Author: Baby Yit Lone
-
တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်းကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူသည် နယ်ထိန်းရဲများကို စခန်းကုန်ကျစရိတ်ဟုဆိုကာ ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကို နည်းမျိုးစုံဖြင့် ဖိအားပေး ရှာခိုင်းနေပြီး ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ၎င်းရှာဖွေခိုင်းသော ငွေကျပ် သိန်း ၃၀၀ မပြည့်ပါက နယ်ထိန်းရဲများကို ရိုက်နှက်ပြီး အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ယင်းသို့လုပ်ဆောင်မှုများကို အထက်သို့ တိုင်ကြားသော်လည်း…
-

လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်း
“လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်းပြောပြမယ်” သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ ခေါ်တဲ့ပုံစံက online Game , customer Service, online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ် လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ် အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက WhatsApp app သုံးပြီး လိမ်ရတာပါနော် နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ် ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ် ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း…
-

မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ
မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ်…
-

အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်
နေပြည်တော်မှာရှိတဲ့ ကြံ့ဖွတ်ပါတီရဲ့ ဌာနချုပ်ကို ပါတီအလုပ်တွေ လုပ်ဖို့ ကြီးကျယ်ခမ်းနားစွာ ဖွင့်ထားတာလို့ တချို့က ထင်ကောင်းထင်ကြမယ်။ တကယ်တော့ ကြံ့ဖွတ်ပါတီရဲ့ ရုံးဝန်း အကျယ်ကြီးထဲမှာ လူနေဆောင်တွေ အမြောက်အမြား ဆောက်လုပ်ထားတယ်။ ကြံံဖွတ်က ပါတီကြီးတစ်ခု ဆိုတော့ စာရေးမတွေ အများအပြား ခန့်တယ်၊ လိုလို မလိုလို ခန့်တယ်။ ဘာလို့ခန့်လဲ ဆိုတော့ စာရေးမတွေကို ကြံ့ဖွတ်ပါတီ ရုံးချုပ်ထဲမှာပဲ နေစရာ အဆောင်ပေးချင်လို့။ ပြီးရင် ဘူးလက်လှဆွေလို တနှာရူးကောင်တွေက အဆောင်နေ စာရေးမတွေကို အာဏာ ငွေကြေး အကုန်သုံးပြီး ဝိုက်တီးဆွဲတော့တာပဲ။ ကြံ့ဖွတ်ပါတီ ဌာနချုပ်အတွင်းမှာရှိတဲ့ စာရေးမတွေ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးလို့ ဖျက်ချရတဲ့ ဖြစ်စဉ်တွေအကြောင်း ၂၀၂၃ လောက်က စစ်ကဲကြီး ချန်နယ်ကနေ သက်သေ အခိုင်အမာနဲ့ ဖော်ကောင်လုပ်ဘူးတယ်။…
-

ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်
ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ပြီး ညောင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စုတည်ရွာ နှင့် ရွာသစ်တောင်ရွာအကြား ဘူတာရုံဟောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…