Author: Baby Yit Lone
-

ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူပိုင်နေအိမ် ရာပေါင်းများစွာကို ယနေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေးလာကြောင်း နေအိမ် အဖျက်ခံရမည့် ပြည်သူများက ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဩဂုတ်လ ၃ ရက်နေ့ ပဲခူးသို့ လာရောက်ခဲ့ပြီး ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအခြေအနေကို လာရောက် လေ့လာခဲ့ကြောင်း၊ ဟံသာဝတီမြို့တော်ဟောင်းနေရာကို ပြန် လည် ဖော်ထုတ်ရန်၊ ဟံသာဝတီမြို့ဟောင်း၊…
-

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း
ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ကို အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ နည်းပညာတွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်နိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၅ခုနဲ့ ဖွဲ့စည်းခဲ့တဲ့ အညာမြေတပ်ပေါင်းစု Drone Team ဟာ လက်ရှိမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ အညာမြေတပ်ပေါင်းစု Drone ဖွဲ့စည်းရတာနဲ့ပတ်သက်လို့ တပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ပထမဆုံးအချက်ကတော့ အခုချိန်က နည်းပညာကို အားပြုလာတဲ့ စစ်ပွဲအသွင်ဆောင်လာပါတယ်။ ဒီတော့ နည်းပညာတွေကို ကျနော်တို့ရဲဘော်တွေက ကောင်းကောင်းအသုံးချပြီး တော်လှန်ရေးကို…
-

MSRF တပ်ဖွဲ့၏ ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သော်လည်း လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေဆဲဟုဆို
မွန်ပြည်တော်လှန်ရေးတပ်(MSRF) တပ်ဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် သုံးနှစ်ပြည့် စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၆၉) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃၆၉ ဦးအထိသေဆုံးခဲ့ပြီ ဖြစ်ကြောင်း MSRF ထံမှ သိရသည်။ MSRF သည် ယခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၁ ပွဲအထိဖော်ဆောင်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၂၉ ဦးသေဆုံးကာ ၁၀၁ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခြင်းများရှိကြောင်းလည်း သိရသည်။ “အခုနှစ်ကပြောရရင် အရင်နှစ်တွေနဲ့ တော်တော်လေးကွာခြားသွားတယ်ပေါ့နော်။ စစ်ကောင်စီဘက် ကနေ လူငယ်ကိုလူငယ်အချင်းချင်းသတ်တဲ့ စစ်မှုထမ်းဥပဒေကနေပြီးတော့ အင်အားကိုထပ်ဖြည့် လာနိုင်တယ်။ ၂၀၂၅ မှာနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ကို လိမ်ညာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ သူတို့အားသွန်ခွန်စိုက်ပြင်ဆင်နေတာမျိုးရှိတယ်ပေါ့နော်။ ဒီအတွက်ကြောင့်စစ်ရေးအရမှာလည်း ပြင်းထန်လာတာမျိုးရှိတယ်။ ကျွန်မတို့ကြံ့ကြံ့ခံပြီးတော့ ဆက်လက်ပြီးတော့…
-
ဧရာဝတီမှနေ၍ ဂွအထိတက်သိမ်းမည်ဟု ကြွေးကြော်ကာ စစ်ကြောင်းထိုးနေသည့် ဒုတပ်ရင်းမှူးကိုယ့်မိုင်းကိုယ် ပြန်နင်းမိပြီးသေဆုံး
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကော်မရှင်က ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ဒုတပ်ရင်မှူး သေဆုံးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးအပတ်တွင် ခလရ ၃၆ ကျုံပျော်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်လေးဦးတို့ မိုင်းနင်းမိပြီး ဒုတပ်ရင်းမှူး သေဆုံးကာ ကျန်တပ်ဖွဲ့ဝင် လေဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ “ဒုတပ်ရင်းမှူးလုပ်သူက ခြေဖနောင့်ကနေ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်ပြောတယ်။ ဂွအထိတက်မှာလို့ ကြုံးဝါးထားတယ်လို့သိထားရတယ်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ သဲဖြူကျေးရွာနှင့် ကျားခေါင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူးသက်နိုင်ထွန်းမှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို အချိန်မီကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုတပ်ရင်းမှူးကို…
-
တနိုင်းတွင် ပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသားကို သေဆုံးလျက်ပြန်တွေ့
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မှာ ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသားကို သေဆုံးလျက် ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က သူငယ်ချင်းတွေ နဲ့အတူ ဘောလုံးကန်ဖို့ ထွက်သွားခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကို စက်တင်ဘာ ၂ ရက် မနက်က တနိုင်းမြို့ တနိုင်းချောင်း၊ တံတားအနီး စက်လှေတွေရဲ့အောက်မှာ သေဆုံးနေတာကို တွေ့ရှိတာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့ ကူညီပေးသူ တယောက်က “ဒဏ်ရာ လုံးဝမတွေ့ရှိဘဲ သေဆုံးနေတဲ့ အလောင်းကိုတွေ့ရှိတာ။ ဒီနေ့ မနက်ပိုင်းကတွေ့တာပါ။ တာဝန်ရှိသူတွေဘက်တော့ ရေနစ် သေဆုံးတာလို့ ကနဦး ကောက်ချက်ချထားတယ်။ သားပျောက်လို့ မိဘတွေက သက်ဆိုင်ရာမှာ လူပျောက် ကြေညာခဲ့သေးတယ်” လို့ ပြောပါတယ်။…