Author: Baby Yit Lone

  • Rental Family

    Rental Family

    Rental Family (2025)

    ဒါရိုက်တာ – Hikari (Netflix ရဲ့ နာမည်ကြီး “Beef” စီးရီးကို ပူးတွဲရိုက်ကူးခဲ့သူ) ရဲ့လက်ရာဖြစ်ပြီး Dave Franco, Hiroto Kanai, Takayuki Yamada တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။

    ဒီဇာတ်ကားကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားပြီး အံ့ဩစရာကောင်းတဲ့ “Rental Family” (မိသားစု ငှားရမ်းခြင်း) ဆိုတဲ့ ယဉ်ကျေးမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Comedy Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    တိုကျိုမြို့မှာ နေထိုင်နေတဲ့ အမေရိကန် သရုပ်ဆောင်တစ်ဦး (Dave Franco) ဟာ အလုပ်အကိုင် အဆင်မပြေဖြစ်ပြီး ဘဝပျက်လုနီးပါး ဖြစ်နေပါတယ်။

    သူဟာ မျှော်လင့်ချက် ကုန်ဆုံးနေချိန်မှာပဲ ဂျပန်က ထူးဆန်းတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိသွားပါတယ်။

    အဲဒီကုမ္ပဏီကတော့ လူတွေကို “ငှား” ပေးတဲ့ ကုမ္ပဏီပါ။ တစ်ခါတလေ ဖခင်အဖြစ် ဟန်ဆောင်ပေးရမယ်၊ တစ်ခါတလေ ရည်းစားအဖြစ်၊ တစ်ခါတလေ သူငယ်ချင်းအဖြစ် စသဖြင့် လိုအပ်တဲ့ နေရာမှာ ဝင်ရောက် သရုပ်ဆောင်ပေးရတာပါ။

    သူဟာ ဒီအလုပ်ကို ဝင်လုပ်ရင်းနဲ့ ဂျပန်လူမျိုးတွေရဲ့ အထီးကျန်ဆန်မှု၊ လူမှုရေး ပြဿနာတွေကို မြင်တွေ့လာရသလို၊ ဟန်ဆောင်မှုတွေကြားကနေ စစ်မှန်တဲ့ မေတ္တာတရားနဲ့ မိသားစု အဓိပ္ပာယ်ကိုပါ ရှာဖွေတွေ့ရှိသွားပုံကို ရိုက်ကူးထားပါတယ်။

    ဇာတ်လမ်းဆန်းဆန်း: ဂျပန်မှာ တကယ်ရှိတဲ့ “လူငှား” တဲ့ ဝန်ဆောင်မှုကို အနောက်တိုင်းသားတစ်ယောက်ရဲ့ အမြင်နဲ့ ပေါင်းစပ်ထားတာမို့ တော်တော်လေး ဆန်းသစ်ပါတယ်။

    Dave Franco ရဲ့ ဟာသ သရုပ်ဆောင်ချက်တွေက ရယ်မောရစေသလို၊ လူတစ်ယောက်ချင်းစီရဲ့ နောက်ကွယ်က ဝမ်းနည်းစရာ ဇာတ်ကြောင်းတွေကလည်း မျက်ရည်ဝဲစရာ ကောင်းပါတယ်။

    ယဉ်ကျေးမှု ပေါင်းစပ်မှု: အမေရိကန် ယဉ်ကျေးမှုနဲ့ ဂျပန်ရိုးရာ ယဉ်ကျေးမှုကြားက ကွာခြားချက်တွေကို သဘာဝကျကျ ရိုက်ပြထားတာပါပဲ။

    Lost in Translation လိုမျိုး နိုင်ငံခြားရောက်နေသူတစ်ယောက်ရဲ့ ခံစားချက်ကို ရိုက်ပြထားတဲ့ ကားမျိုး၊ ဒါမှမဟုတ် လူ့ဆက်ဆံရေးကို အလေးပေးထားတဲ့ Drama ကားကောင်းကောင်း ကြိုက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

  • Nikita Roy

    Nikita Roy

    Nikita Roy (2025)

    အမှောင်ထုထဲကအမှန်တရား

    ဒီတစ်ခါဇာတ်လမ်း‌ကတော့ သိပ္ပံနည်းကျ ယုတ္တိဗေဒကိုပဲ ယုံကြည်ပြီး အယူသီးမှုတွေ အလိမ်အညာ ဝိညာဉ်ရေးရာ လုပ်ငန်းတွေကို ဖော်ထုတ်လေ့ရှိတဲ့ စာရေးဆရာမ နီခီတာ ရွိုင်း အကြောင်းပဲ ဖြစ်ပါတယ်။

    သူမရဲ့ အစ်ကိုဖြစ်သူ ဆာနာရွိုင်း ဟာ လန်ဒန်မြို့မှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။

    ရဲတွေက ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလို့ သတ်မှတ်ခဲ့ပေမဲ့ နီခီတာ ကတော့ ဒါဟာ လူသတ်မှုလို့ အခိုင်အမာ ယုံကြည်နေသူပါ။

    သူမရဲ့ အစ်ကိုဟာ မသေဆုံးခင်မှာ အာမာဒေ့ဗ် ဆိုသူ ဦးဆောင်တဲ့ ဝိညာဉ်ရေးရာ ဂိုဏ်းတစ်ခုရဲ့ အမှောင်ဖုံးနေတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့တာကို သူမသိလိုက်ရပါတယ်။

    အစ်ကိုဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားရင်းနဲ့ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

    နီခီတာ တစ်ယောက် သူမရဲ့ ယုတ္တိဗေဒဆိုင်ရာ ယုံကြည်ချက်တွေနဲ့ ဒီအမှောင်ထုကြားမှာ ဘယ်လိုဆက်လက် ရင်ဆိုင်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

  • The Last One for the Road

    The Last One for the Road

    The Last One for the Road (2025)

    ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ် Cannes Film Festival နဲ့ Toronto International Film Festival တို့မှာ ပြသခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ အီတလီ Comedy Drama ဇာတ်ကားသစ် ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း အီတလီနိုင်ငံ၊ Veneto ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Carlobianchi နဲ့ Doriano တို့ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ “ဒါနောက်ဆုံးခွက်” ဆိုပြီး အရက်သောက်လိုက်၊ လမ်းသရဲပုံစံ ပေါ့ပေါ့နေလိုက်နဲ့ အချိန်ကုန်နေသူတွေပါ။

    တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ Giulio လို့ခေါ်တဲ့ ရှက်တတ်ကြောက်တတ်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ ဗိသုကာကျောင်းသားလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ မျိုးဆက်နှစ်ခုက လူသုံးယောက်ဟာ ရည်ရွယ်ချက်မရှိတဲ့ ခရီးရှည်တစ်ခုကို အတူတူ ထွက်လာကြပါတော့တယ်။ လမ်းခရီးတစ်လျှောက်မှာ အရက်ဝိုင်းဖွဲ့ရင်း သူတို့ရဲ့ ဘဝအကြောင်းတွေ၊ အတိတ်က အမှားတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဖလှယ်ကြရင်း သံယောဇဉ် တွယ်သွားကြပုံကို ရိုက်ကူးထားပါတယ်။

    သုံးသပ်ချက်

    ဒီကားက ဟာသကားလို့ ဆိုပေမယ့် ရယ်ရရုံသက်သက် မဟုတ်ဘဲ လွမ်းမောဖွယ်ကောင်းတဲ့ (Bittersweet) ခံစားမှုကို ပေးပါတယ်။ ဥရောပရုပ်ရှင်တွေရဲ့ အေးစက်စက်နဲ့ လှပတဲ့ ရှုခင်းတွေ၊ ဇာတ်ကောင်တွေရဲ့ သဘာဝကျတဲ့ စကားပြောခန်းတွေကို ခံစားရမှာပါ။

    ဇာတ်လမ်းထက် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို အဓိကထား ရိုက်ကူးထားတဲ့ “Hangout Movie” အမျိုးအစားပါ။ မျိုးဆက်ဟောင်း လူကြီးတွေရဲ့ စိတ်ပျက်အားငယ်မှုနဲ့ လူငယ်လေးရဲ့ စူးစမ်းချင်စိတ်တို့ကို နှိုင်းယှဉ်ပြထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

    The Hand of God မင်းသား Filippo Scotti နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ တွဲဖက်ညီမှုကို မြင်တွေ့ရမှာပါ။

  • Dust Bunny

    Dust Bunny

    Dust Bunny (2025)

    Hannibal စီးရီးနဲ့ နာမည်ကြီးတဲ့ ဖန်တီးရှင် Bryan Fuller ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Fantasy Horror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    ၈ နှစ်သမီးလေး Aurora ရဲ့ မိသားစုဟာ သူမရဲ့ ကုတင်အောက်မှာရှိတဲ့ ဖုန်မှုန့်တွေကနေ ဖြစ်ပေါ်လာတဲ့ “Dust Bunny” လို့ခေါ်တဲ့ မိစ္ဆာကောင်ကြီးရဲ့ စားသောက်ခြင်းကို ခံလိုက်ရပါတယ်။

    ဒီအဖြစ်ဆိုးကြီးကို ဘယ်သူကမှ မယုံကြပေမယ့် Aurora ကတော့ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    ဒါကြောင့် သူမဟာ အိမ်နီးချင်းဖြစ်သူ အေးစက်စက် လူtက်သမား တစ်ဦး (Mads Mikkelsen) ကို ငွေပေးပြီး သူမရဲ့ မိသားစုကို သတ်သွားတဲ့ မိစ္ဆာကောင်ကို သတ်ပေးဖို့ အကူအညီတောင်းပါတော့တယ်။

    အစပိုင်းမှာ လူသတ်သမားက ဒါကို ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တကယ်ပဲ ထူးဆန်းတဲ့ အရာတွေ ရှိနေမှန်း သိလာရတဲ့အခါ…

    ဒီကားဟာ သာမန် သရဲကား၊ ဘီလူးကားတွေနဲ့ မတူဘဲ ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူကြီးတွေရဲ့ လောကကို ပေါင်းစပ်ထားတာပါ။

    “Leon: The Professional” ဇာတ်ကားထဲကလို လူသတ်သမားနဲ့ ကလေးမလေးတို့ရဲ့ သံယောဇဉ်ကို တွေ့ရမှာဖြစ်သလို၊ ထူးခြားဆန်းပြားတဲ့ ဘီလူးကောင် ဒီဇိုင်းတွေနဲ့ သည်းထိတ်ရင်ဖိုစရာ အက်ရှင်ခန်းတွေကိုပါ ခံစားရမှာပါ။

    Dark Fairy Tale (အမှောင်ဘက်ခြမ်း နတ်သမီးပုံပြင်) ပုံစံမျိုး ကြိုက်နှစ်သက်သူတွေ၊ Mads Mikkelsen ရဲ့ သရုပ်ဆောင်ချက်တွေကို ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။

  • Bad Guys Always Die

    Bad Guys Always Die

    Bad Guys Always Die (2015)

    ဒီတစ်ခါမှာတော့ တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ Bad Guys Always Die ဆိုတဲ့ Action + Comedy အမျိုးအစား ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

    ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ချိန်က K drama ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Crash Landing On You ထဲက ကိုရီးယားနာမည်ကြီးမင်းသမီး Son Ye-jin ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီးရဲ့ အမိုက်စား သရုပ်ဆောင်မှုနဲ့ ဒီဇာတ်ကားထဲမှာ ပိုပြီး ထိတ်လန့်စရာ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။

    ဘူဆန်မြို့က မူလတန်းကျောင်းတစ်ကျောင်းမှာ တရုတ်ဘာသာစကား သင်ကြားနေတဲ့ ဆရာတစ်ဦးဖြစ်တဲ့ Qingzi ဟာ သူ့ညီဖြစ်သူနဲ့ သူငယ်ချင်းနှစ်ဦးကို ခေါ်ပြီး ဂျယ်ဂျူးကျွန်းကို ခရီးထွက်လာခဲ့ပါတယ်။

    ခရီးစဉ်အတွင်း မထင်မှတ်ထားတဲ့ ကားမတော်တဆဖြစ်စဉ်တစ်ခုမှာ မျက်မြင်သက်သေဖြစ်သွားကြတဲ့အခါကားထဲမှာ ဒရိုင်ဘာအဖြစ် ထိုင်နေတဲ့ Ji-yeon ဆိုတဲ့ ကိုရီးယားအမျိုးသမီးတစ်ဦး အနာတရနဲ့သတိမေ့လျော့နေတာကို ကယ်တင်ရင်း သူတို့တွေဟာ အကူအညီပေးဖို့ Ji-yeon ကို ဆေးရုံပို့ဖို့ ကြိုးစားရာမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေထဲကို နစ်ဝင်သွားခဲ့ကြတယ်။

    အဲဒီအဖြစ်အပျက်တွေက တစ်ဖက်မှာ လူသတ်မှု တစ်ဖက်မှာ လူပျောက်ကွယ်မှုနဲ့ ဆက်စပ်နေပြီး သူတို့ကို အန္တရာယ်ထဲအပြည့်အဝဆွဲခေါ်သွားတော့တယ်။

    Qingzi နဲ့ သူ့အဖွဲ့ဟာ အကူအညီပေးချင်တဲ့ စိတ်ကူးကနေ စတင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သေချာမသိနိုင်တဲ့ အကြမ်းဖက်မှုလျှို့ဝှက်မှုတွေထဲမှာ အကျိုးဆက်မလွတ်နိုင်အောင် ပတ်သက်မိသွားကြရင်း အားလပ်ရက်ခရီးစဥ်လေးတစ်ခုကနေ ဘယ်လိုအန္တရာယ်ကွင်းဆက်ထဲ ဘယ်လိုဝင်ရောက်သွားကြမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။