Author: Baby Yit Lone

  • “ခြစ်” ရင်း “ချစ်”

    “ခြစ်” ရင်း “ချစ်”

    အိမ်ထောင်မပြုရသေးသော အမျိုးသား အမျိုးသမီးများ အသက်အရွယ် နှစ်ဆယ်ကျော် အစိတ်ထဲသို့ ဝင်လာကြပြီဆိုလျှင် လူပျိုကြီးအပျိုကြီးဆိုသော ဘွဲ့ကိုရလာကြသည်။ မိသားစုအသိုင်းအဝိုင်း၊ သူငယ်ချင်းအသိုင်းအဝိုင်း၊ အိမ်နီးချင်းအသိုင်းအဝိုင်းများကြားတွင် ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အပျိုကြီး လူပျိုကြီးဖြစ်ရတာကို အပြစ်ကြီးတစ်ခုသဖွယ် စောင်းပါးရိပ်ခြေအပြောခံရသည်သာမက နောက်ပြောင်သရော်ခြင်းကိုပါ ခံကြရတော့သည်။ လူပျိုကြီး အပျိုကြီးတွေဆိုတာကလည်း ဘယ်သူမှ လူပျိုကြီး အပျိုကြီးဘဝကို ခုံမင်နှစ်သက်လွန်းလို့ ဒီဘဝကို ခံယူထားကြတာမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျခြင်းအဖြစ်ကို မရောက်ကြဘဲ လူပျိုကြီး အပျိုကြီးဘဝကို ရောက်ရှိလာကြခြင်းဖြစ်ပေသည်။ ထိုသို့သော အပျိုကြီး လူပျိုကြီးများသည်လည်း အပျိုကြီးလူပျိုကြီးဟူသော ဂုဏ်သတ္တိအပြည့်ဖြင့် ဒီအသက်အရွယ်ရောက်သည်အထိ အပျိုစစ်စစ်၊ လူပျိုစစ်စစ်တွေရော ဟုတ်ကြပါရဲ့လား…။ အားလုံးတော့ မဟုတ်နိုင်ကြပါ။ ကိုးဆယ့်ကိုးရာခိုင်နှုန်းကတော့ အဖြစ်ဟောင်း၊ အချစ်ကြောင်းလေးတွေဖြင့် လူမသိသူမသိ နောက်ကွယ်မှအကြောင်းလေးတွေ ရှိခဲ့ကြပါသည်။ ဒီလို အဖြစ်ဟောင်း၊ အချစ်ကြောင်းလေးတွေနဲ့ မြောက်များလှစွာသော…

  • ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား

    ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား

    ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတာကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား အဖြစ်က ဒီလို 😳👇 အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမဲ့ မာန်မာနမရှိဘဲ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဖေးမကူညီတတ်တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံရဲ့ အကြောင်းကို လူကြမ်းမင်းသားကြီး ဦးဘဂျမ်း က အခုလိုလေး ပြန်လည်ပြောပြလာပါတယ်။ “ဦးဘဂျမ်း လုံဝ မမေ့တဲ့ ဖြစ်ရပ်လေးရှိတယ် ဦးဘဂျမ်းနဲ့ ဦးဘဂျမ်းရဲ့ အမျိုးသမီး လမ်းဘေးဆိုင်လေးမှာ ငုတ်တုတ်လေးထိုင်ပီး ဦးဘဂျမ်းရဲ့လက်ထဲမှာ ပိုက်ဆံ 200 တန်လေး ကိုင်ထားတယ်။ အဲ့မှာ ဦးဘဂျမ်း​ရေလို့ ခေါ်သံကြားလိုက်တယ် ကားထဲကနေ မှန်လေး ချလိုက်တော့ ပြေတီဦး ဖြစ်နေတယ်.. ဘာလုပ်နေတာလဲတဲ့ လှမ်းမေးတယ် ဘာလုပ်နေတာလဲလို့ လှမ်းမေးတဲ့ အချိန်မှာ အရမ်း ဝမ်းနည်းသွားတယ်။ ဦးဘဂျမ်း ဘဝကို…

  • ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှု တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများပါ ကြောက်လန့်ထွက်ပြေး ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဖန်သောင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများ ကြောက်ရွံ့စွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်အလုပ်သမားများကို ကူညီပေးနေသူများက ပြောကြားသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ချွန်ဘူရီခရိုင်အတွင်း ထိုင်းရဲများ ဝင်ရောက် စစ်ဆေးစဉ်တွင် အလုပ်သမားအချို့သည် ရဲအရာရှိများကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ “မျိုးချစ်အဖွဲ့တွေက ဘာမှ မဆိုင်တဲ့ လူတွေကို ထိုးကြိတ်သွားတာတွေ ဝင်ဖမ်းနေတာတွေ ရှိတာမို့ အထောက်အထားရှိသူတွေပါ စိတ်မလုံခြုံမှုတွေ ကြောက်လန့်မှုတွေ ဖြစ်နေရတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောကြားသည်။ ထိုင်းရဲအရာရှိများ…

  • ဒီလိုနေ့လေးမှာ ဒီလိုမင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်

    ဒီလိုနေ့လေးမှာ ဒီလိုမင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်

    ကံတရားကြီးက ရက်စက်လွန်းပါတယ်။ ဒီနေ့ဖိတ်စာကမ်းတယ် ဒီနေ့ပဲဆုံးသွားပြီတဲ့လား ညီမလေးရယ်😔။ ဒီနေ့ မင်္ဂလာအဝင်နေ့လေ ကလေးရယ်။ ညီမလေးရဲ့ဝတ်စုံလေးက သိပ်လှတာပဲကွယ်။ ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးတွေမကြုံပါစေနဲ့🥺။ ဒီဘဝဒီမျှနဲ့တင် ဝဋ်ကြွေးတွေ ကျေပါစေကလေးရယ်😔😔။ လိမ်မာတဲ့ကလေးမို့ အေးချမ်းတဲ့အရပ်ကိုရောက်ရှိပါစေ။ ကောင်လေးကတော့ သတို့သမီးမပါပေမယ့် မင်္ဂလာပွဲကို ဝမ်းနည်းခြင်းတွေနဲ့ဆက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကောင်မလေးကတော့ မဂ်လာပွဲအကြိုနေမှာပဲ ရုတ်တရက် နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ အပျော်တွေနဲ့ စိတ်ကူးအိမ်မက်တွေ အကောင်ထည်ဖော်တော့မယ့်အချိန်မှာပဲ သေကွဲကွဲသွားခဲ့ရလို့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ နောင်ဘဝ‌ဆိုတာရှိခဲ့ရင် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ။ သတို့သမီးမဲ့ မင်္ဂလာပွဲ … ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်တာဗျာ။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ဘူတာကျေးရွာက ယနေ့ကျင်းပသောမင်္ဂလာပွဲမှာ သတို့သမီးဖြစ်သူဟာ လွန်ခဲ့သော ရက်အနည်းငယ်က နှလုံးရောဂါကြောင့် အမောဖောက်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ သတို့သမီးမရှိတော့တဲ့ ဒီမင်္ဂလာပွဲမှာ သတို့သမီး ဝတ်စုံလေးကို ဘေးမှာထားပြီး ထိမ်းမြားလက်ထပ်ခဲ့တဲ့ သတို့သားကို…

  • ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး လမ်းမ ဟောင်း အား စစ်အုပ်စု မှ အသုံးပြု၍ မရလောက်သည့် အနေအထား သို့ ရောက်ရှိလာနေ၍ မရမက ထိုးဖေါက် နိုင်ရန် အကျအဆုံး များစွာ နှင့် ကြိုးပမ်းလာနေ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။ ပဲခူးတိုင်း အရှေ့ဖက် ခြမ်း ပဲနွယ်ကုန်း မှ လေးမိုင် ကွာ မအူပင် အနီးရှိ ကေအင်ယူ နှင့် ပြည်သူ့ကာကွယ်‌ ရေး တပ်များ ပူးတွဲ ထိန်းချုပ်ထား‌ သော စခန်းအား တနင်္လာနေ့ နံနက်ပိုင်း တွင် စစ်အုပ်စု တပ်များက စတင် တိုက်ခိုက်လာခဲ့သည်။ တော်လှန်ရေး တပ်များသည် စစ်အုပ်စု၏ အလိမ်အညာ ရွေးကောက်ပွဲ လုပ်၍ မရ…