Author: Baby Yit Lone
-

စစ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးဖို့ ဒေသခံတွေပြင်ဆင်
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ တပ်စွဲထားခဲ့ဖူးတဲ့ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ခုရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ရွာခံတွေက ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒီအရိုးစုတွေကို တွေ့ရှိထားတာ စစ်ကော်မရှင်တပ်တွေ ဆုတ်ခွာသွားကတည်းကဖြစ်ပေမယ့် ယနေ့ အချိန်ထိ ဆယ်ယူတာတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာနယ်မြေခံ တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် လာရောက်ဖယ်ရှားပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။ “ရေတွင်းထဲမှာက ထောင်းဆုံ အကြီးမျိုးပေါ့၊ ရေတွင်းဝမှာ ပိတ်ထားတာတွေ့တယ်ပေါ့နော်။ အဲ့ဒါပြန်ဆယ်ထုတ်တဲ့အချိန်မှာ ဝါးနဲ့ထိုးကြည့်တဲ့အခါ ပုဆိုးတွေ ဘောင်းဘီတွေထွက်လာတယ် ပြီးတော့ အရိုးတွေထွက်လာတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ အဝတ်အစားနဲ့ အရိုးစုတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ လူဘယ်နဦးဖြစ်လဲ ဆိုတာတော့…
-

ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး
ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး…
-

တက္ကသိုလ်ကျောင်းသားများအတွက် အခြေခံနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်
မြန်မာနိုင်ငံတဝန်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေကို အခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ အတွက် အခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းတွေကို ဖွင့်လှစ်နေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် အခြေခံစစ်ပညာနဲ့ တန်းမြင့် စစ်ပညာသင်တန်းတွေကို နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ကမာရွတ်၊ ပုသိမ်၊ အမရပူရနဲ့ တောင်ငူမြို့တို့မှာ ဖွင့်လှစ်နေတာဖြစ်ပါတယ်။ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် စစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနဲ့ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းဆိုပြီး ဖွင့်လှစ်နေတာပါ။ ဒါ့အပြင် သင်တန်းတွေကို သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ချိန်ဆိုပြီး သင်တန်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး နိုင်ငံတဝန်း စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ဆောင်နေသလို တက္ကသိုလ်စာသင်ကျောင်းတွေမှာလည်း နှစ်စဥ် စစ်ပညာတွေကို သင်တန်းပို့ချပေးနေတာလည်း ဖြစ်ပါတယ်။
-

ဇော်ဘုန်းဟိန်းကို အီလက်ထရောဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်
စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ဖြစ်လာ မန္တလေးအိုးဘိုထောင်သို့ ပြန်ပို့မည်ဟုဆိုကာ ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ် အကြမ်းဖက်စစ်တပ်၏ စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ဖြစ်လာကြောင်း ကိုဇော်ဘုန်းဟိန်းကို ထောက်ခံသော မဘသအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးက စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း…
-

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က ရဲတပ်သားတစ်ဦ1း၏ မိခင်ကို မုဒိမ်းကျင့်
နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊ မြ၀တီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့သည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်သားများက မုဒိမ်းပြုကျင့်ခဲ့သော အမျိုးသမီး ၂ ဦးအနက်…