Author: Baby Yit Lone

  • အင်္ဂပူတွင် AA နှင့် PDF လာမည်ကို စိုး၍ စစ်ကော်မရှင်တပ် စခန်းချနေရာများတွင် ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်

    အင်္ဂပူတွင် AA နှင့် PDF လာမည်ကို စိုး၍ စစ်ကော်မရှင်တပ် စခန်းချနေရာများတွင် ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်

    ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အတွင်း အရက္ခတပ်တော် AA၊ PDF ပူးပေါင်းတပ်တို့ ဝင်လာမည် စိုးရိမ်၍ စစ်ကော်မရှင်က ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

    ထူးကြီးမြို့အတွင်းရှိ စစ်ကော်မရှင်တပ်အထိုင်ချ စခန်းချရာနေရာတွင် စစ်တပ်ထောက်ခံသူများမှ ဦးဆောင်ကာ သံဃာတော်များပင့်‌ဆောင်ပြီး ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။

    “ပုံမှန်က သင်္ကြန်ကျမှရွတ်ဖတ်ကြတာ၊ ခုက အစောကြီးထရွတ်တယ်။ သူတို့ စိုးရိမ်နေကြတာ၊ ပီးတော့ ညနေစောင်းဘက်ဆိုရင် ရပ်ကွက် ငါးခုရှိ လမ်းတွေတိုင်းမှာ ရွတ်ဖတ်ကြတယ်။ တပ်ထောက်ခံသူတွေ ဦးဆောင်ပီးလုပ်တာ”ဟု ထူးကြီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

    လက်ရှိ ထူးကြီးမြို့ ခန်းမအတွင်းရှိ စစ်ကော်မရှင်တပ်များက စစ်တပ်ထောက်ခံသူများနှင့် ညဦးပိုင်းများတွင် ကင်းပတ်ပြီး မသင်္ကာသည့် ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးလေ့ရှိသည်ဟု ဒေသခံများကပြောသည်။

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်း၊ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ) ၃၄၄ အနီး စစ်ကော်မရှင်နှင့် AA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွါးနေသည်။

  • ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

    အခုလ နောက်ဆုံးပတ်က ငွေထုတ်ယူမှုတွေမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေက ဆေးအနံ့တောင်ထွက်နေသေးတယ်လို့ ဆိုပါတယ်။

    “ငွေကအသစ်တွေပဲ။ဆေးအနံ့တွေတောင် မပျောက်သေးဘူး။လိုသလောက်တော့ ထုတ်မရသေးဘူး။တခါထုတ်သိန်း ၁၅၀ လောက်တော့ ရတယ်။ဒါလည်းဘဏ်ထဲရှိတဲ့ ငွေပမာဏပေါ်မူ တည်ပြီး ထုတ်ပေးတာ။ထုတ်ရတဲ့ အကြောင်းအရင်းကိုပါဖြည့်ရသေးတယ်”လို့ ကမ္ဘောဇ ဘဏ်ကနေငွေထုတ်ယူခဲ့သူတဦးကပြောပါတယ်။

    479707 378505298877777 2044091270 N

    ဒါ​ကြောင့်စစ်​ကောင်စီက ​ငွေစက္ကူအသစ်​တွေထပ်မံရိုက်နှက်ပြီးအခုရက်ပိုင်းမှာဖြန့်​ဝေလာတာဖြစ်ပြီး အများအပြားရိုက်နှက်ထုတ်​ဝေရင်​ငွေဖောင်းပွမှု အန္တရာယ်ပိုကြီးနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။​

    ဒါ့အပြင်ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးစျေး ကွက်ထဲမှာ အတု၊အစစ် ထင်မှားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

    “Taxi သမားကိုထုတ်ပေးတာမယူဘူး။ ဘာဖြစ်လို့လဲ AYA ကအခုပဲထုတ်လာတာဆိုပြီး။ အုပ်လိုက်ပြမှယူတယ် “လို့ ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။

    ဘဏ္ဍာနှစ်တစ်နှစ်အတွင်း နိုင်ငံရဲ့ဘက်ဂျက်လိုငွေ ပေါ်မူတည်ပြီး ငွေစက္ကူအသစ်ထုတ်တာဒါမှမဟုတ် ငွေစက္ကူအဟောင်းကို သိမ်းပြီး ငွေစက္ကူအသစ်နဲ့အစားထိုးလေ့ရှိတယ်လို့ အစိုးရဝန်ထမ်းဟောင်းတစ်ဦးက အသိပေးပါတယ်။

    486389663 1019170290310577 3216136058018289808 N

    မြန်မာနိုင်ငံရဲ့၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ကလာမယ့်မတ်လမှာ ကုန်ဆုံးမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

    “နှစ်တိုင်း ငွေစက္ကူအသစ်တွေ ထုတ်နေကြပါပဲ။ နည်းတာနဲ့များတာပဲကွာတယ်။စီမံ/ဘဏ္ဍာဝန် ကြီးဌာနက အတိအလင်းမထုတ်ပြန်တော့တာပဲရှိမယ်”လို့ သူကဆက်ပြောပါတယ်။

    အခုလဆန်းမှာ ဘဏ်တွေကနေ ငွေကြေးစီးဆင်းမှုကို စစ်တပ်လက်​အောက်ခံဗဟိုဘဏ်ကထိန်းချုပ်တာနဲ့ ငွေစက္ကူအသစ်တွေ ထွက်လာတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

    “ငွေစက္ကူအသစ်တွေဝင်လာဖို့အတွက်ဘဏ်တွေကနေ ငွေထုတ်တာကိုကြိုထိန်းလိုက်တာလို့မြင်တယ်။လိုသလောက်ထုတ်နေတဲ့ သူတို့(စစ်တပ်)လည်း မသိပဲမနေဘူး။ ဒီပုံစံအတိုင်းဆိုဆင့်ကဲ ဖြစ်လာမှာတွေရှိတယ်။ဘဏ်တွေကို မယုံတော့ဘဲ ငွေသားလက်ဝယ် ကိုင်တာ။ရွှေနဲ့ နိုင်ငံ ခြားငွေ ကို ဝယ်စုတာတွေဆက်ဖြစ်နိုင်တယ်”လို့သူကသုံးသပ်ပါတယ်။

    Mm News.xyz 2026 02 27 121053 1

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅ မှာ မြန်မာ့ငွေ ကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

    စစ်တပ်က အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကျပ်ဘီလျံပေါင်း ၃၀,၀၀၀ နီးပါးရိုက်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၄ ခုနှစ်က ပြောထားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ နဲ့ ၂၀၂၀ မှာ ကျပ်ဘီလျံပေါင်း ၃,၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။

    Mm News.xyz 2026 02 27 121334

    စစ်တပ်က ဘက်ဂျက်လို​ငွေကို ​ငွေစက္ကူအလွယ်ရိုက်ထုတ်တဲ့နည်းလမ်းနဲ့သာ ​အဓိက​ဖြေရှင်း​လေ့ရှိတာ​ကြောင့် ​ငွေ​ဖောင်းပွမှုဟာပိုဆိုးလာ​နေတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ခန့်အတွင်းမှာ ကျပ်​ငွေတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့တယ်လို့ သြစ​တြေးလျနိုင်ငံသား စီးပွား​ရေးပညာရှင် ​ရှောင်တာနားက​ပြောထားပါတယ် ။

    “ပြီးခဲ့တဲ့လက တဆယ်သားခုနှစ်ထောင် ရှိတဲ့ ဆိတ်သား တစ်ဆယ်သားကျပ်တစ်သောင်းစျေး ဖြစ်သွားပြီ။ကြက်သားစျေးကလည်း ၇၀၀၀ စျေးဖြစ်လာပြီ။အသားငါးစျေးတန်းကို မကပ်နိုင်တော့ဘူး”လို့ ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

    ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လိုအားမြင့်တက်လာပြီးကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အတွက် ငွေ ကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာလို့ သိရပါတယ်။

    (၂၀၂၆ ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာ ပုဂ္ဂလိကဘဏ်ကထုတ်လာတဲ ​တစ်သာင်းတန်ငွေစက္ကူအသစ်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ )

  • မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။

    မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။​

    သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။

    ဥပမာ-

    သန့်ရှင်းနိုင်ငံ။

    လူတစ်စုဟာ အရင်က မွဲတယ်။

    ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။

    “သူဟာ ဒီငွေကို ဘယ်က ရသလဲ”

    အပြင်းအထန် လိုက်ကြပါတယ်။

    – လာဘ်ပေးလာဘ်ယူလား?

    – အခွန်ရှောင်လား?

    – မူးယစ်ဆေးလား?

    – လိမ်လည်တာလား?

    – ခိုးလာတာလား?စသည်။

    ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။

    ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ?

    ငွေမည်းကလည်း ငွေပါပဲ။

    ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့ မရဘူးလား?

    ဥပမာ-

    မူးယစ်ဆေးလုပ်ငန်းကနေ လူတစ်ဦးက သိန်းပေါင်း (၅) သိန်းလောက် ဝင်ထားတယ်ဆိုပါစို့။

    ခင်ဗျားနဲ့ ခင်ဗျားပတ်ဝန်းကျင်က “ငွေမည်းလည်း ငွေပါပဲ”လို့ ခွင့်လွှတ် နားလည်ပေးတတ်တယ်။​

    ဆိုတဲ့အခါ ငွေမည်းသမားက ခင်ဗျားပတ်ဝန်းကျင်မှာ အိမ်, ခြံ, မြေတွေ လိုက်ဝယ်မယ်။

    ခင်ဗျားက ပေ (၄၀-၆၀) ကို သိန်း (၆,၀၀၀) လောက်ပဲ တတ်နိုင်မယ်။

    ငွေမည်းသမားက သိန်း (၇,၀၀၀) ပေးပြီး ဝယ်သွားမယ်။

    ခင်ဗျားက သိန်း (၃၀,၀၀၀) တတ်နိုင်တယ်။

    ငွေမည်းသမားက သိန်း (၃၅,၀၀၀) ပေးမယ်။

    ခင်ဗျားက ဖြူဖြူစင်စင် အလုပ်လုပ်တယ်။

    ဟိုလူက ငွေမည်းရှာတယ်။

    ဒါပေမယ့် ခင်ဗျားက မျှတသင့်တင့်တယ်လို့ ယူဆတဲ့ ဈေးနှုန်းထက် ပိုပေးပြီး ဝယ်သွားတယ်။

    အဖိုးတန်မြေတွေကို သူက ပိုင်သွားတယ်။ ခင်ဗျားက ဈေးကို မီအောင် မနည်းကြိုးစားရတယ်။

    ငွေဖြူလုပ်ငန်းမှာ မနည်းမနော ရုန်းကန်ရပြန်တယ်။

    ခင်ဗျား မျှတတယ်လို့ ခံစားရသလား?

    မျှတတယ်လို့ ခံစားရရင် ခင်ဗျား မှားနေပြီ။​

    သေချာပေါက် ခင်ဗျားဟာ ဖြူဖြူစင်စင် အလုပ်လုပ်ရကျိုး မနပ်တော့ဘူး။

    ဒါနဲ့တောင်မှ သန့်ရှင်းနိုင်ငံတွေရဲ့ ငွေမည်းလိုက်တဲ့ လုပ်ငန်းစဉ်ကို အပြစ်မြင်နေသေးတယ်။

    “သူ့ကုသိုလ်နဲ့သူ ချမ်းသာတာ၊ သုံးပါစေလား”

    ဝန်ထမ်းတစ်ဦးဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို အလွဲသုံးစား လုပ်တယ်။

    ကျိကျိတက် ချမ်းသာလာတယ်။

    ငွေမည်းပဲ။

    “ငွေမည်းပဲဖြစ်ဖြစ်, သုံးပါစေတော့လား၊ သူ့ကုသိုလ်နဲ့သူ လုပ်ပိုင်ခွင့် ရနေတာ၊ သနားပါတယ်”

    သူက သူ့ဇနီးကို မျိုးရိုးစဉ်ဆက် ချမ်းသာတယ်လို့ ပြောမယ်။

    ခင်ဗျားပတ်ဝန်းကျင်မှာ ဆိုင်တွေ, ကုမ္ပဏီတွေ, စီးပွါးရေးလုပ်ငန်းတွေ ထောင်မယ်။

    ခင်ဗျားရဲ့ လုပ်ငန်းက သိန်း (၃,၅၀၀) တန်တယ်လို့ ဆိုပါစို့။​

    ခင်ဗျားလုပ်ငန်းရှိတဲ့ လမ်းထဲမှာ မျက်နှာချင်းဆိုင်ပြီး လုပ်ငန်းပြိုင် ဖွင့်မယ်။

    ခင်ဗျားလုပ်ငန်းကို နောက်မှ လာပြီး ယှဉ်ပြိုင်တာ။

    အပြိုင်အဆိုင် ကြိုးစားကြမယ်။

    ခင်ဗျားက ငွေမည်းကို ပြိုင်ဆိုင်ဖို့ ငွေဖြူ သိန်း (၂၀၀၀) ထပ်လိုက်မယ်။

    ဒါပေမယ့် ငွေမည်းဘက်က သိန်း (၈,၀၀၀) လည်း လိုက်နိုင်တယ်။ (၂၀,၀၀၀) လည်း လိုက်နိုင်တယ်။

    နောက်ပိုင်း ခင်ဗျား ငွေဖြူနဲ့ မ,တည်ထားတဲ့ လုပ်ငန်း ပြုတ်သွားမယ်။

    ငွေမည်းသမားက နိုင်ငံခြားမှာ သွားပြီး ဆေးကုတယ်။

    ခင်ဗျားက ဆေးကုဖို့ ဘာပေါင်ရမယ် မသိလောက်အောင် အကြပ်အတည်း ရိုက်နေပြီ။

    မျှတတယ်လို့ ခင်ဗျား ထင်လား?

    ထင်ရင် ခင်ဗျားဦးနှောက်မှာ အနည်းဆုံး (၁) ခန်း လွတ်နေပြီ။

    လူတစ်စုဟာ လိမ်လည်တဲ့ လုပ်ငန်းကို အကြီးအကျယ် လုပ်ကြတယ်။

    ကျိကျိတက် ငွေဝင်တယ်။​ ထားစရာ မရှိလောက်အောင် ဝင်ကြတယ်။​

    ငွေမည်းပဲ။

    နယ်ဘက်မှာ မြေတွေ လိုက်စုမယ်။

    အရင်က နယ်ဘက်မှာ မြေတစ်ကွက်ကို ဆယ်ကြီးဂဏန်းလောက်နဲ့ ရနိုင်လိမ့်မယ်။

    အခုကျတော့ ရာကြီးဂဏန်း ဖြစ်သွားတယ်။

    ငွေဖြူသမားတွေ မလိုက်နိုင်တဲ့နောက် နယ်ဘက် မြေတွေ အတော်များများကို လိမ်လည်လုပ်ငန်းရှင်တွေက ပိုင်သွားမယ်။

    မျှတတယ်လို့ ခင်ဗျား ထင်သလား?

    အကယ်၍ ငွေမည်းသမားတွေက လူမျိုးခြားတွေ ဖြစ်နေပါပြီဆိုရင်,

    ပြီးတော့ နိုင်ငံမြေ တဝက်လောက်ကိုလည်း လူမျိုးခြားတွေက ပိုင်သွားပါပြီဆိုရင်

    ခင်ဗျားတို့ ငွေဖြူသမားတွေက ဘာမှားနေလို့လဲ?​

    ငွေမည်းတွေဟာ

    ငွေဖြူလောကကြီးရဲ့ ထမင်းအိုးအသီးသီးကို အနှောင့်အယှက် ပေးနိုင်တယ်။

    ခင်ဗျား မွဲနေတာဟာ ငွေမည်းတွေကြောင့်လည်း ပါတယ်လို့ ပြောရင် မမှားဘူး။

    သန့်ရှင်းနိုင်ငံတွေမှာ လူဖြစ်ရတာက မတန်ဘူး,

    ဗုဒ္ဓဘာသာနိုင်ငံမှာ လူဖြစ်ရတာကပဲ ကောင်းတယ်လို့ ပြောကြတဲ့ နိုင်ငံတစ်ခုမှာ စက်ဆုတ်စရာ ကောင်းတာ တစ်ခုရှိတယ်။

    အဲဒီနိုင်ငံမှာ ငွေမည်းနဲ့ ကုသိုလ်ပြုရင်တောင်

    “အကုသိုလ်က သပ်သပ်၊ ကုသိုလ်က သပ်သပ်လေ”

    “သွားမရောနဲ့”

    “သူအကုသိုလ်လုပ်တုန်းကလည်း အကုသိုလ်ရခဲ့တာပဲ၊ ကုသိုလ်လုပ်တော့လည်း သာဓုခေါ်ရမှာပဲ”

    ဒီသဘောတရား ဒီအတွေးအခေါ်။

    ဘာလို့ စက်ဆုတ်စရာ ကောင်းတာလဲ?​

    ခင်ဗျား ဉာဏ်မီရဲ့လား?​

    စော်ကားရာ ရောက်သွားရင်လည်း တောင်းပန်ပါတယ်။

    မေးကြည့်တာပါ။

    ငွေဖြူသမားတွေဟာ လေးစားစရာပါ။

    ဘဝကို ဖြူဖြူစင်စင် ဖြတ်သန်းဖို့ ကြိုးစားကြရှာပါတယ်။

    ဘုရားရှင် ဟောမိန့်တဲ့ သမ္မာအာဇီဝကို ကြိုးကြိုးပမ်းပမ်း ကျင့်သုံးကြတာ။

    ခင်ဗျားက သမ္မာအာဇီဝကို ကျင့်သုံးရင်း ဆန်အိုးက ပိုပိုပြီး ဂျောက်ဂျောက်သံ မြည်လာပါတယ်ဆိုရင် ငွေမည်းသမားတွေကို မပြိုင်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။

    ခေတ်ပျက်ကြီးမှာ ခင်ဗျားကတော့ ပင်ပန်းဆင်းရဲလို့။

    ရုန်းကန်ရလို့။

    ငွေမည်းသမားတွေက တောက်တောက်ပြောင်ပြောင် စားစားသောက်သောက်။

    သူတို့ကြောင့်ပဲ ခင်ဗျားတို့က မွဲသွားခဲ့တာ။

    ခင်ဗျားတို့ပတ်ဝန်းကျင် လူတွေကပဲ သူတို့ကို ချမ်းသာအောင် လုပ်ကျွေးခဲ့ကြတာ။

    ပြီးတော့ ခင်ဗျားက ဘယ်သူ့ကိုမှလည်း အပြစ်တင်ခွင့် မရှိဘူး။

    “ငါ့အတိတ်ကံကိုက ညံ့တာ”

    “အတိတ်မှာ ဒါန နည်းခဲ့တာ”

    ခင်ဗျားမတတ်နိုင်တဲ့ ပမာဏမျိုးနဲ့ ငွေမည်းသုံးပြီး ကုသိုလ်ပြုရင်တောင် ခင်ဗျားက သာဓုခေါ်လိုက်ရသေးတယ်။​

    နောက်ဆုံးမှာ ခင်ဗျားကိုးကွယ်တဲ့ ဆရာတော်ကြီးကတောင်မှ ခင်ဗျားကို အရေးမလုပ်တော့ဘဲ ငွေမည်းကုသိုလ်ရှင်တွေကိုပဲ ပြုံးပြတော့တယ်။

    ခင်ဗျားက ဘာမှားလို့လဲ?

    သန့်ရှင်းနိုင်ငံတွေမှာကျတော့ ငွေမည်းတွေကို အမဲလိုက်ပါတယ်။

    ဖမ်းဆီးပြီး အရေးယူတယ်။ ပိုင်ဆိုင်မှုတွေကို သိမ်းတယ်။

    သူတို့ရဲ့ စီးပွါးရေးလောကကြီးထဲမှာ ငွေဖြူသမားတွေကိုပဲ ရှင်သန်ခွင့်, ကြီးပွါးခွင့် ပေးပါတယ်။

    သူတို့နိုင်ငံရဲ့ ငွေဖြူလုပ်ငန်းတွေဟာ ပြေလည်ကြတယ်။ ဖူလုံကြတယ်ဆိုရင်-

    သူတို့ဟာ နိုင်ငံအလိုက် အတိတ်ကံကောင်းကြတာ မဟုတ်ပါ။

    “လူတွေ မညံ့ကြတာ”

    လူတွေက မညံ့ကြလို့ပါ။

    ဒါ့ကြောင့် ငွေဖြူလူမွဲတွေကို အမြဲပြောနေရမှာက

    “အတိတ်ကံကောင်းဖို့ထက် လူတော်ဖို့က ပိုပြီး အရေးကြီးတယ်”

    “ပတ်ဝန်းကျင်ကောင်းကို အတိတ်ကံက ဆောက်မပေးနိုင်ရင်တောင် လူတော်တွေက တည်ဆောက်ယူနိုင်စွမ်း ရှိရမယ်”

    “အဲဒီလိုဖြစ်ဖို့ အခြေခံအချက်က မညံ့ကြဖို့ပဲ”

    “ကံညံ့ရုံနဲ့ လူပါ လိုက်ပြီး ညံ့မပစ်ကြဖို့ပဲ”

    “ကံကောင်းဖို့ကိုပဲ လုပ်ပြီး လူတော်အောင် မလုပ်ချင်တာမျိုးကို ရှောင်ကြဖို့ပဲ”

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။

  • အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    ကိုယ်တိုင်ဗိုက်နဲ့လွယ်မွေးထားတဲ့ သမီးအရင်းတွေရဲ့ စွန့်ပစ်မှုကိုသာမက ဆဲဆို စော်ကား ခံခဲ့ရတဲ့ အသက် (၇၀) ကျော် အဘွားအိုရဲ့ အဖြစ်ကသနားစရာပါ

    အဘွားဟာ ရန်ကုန်မှာရှိတဲ့ သမီးအကြီးဆီမှာ အားကိုးတကြီး သွားနေခဲ့ပေမဲ့ သမီးကြီးက တာဝန်မယူနိုင်ဘူးဆိုကာ တွံတေးမှာရှိတဲ့ သမီးငယ်ဆီကို ပို့ဆောင်ခဲ့ပါတယ်။

    သမီးငယ်ဆီရောက်တဲ့အခါမှာတော့ အဘွားရဲ့ဘဝဟာ ငရဲခန်းလို ဖြစ်သွားခဲ့ပါတယ်။

    သမီးငယ်ဟာ မိခင်ကို အိမ်ဖော်တစ်ယောက်လို အိမ်အလုပ်တွေ ခိုင်းစေရုံတင်မကဘဲ အစ်မဖြစ်သူဆီကနေ “အမေ နေမကောင်းဘူး” လို့ လိမ်လည်ကာ ပိုက်ဆံတွေ တောင်းယူပြီး ကိုယ်တိုင်သုံးစွဲခဲ့ပါတယ်။

    ပိုပြီး စက်ဆုပ်စရာကောင်းတာက သမီးငယ်ဟာ မိခင်အရင်းကို သူမရဲ့ခင်ပွန်း (အဘွားရဲ့သမက်) နဲ့ပါ စွပ်စွဲပြောဆိုပြီး အတင်းပေးစားတဲ့အထိ ယုတ်ညံ့တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာပါ။

    ဒီလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အဆုံး အဘွားဟာ အိမ်ကနေ ထွက်ပြေးခဲ့ရပါတယ်။

    အားကိုးရာ သမီးကြီးဆီ ပြန်သွားဖို့ ကြိုးစားပေမဲ့ သမီးကြီးကလည်း တာဝန်မယူချင်တာကြောင့် ရွှေလီဘက်ကို ထွက်ပြေးသွားခဲ့တာမို့ အဘွားခမျာ လမ်းဘေးမှာ ဒုက္ခရောက်ခဲ့ရပါတယ်။

    ကံကောင်းစွာနဲ့ပဲ လှိုင်သာယာက ပရဟိတအဖွဲ့တစ်ခုက အဘွားကို တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ ဘိုးဘွားရိပ်သာကို ပို့ဆောင်ပေးခဲ့ပါတယ်။

    ဘယ်လိုပဲ စီးပွားရေး ကျပ်တည်းပါစေ၊ ကိုယ့်ကို နို့ချိုတိုက်ကျွေး မွေးမြူခဲ့တဲ့ မိခင်ကိုမှ အခုလို စော်ကားရက်တဲ့ သမီးတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို တုန်လှုပ်စရာပါပဲ။

    ပရိသတ်ကြီးတို့ရော… မိခင်အရင်းကို အစေခံလိုခိုင်းပြီး လူမဆန်စွာ စော်ကားခဲ့တဲ့ ဒီသမီးငယ်ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုမျိုး မြင်မိကြသလဲရှင်…?

  • အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    ❝ အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ ❞

    ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်ပြည် ချုံကင်းက ရွာသူအမျိုးသမီးတစ်ယောက်ဟာ တရုတ်နှစ်ကူးအိမ်မှာချက်စားဖို့ ဝက်ပေါ်ဖို့လုပ်သတဲ့ …

    ဖြစ်ချင်တော့ အဲ့ဒီ အသက် ၂၃ နှစ်ရှိ Daidai ဆိုတဲ့ အမျိုးသမီးရဲ့အဖေက အသက်ကြီးနေပြီမို့ ဝက်နှစ်ကောင်ကို မပေါ်နိုင်ဘူးဖြစ်နေတယ်။

    အဲ့မှာ Daidai က TikTok လို တရုတ်ဆိုရှယ်မီဒီယာ Douyin ပေါ်တက်ပြီး “စမီးကိုချစ်ရင် ဝက်ပေါ်ဖို့ ကူနိုင်မလားရှင့်” ဆိုပြီးတင်လိုက်တာ … ဘသားချော အယောက် ၁၀၀၀ ကျော်ဟာ ချုံကင်းက Daidai တို့ရွာကို “မောင်ကြီးပေါ်ပေးမယ်” လုပ်ဖို့ ထွက်လာပါလေရောတဲ့။

    🚙🚗🛻 ရွာသေးသေးလေးကို ယောက်ျားသား အယောက် ၁၀၀၀ ကျော်လောက်က ကားအသီးသီးနဲ့ ရောက်ချလာလိုက်တာ လမ်းတွေပိတ်ကုန်တဲ့အထိ ဖြစ်သွားပါလေရော။

    ကားတန်းကြီးက ချောင်းသာကို သင်္ကြန်ဆင်းတဲ့ ကားတန်းကြီးလို ဖြစ်နေတာပေါ့။

    လမ်းမှာ ဘယ်သွားမလို့လဲလို့ မေးလိုက်ရင် … သူလိုကိုယ်လို Daidai အတွက် ဝက်ပေါ်ပေးဖို့ သွားတဲ့သူတွေချည်း ဖြစ်နေတာပေါ့ …

    🐷🐷 ပေါ်ဖို့လိုတာက ဝက်နှစ်ကောင်တည်းကို သတ်ဖို့ဖြတ်ဖို့ တက်လာလိုက်တာ အယောက် ၁၀၀၀ လောက်ဖြစ်နေတော့ Daidai တို့ရွာက အာဏာပိုင်တွေလည်း ခေါင်းခြောက်ကုန်တာပေါ့။

    အဲ့ဒါနဲ့ ဝက်အကောင်ရေများများထပ်မှာပြီး ရောက်လာတဲ့ ယွကျားအယောက် ၁၀၀၀ ကျော်အတွက် ရွာမှာ ဝက်ပေါ်ပွဲကျင်းပပေးသတဲ့။

    အဲ့ဒီမှာ အွန်လိုင်းရဲ့အသုံးကျပုံကို သိသွားတဲ့ ရွာသူ Daidai ဟာ ရွာကပွဲတော်ကြီးဖြစ်နေတဲ့ အခြေအနေကို အွန်လိုင်းကနေ Live Stream လွှင့်လိုက်တာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ရှိတဲ့ (ယွမ်ငွေ ၆ သန်း) ကျော်ကို ရသွားပါလေရော။

    Daidai က ၃ ရက်အတွင်း ယွမ်ငွေ ၆ သန်းအမြတ်ထွက်သွားတယ်ကြားတော့ အွန်လိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒါတရုတ်အယူအရ ဝက်ဟာ ဆူဖြိုးလို့ ကံကောင်းလို့ လပ်ကီးကောင်းလို့ဆိုပြီး Daidai တို့လယ်ကွက်က မြေကို အဆောင်အဖြစ်လာယူကြပါလေရော …

    အကွက်မြင်တဲ့ Daidai က အလကားမပေးပဲ အမေပေးတဲ့ လယ်တစ်ကွက်ကို မြေကြီးတစ်ဂရမ်ကို ၁၈ ယွမ်နှုန်းနဲ့ အပြားရိုက်ပြီး အွန်လိုင်းကရောင်းလိုက်တာ နောက်ထပ်ယွမ်သိန်းနဲ့ချီပြီးထောသွားတယ်လို့ဆိုပါတယ်။

    တကယ်တမ်းပြောရရင် #ဝက်ချေးပနဲဖြစ်နေတဲ့ မြေကြီးကို အယူသည်းပြီး ကံကောင်းတယ်ဆိုကာ အပြားလိုက်ရော အထုပ်လိုက်ပါ တကူးတက ပြေးဝယ်ကြတာ မြင်တော့ … ဟယ် … စီလုပ်တွေ ဉာဏ်နည်းရန်ကောလို့ မီဒီယာတွေက ရေးကြပါတယ်။

    ဒါပေမဲ့ အမောင်တို့ ချာရာဏသီပြည်ကြီးမှာ ဘုရားပေါ်တဲ့ရွံ့ရေက ရောဂါပျောက်တယ်ဆိုပြီး ပုံးကြီးပုံးငယ်နဲ့ … ပြေးဝယ်နေကြတဲ့ ရွာသားတွေကို မြင်တော့ ဘာပြောရမှန်းကို မသိတော့ပါ …

    ရွံ့ရေက နောက်ကျိနေပြီး ဓာတ်မြေဩဇာဓာတ်ကြွင်းတွေ၊ ကျောက်ကပ်ထိမယ့် ပေါင်းသတ်ဆေးလက်ကျန်တွေ၊ ဘက်တီရီးယားမျိုးစုံတွေ၊ ပိုးသတ်ဆေးမျိုးစုံတွေနဲ့ မမြင်ရတဲ့ရောဂါပိုးတွေစုံနေတဲ့ ရွံ့ရေကိုသောက်ဖို့ အပြိုင်အဆိုင်သွားဝယ်နေကြတဲ့ ရွာသားတွေကို မြင်တော့ …

    ဒီလူတွေကို ကယ်ဖို့ ဘဝအပျက်ခံပြီး ကြိုးစားနေတဲ့လူတွေကိုပဲ သနားမိပါတော့တယ် …

    ဒီမိုးဒီရေ … ဒီလူတွေနဲ့တော့ … ပြောသမျှအကုန်ယုံ … ရောဂါပျောက်မယ်ဆိုအကုန်လုပ် … Brain wash လုပ်လို့လွယ်လိုက်ပုံနဲ့ … ရွှေပြည်တော် မျှော်လေဝေးလေပါပဲ …

    ✍️ Richard Myo Thant