်နဲ့ လေကာကဗိုလ်ချုပ်တွေ US ထောက်ပို့ယာဉ်နှစ်စင်း အကြောင်းမကြားဘဲဝင်လာလို့ ပြာယာခတ်ကုန်တယ်။ လေကြောင်းရန်အဖွဲ့တွေကို မသိရမလားဆိုပြီး ကြိမ်းမောင်းတယ် ” ဟု နေပြည်တော်အဆင့်မြင့်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။ စစ်ကော်မရှင်၏ စစ်လက်နက်ထုတ်လုပ်သည့် ဌာနချုပ်များအများဆုံးတည်ရှိရာ ပဲခူးတိုင်းနှင့် မကွေးတိုင်းအနီးနားတွင် ပျောက်သွားသည့်အတွက် တော်လှန်ရေးအဖွဲ့များနှင့်…