Author: Baby Yit Lone
-

ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။ ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။ လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂…
-

နေပြည်တော်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ ငွေရေးကြေးရေး ပြဿနာကြောင့် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးလှိုင်ဟာ စက်တင်ဘာ ၇ ရက် ည ၁၁ နာရီက သူ့ရဲ့နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်သူတယောက်က “သူ့သား မင်္ဂလာဆောင်တုန်းက အကြွေးတွေယူထားတာ ရှိတယ်။ အလုပ်တွေကလည်း အဆင်မပြေတော့ အကြွေးက မဆပ်နိုင်ဘူး။ အခုခေတ်ကလည်း မတ်တိုးတွေနဲ့ ချေးကြတာ။ အတိုးပေါ် အတိုးဆင့်နေကြတာ” လို့ ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ သေဆုံးသူက သူ့နေအိမ်အောက်ထပ် သစ်သားတန်းမှာ ပလတ်စသစ်…
-

ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်က ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထက ရွာမပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသား ၂ ယောက်ဟာ စာသင်ခန်းအတွင်း စနောက် အနိုင်ကျင့်ရာကနေ ရန်ဖြစ်ကြပြီး ကျောင်းဆင်းချိန်မှာ ဓားထိုးမှု ဖြစ်ပွားကာ ကျောင်းသားတယောက် သေဆုံးခဲ့တာလို့ အခြေအနေကို သိရှိသူ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “စာသင်ခန်းမှာ စနောက်ပြီး အနိုင်ကျင့်မှု ဖြစ်ကြတာကနေ ရန်ဖြစ်ကြတာလို့ သိရတယ်။ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ ၇ တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ကြတာကနေ ဓားထိုးမှုဖြစ်ကြတာ။ အသက်သေဆုံးသွားတဲ့ ကျောင်းသားက ခန္ဓာကိုယ်ထွားတော့ အတန်းဖော် သူငယ်ချင်းတွေကို မကြာခဏ စနောက်ပြီးတော့…
-

ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၇ ရပ်ကွက်က ပွင့် ကွမ်းယာနဲ့ ကုန်မျိုးစုံ စတိုးဆိုင်ကို စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ လူငယ် ၃ ယောက်က ဓားပြဝင်တိုက်ခဲ့ပြီး ငွေကျပ် သိန်း ၃၀၀ နီးပါး၊ ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းတွေပါသွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေက ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ နိုင်မင်းထွန်း အပါအဝင် ဘုရားကြီးမြို့နယ်မှာ နေထိုင်တဲ့ ဇင်ကိုနဲ့ လမင်း ဆိုသူတို့ဖြစ်ပြီး နိုင်မင်းထွန်းက ပွင့် ကုန်စုံဆိုင်ရဲ့ အလုပ်သမားဟောင်း ဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတယောက်က ပြောပါတယ်။ “အနုကြမ်းစီးတဲ့သဘောပေါ့လေ။ သူတို့မှာလည်း ဓားတွေပါတယ်။ မိသားစုအကုန်လုံးကို သေချာ ကြိုးတွေနဲ့တုပ် ပါးစပ်တွေပိတ်ပြီး ပစ္စည်းတွေယူသွားတာ။ ဓားပြတိုက်တဲ့သူတွေထဲမှာ…
-

သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း
ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင် ပြည့်မီခြင်းမရှိသော NDF ပါတီ၊ သတ်မှတ် ပါတီရုံးခန်းအရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ NLD…