Author: Baby Yit Lone
-

နေပြည်တော် စစ်အုပ်စုရှိုးပွဲအပြန် လူငယ်တွေ ပေါ်တာဆွဲခံရ
ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ပြည်သူ့ရင်ပြင်မှာ စစ်အုပ်စုက ရှိုးပွဲအကြီးအကျယ်ပြုလုပ်ပြီး ပွဲက ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲခဲ့တာကြောင့် လူငယ် ၃၀ကျော် တရက်တည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ Burma Cafeက ဦးဆောင်ပြုလုပ်ခဲ့တဲ့ နေပြည်တော်ပြည်သူ့ရင်ပြင်က နာမည်ကြီး အနုပညာရှင် ၅၀ ကျော်ပါခဲ့တဲ့ ရှိုးပွဲက အပြန်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲဲ့ဒီရှိုးပွဲကို ဖေဖော်ဝါရီ ၈ ရက် ကနေ ၁၃ ရက်အထိ ပြုလုပ်ခဲ့ပြီး ၁၃ ရက်ညပိုင်းမှာတင် လူငယ် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ “လမ်းတွေအကုန် ပိတ်ဖမ်းတာ။ ခဏဖမ်းထားပြီး ကားရောက်လာတော့ ကား ပေါ်တန်းတင်တယ်။ ပထမဆုံး ရေတော်ရွာရောက်တယ်။ လိုက်တော့ ဆေးအောင်လို့ဆိုပြီး ၁၆ ရက်နေ့ကပဲ…
-

ဗိုလ်နဂါးတပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ရတဲ့အကြောင်းရင်းကို NUG ပြည်ထဲရေးဒုဝန်ကြီးပြော
BNRA ဂိတ်စခန်းတွေကို PDF တွေတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီက ဗုံးကြဲ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဟာ လူထုအပေါ် ဖိနှိပ်တဲ့ကိစ္စနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ထားတယ်လို့ ပြည်သူလူထုကအမှုဖွင့်တိုင်ထားတာ၊NUGလက်အောက်ခံတပ်ဖွဲ့တွေအရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတာတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။ ဒီကနေ့(ဖေဖော်ဝါရီ ၁၇ရက်)မှာNUGရဲ့ PDF တပ်ရင်းတွေက ဗိုလ်နဂါးတပ်ဖွဲ့ရဲ့စခန်းအချို့ကို စီးနင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဒုဝန်ကြီးဦးကျော်နီထံဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းဖြေကြားတာဖြစ်ပါတယ်။ “ဗိုလ်နဂါးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ အောက်ခြေကနေ ပြီးတော့ တိုင်ထားတွေရှိတယ်။ တိုင်ထားတယ်ဆိုတဲ့အခါမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ပြည်သူလူထုဖိနှိပ်ခံရတဲ့ကိစ္စတွေ၊ ရာဇဝတ်မှုတွေ ဒါတွေကို တိုင်တာတွေရှိတယ်။ နောက်တစ်ခုကကျတော့ NUG ယန္တရားထဲက လူတွေကိုယ်တိုင် ကျူးလွန်ခံရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ကျူးလွန်ခံရတဲ့ မှုခင်းတွေနဲ့ပတ်သက်ပြီးတိုင်တာတွေလည်းရှိတယ်။ရှေ့ပိုင်းကတော့လည်း ကျွန်တော်တို့ တချို့ကိစ္စတွေ ပြန်တောင်းဆိုပြီးလုပ်ခိုင်းရတာရှိတယ်။…
-

စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ
စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ ယနေ့နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ စမူပရာကန် မြို့နယ်၊ ဖရက်ဆာလမ်းရှိ ဆောက်လုပ်ရေးအလုပ်သမားစခန်းတစ်ခုအတွင်း လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဖြစ်သည်။ ကျူးလွန်သူသူမှာ အသက် ၂၅ နှစ်အရွယ် ဝေလင်းစိုးဆိုသူ ဖြစ်ကာ ၎င်းတို့နှစ်ဦးသည် အလုပ်သမား အဆောင်တစ်ခုတည်းတွင် အတူနေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။ သတင်းရင်းမြစ်များအရ သေဆုံးသူသည် မကြာခဏ အရက်မူးပြီး ညအချိန်ပိုင်းတွင် ဆူညံနှောင့်ယှက်လေ့ရှိကြောင်း၊ ဖြစ်ရပ်နေ့ညတွင်လည်း အရက်မူးနေစဉ် ဆူညံသံများကြောင့် အခြားနေထိုင်သူများ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခြေအနေကြောင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တရားခံလူငယ်က ဓာတ်ဆီလောင်းကာ မီးရှို့ပြီး သံတုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု…
-

နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်
နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်… မိနစ်ပိုင်းအတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်” (၂၆) မိနစ်အတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်ခတ် ယနေ့ (၁၇.၂.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် မိနစ် (၃၀) မပြည့်မီအချိန်အတွင်း၌ အောက်ပါအတိုင်း ငလျင် (၃) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါသည်။ ပထမအကြိမ် – မနက် (၀၅:၂၀) နာရီ ကျင်းဒွေးမြို့၏ အရှေ့ဘက် (၁၄) မိုင်အကွာ မြေအောက်အနက် (၄၉) မိုင် ပမာဏ (၄.၀) အဆင့် ဒုတိယအကြိမ် – မနက် (၀၅:၃၉) နာရီ မင်းတပ်မြို့၏ အရှေ့ဘက် (၈) မိုင်အကွာ မြေအောက်အနက် (၆.၂) မိုင် ပမာဏ (၃.၈)…
-

အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို
ရုရှားဘလော့ဂါ ယွက်ဇ်ဆီစလပ်ဗ်ထရာဟော့ဗ် ဆိုသူသည် ဂါနာနိုင်ငံအတွင်း ဝင်ရောက်လာပြီး အမျိုးသမီးများစွာနှင့် လိင်မှုကိစ္စများကို မျက်မှန်ရှိ လျှို့ဝှက်ကင်မရာမှ ရိုက်ကူးကာ ဗီဒီယိုများကို တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များပေါ် ကာယကံရှင်များ မသိဘဲ တင်ရောင်းခဲ့မှုကြောင့် ရုရှားအစိုးရဘက်မှ ဖမ်းဆီးပြီး ပို့ပေးရန် ဂါနာအစိုးရက တောင်းဆိုလိုက်သည်။ အသက် ၃၀ ဝန်းကျင်ရှိ ထရာဟော့ဗ်အကြောင်း သတင်းများ ဂါနာနှင့် ရုရှားမီဒီယာများတွင်ပါ ပါဝင်လာပြီး ၎င်းသည် လမ်းများပေါ်တွင် အမျိုးသမီးများကို လိုက်လံမိတ်ဆက်ကာ ဟန်ဆောင် အကွက်ဆင်၍ စတင်ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ထိုသို့ ချဉ်းကပ်ပုံများကို ၎င်းက မျက်မှန်ကင်မရာဖြင့် မှတ်တမ်းတင်ပြီး တချို့ အပိုင်းတိုများအား TikTok တွင်လည်းတင်ကာ တယ်လီဂရမ်အုပ်စုများတွင် အခကြေးငွေယူ၍ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ ရောင်းစားနေခြင်း ဖြစ်သည်။ ဂါနာတွင်…