Author: Baby Yit Lone

  • ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ

    ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ

    ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ၍ စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်သို့ ဆုတ်ခွာ နေရာယူလာ

    မြို့ခံများ စစ်ဘေးတိမ်းရှောင်ရန်ပြုလုပ်လာ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အာရက္ခတပ်တော် (AA) က စစ်ရေးအရ အသာစီးရယူ၍ မြို့အနီးသို့ ချဉ်းကပ်လာနေသည့်အတွက် စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်အထိ ဆုတ်ခွာနေရာယူလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ယခု ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ မြို့နှင့် ပိုမိုနီးကပ်လာပြီး AA တပ်များ မြို့အတွင်း ဝင်ရောက်လာမည်ကို စိုးရိမ်ရသည့် အခြေအနေကြောင့် စစ်ကော်မရှင်တပ်များမှာ ၎င်းတို့တပ်စွဲထားရာနေရာများမှ မြို့အနီးအနားအထိ ဆုတ်ခွာလာကြခြင်း ဖြစ်သည်။ ‎

    “မြို့အတွင်းကို တပ်တော်က ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ လက်နက်ကြီး သံတွေလည်း ဆက်တိုက်ကြားနေရလို့ မိဘတွေကိုတော့ ဘေးကင်းရာကို ရွှေ့ထားလိုက်ပြီ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

    ကျောက်ဖြူမြို့နယ်အတွင်းရှိ ပျားတဲ၊ ကြတ္တိန်၊ သိုင်းချောင်းနှင့် ဇင်ချောင်း ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒိုးမတောင်မှ ကုလာဘာအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာကြောင်း သိရသည်။

    စစ်ကော်မရှင်ဘက်မှ အထိနာကာ မြို့အနီးအထိ တပ်ဆုတ်နေရသည့်အတွက် မြို့ခံအများစုမှာလည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများ တိုးမြှင့်လုပ်ဆောင်လာကြသည်။

    မင်းပြင်ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးနေစဉ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ စစ်ကော်မရှင် စစ်ရုံးချုပ်အထိ ရိုက်ခတ်မှုရှိခဲ့ပြီး ထိုးစစ်ကိုပါ ရပ်တန့်သွားစေခဲ့သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။

    လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စွဲထားရာ နေရာအများအပြားမှ တပ်များ အထိနာကာ ဆုတ်ခွာနေရသည့်အတွက် ကျောက်ဖြူမြို့ကို AA က သိမ်းယူတော့မည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း မြေပြင်တွင် တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

  • စစ်တပ်ရဲ့​နောက်ဆုံးထုတ် အမ်​အေဝမ်း​​သေနတ်ကို PDF ​တွေသိမ်းဆည်းရရှိ

    စစ်တပ်ရဲ့​နောက်ဆုံးထုတ် အမ်​အေဝမ်း​​သေနတ်ကို PDF ​တွေသိမ်းဆည်းရရှိ

    စစ်တပ်ရဲ့​နောက်ဆုံးထုတ် အမ်​အေဝမ်း​​သေနတ်ကို PDF ​တွေသိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်တိုက်ပွဲတစ်ခုမှာအာဏာသိမ်းစစ်တပ်​နောက်ဆုံးထုတ်ထားတဲ့ MA1 Mk II T1 လက်နက်သစ်ကို သိမ်းဆည်းရရှိတယ်လို့ ကာကွယ်ရေးရဲဘော်​တွေက ပြောပါတယ်။

    ဝက်လက်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ စစ်​တပ် စစ်​ကြောင်းနဲ့ ဇန်နဝါရီလဆန်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ PDF ​တွေကသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတ။

    တိုက်ပွဲအ​ခြေအ​နေအ​သေးစိတ်ကို​တော့ စစ်ရေးအခြေအနေအရ အသိပေးခြင်းမရှိပါဘူး။

    “တပ်ကထုတ်တဲ့ဂန်း က လပိုင်းအတွင်းPDFရဲ့သိမ်းဆည်းရမိ လက်နက် ဖြစ်နေပြီ”လို့ရွှေဘိုခရိုင် တပ်ရင်း ၁၇ ရဲ့တာဝန်ရှိသူက MA1 MK II T1 ရရှိခဲ့တာကိုပြောပါတယ်။

    ရရှိတဲ့ လက်နက်သစ်ကမူလ MA 1 MK II ထက် ကိုင် တွယ်ရပိုမိုပေါ့ပါးပြီး လက်ကိုင်ဒီဇိုင်းနဲ့ ကျည်ဖြည့်တင်းမှုမှာ အဆင်ပြေတယ်လို့ ကိုင်တွယ်စမ်းသပ်ခွင့်ရရှိခဲ့တဲ့ရဲဘော်တစ်ဦးကအသိပေးပါတယ်။

    အခုအခါဝက်လက်မြို့နယ်မှာစစ်ကိုင်းမြို့အခြေ စိုက် တပ်မ ၃၃ နဲ့ ဒေသတွင်း ပျူစောထီးတွေစုဖွဲ့ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

    အဲဒီ့စစ်ကြောင်းက ဝက်လက်မြို့နယ်အရှေ့ခြမ်းကအမျိုးသမီးငါးဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီး သန္ဓေတားဆေးပါထိုးပြီးပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေက ထုတ်ဖော်ထားပါတယ်။

    ဒီဇင်ဘာလနောက်ဆုံးပတ်ကရှိမ်းမကားရွာရဲစခန်းက နေထွက်လာတဲ့အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းဟာ ရှိမ်းမကားရဲ့ မြောက်ဘက်က ရွာသစ်ရွာမှာ ယာယီအထိုင်ချခဲ့ပါတယ်။

    စစ်ကြောင်းထွက်လာစဥ် ဒေသခံပြည်သူ​တွေကိုဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့ပြည်သူ​တွေထဲက ရွာသစ်ရွာရဲ့ မြောက်ဘက် အင်ဒေါင်းရွာကအမျိုး သမီး၄ဦး၊မင်းရွာထောင်ရွာက အမျိုးသမီး၁ဦးတို့ကို ရွာသစ်ရွာကိုဖမ်းဆီးပြီး ၃ရက်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။

    စစ်သားနဲ့ ပျူ​တွေကအမျိုးသမီးတွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ဇန်နဝါရီလ ၃ ရက် မှာ သန္ဓေတားဆေးထိုးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

    ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ ရှက်ရွံ့မှု ၊​ကြောက်လန့်မှုကြောင့် ဒီဖြစ်စဉ်ကို ထုတ်ဖော်မပြောရဲကြပါဘူး။

    လက်ရှိမှာအဲဒီစစ်ကြောင်းဟာမြောက်ဘက်ကို ဆက်ထွက်နေပြီး ကမ်းဖြူ နဲ့ မှော်ဦးရွာအ နောက်ဘက်မှာ ရှိတယ်လို့ ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့လ (၂၀၂၅ ခုနှစ် ဒီဇင်ဘာ)တစ်လအတွင်း ဝက်လက်မြို့နယ်ကိုစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေကြောင့် သံဃာ နှစ်ပါ နဲ့ ပြည်သူ ၃၀ နီးပါးသေဆုံး ခဲ့ရပါတယ်။

    စစ်တပ်​နောက်ဆုတ်ထုတ်ထားတဲ့ MA1 Mk II T1 ​သေနတ်နဲ့ PDF တပ်ဖွဲ့ဝင်တဦးကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဗိုလ်တီ နဲ့ MG Nyein Chan

    စခတွေ စတင်အသုံးပြုတာကို တွေ့ရတာ လပိုင်းပဲရှိသေးတဲ့ MA-1 ရိုင်ဖယ်အသစ်တွေ ဒီရက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အကောင်းအတိုင်း သိမ်းမိတာ နှစ်လက်အနည်းဆုံး ရှိနေပြီဖြစ်ပါတယ်။

    တစ်လက်ကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းမိခဲ့တာပါ။ နောက်တစ်လက်ကတော့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်း AA က သိမ်းမိထားတာ ဖြစ်ပါတယ်။ နှစ်လက်လုံးကို ဇန်နဝါရီလအတွင်း သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

    လူထုနွေဦးသတင်းဌာနမှာတော့ MA အသစ်ကို MA1 MK II T1 လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း ဆုံးရှုံးတာ တွေ့လာရပြီဆိုတော့ စကမ ဘက်က MA1 အသစ်ကို စတင်အသုံးပြုနေပြီး initial operating capability ရနေပြီလို့ ယေဘုယျ ယူဆနိုင်ပါတယ်။

    အဘ ပေးတဲ့ သေနတ်အသစ်ကို စခ‌တွေတောင် ကောင်းကောင်း မမြင်ဖူးသေးချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းမိနေပြီဖြစ်ပါတယ်။

  • Pets on a Train

    Pets on a Train

    Pets on a Train (2025)

    ဒီဇာတ်ကားလေးက ၂၀၂၅ ခုနှစ်ကထွက်တဲ့ ပြင်သစ်အန်နီမေးရှင်းပါ။

    အဓိကဇာတ်လမ်းက ဖယ်လ်ကွန်လို့ခေါ်တဲ့ ရက်ကွန်းဝံတစ်ကောင်အကြောင်းပါ။

    သူက အိမ်မဲ့တိရစ္ဆာန်တွေကို ကူညီကျွေးမွေးတတ်တဲ့ စိတ်ကောင်းရှိသူပါ။

    တနေ့မှာတော့ သူက ဟန်းစ်ဆိုတဲ့ လူဆိုးတစ်ကောင်နဲ့ ပူးပေါင်းပြီး မြန်နှုန်းမြင့်ရထားကြီးတစ်စီးပေါ်က အစားအစာတွေကို ခရစ္စမတ်မှာ လုယူဖို့ အကြံရလာတယ်။

    ဒါပေမယ့် ဒီအစီအစဉ်က မအောင်မြင်ဘဲ ဟန်းစ်က ဖယ်လ်ကွန်ကို သစ္စာဖောက်ပြီး ရထားပေါ်ကလူအားလုံးကို ဆင်းခိုင်းပြီးတော့ ရထားကို မောင်းနှင်လိုက်ပါတယ်။

    ရထားပေါ်မှာ လူတစ်ယောက်မှမရှိတော့ဘဲ ဖယ်လ်ကွန်ရယ်၊ ရက်စ်လို့ခေါ်တဲ့ တာဝန်ကျေပွန်တဲ့ရဲခွေးကြီးရယ်၊ မက်ဂီဆိုတဲ့ ကြောင်လေးရယ်အပါအဝင် အိမ်မွေးတိရစ္ဆာန်တစ်စုပဲ ကျန်ခဲ့ပါတော့တယ်။

    ရထားကြီးကလည်း ဘယ်သူမှ မထိန်းနိုင်တော့ပဲ အရှိန်နဲ့ပျက်စီးတော့မယ့် ဦးတည်ရာကို သွားနေပါတယ်။

    ဒီအခြေအနေမှာ ဒီတိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ကွဲပြားတဲ့စရိုက်တွေကို ဘေးဖယ်ထားပြီး အတူတကွ ပူးပေါင်းကြရပါတော့တယ်။

    မမောင်းနှင်ဘဲ အရှိန်နဲ့ပြေးနေတဲ့ရထားကြီးကို ဘယ်လိုရပ်မလဲ၊ ဘယ်လိုဘေးကင်းအောင်လုပ်မလဲဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေကြရတာပါ။

    ဇာတ်ကားလေးရဲ့အားသာချက်က စိတ်လှုပ်ရှားစရာစွန့်စားခန်းတွေ၊ ရယ်စရာကောင်းတဲ့အခိုက်အတန့်တွေနဲ့ အခြေခံအားဖြင့် ကောင်းမွန်တဲ့အတွေးအမြင်တွေဖြစ်တဲ့ စည်းလုံးမှု၊ သစ္စာရှိမှုတို့ကို ပေါင်းစပ်ထားတာပါ။

    ကလေးတွေအတွက်ရော လူကြီးတွေပါ အတူကြည့်ပြီး ပျော်ရွှင်နိုင်တဲ့ မိသားစုဝင် ဇာတ်ကားကောင်းတစ်ခုပါပဲ။

  • Oscar Shaw

    Oscar Shaw

    Oscar Shaw (2026)

    ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကားတွေနဲ့လူသိများတဲ့ မင်းသားကြီး Michael Jai White ပါဝင်ထားတဲ့ မှုခင်းအက်ရှင်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

    အော်စကာရှောဟာ မူးယစ်‌ဆေးစုံစမ်းရေးရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ပြဿနာတစ်ခုကြောင့် မတရားအလုပ်ထုတ်ခံခဲ့ရတဲ့ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပါတယ်။

    လက်ရှိမှာတော့ အော်စကာဟာ သာမန်လူတစ်ဦးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ နေ့စဉ်ဘဝကို အေးဆေးဖြတ်သန်းနေပါတယ်။

    ဒါပေမဲ့လည်း တစ်နေ့မှာတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ရေမွန်ဟာ ရုတ်တရက် အသတ်ခံလိုက်ရပါတယ်။

    ဒီလူသတ်မှုဟာ ရိုးရိုးတန်းတန်းလူသတ်မှုမဟုတ်ဘဲ မူးယစ်ဂိုဏ်းတစ်ခုနဲ့ ဆက်နွယ်နေတာကို အော်စကာသိလိုက်ရတဲ့အခါ သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

    ဒီလိုနဲ့ လူသတ်မှု သူကိုယ်တိုင်စုံစမ်းရာကနေပြီး ဒီအမှုဟာ သူထင်ထားတာထက် ပိုနက်နဲတဲ့အမှုဖြစ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

  • Heer Express

    Heer Express

    Heer Express (2025)

    အချိုးအကွေ့

    ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့မိသားစုနဲ့ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါ။

    ဟီးရ်ဆိုတဲ့ကောင်မလေးတစ်ယောက် မိခင်ဖြစ်သူကဆုံးပါးသွားပြီးတဲ့နောက် ဦးလေးလူပျိုကြီးနှစ်ယောက်ရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာပြီး ရွာမှာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။

    တစ်နေ့အကြောင်းဖန်လာတော့ နိုင်ငံခြားသားတစ်ယောက်က သူမရဲ့စားသောက်ဆိုင်မှာလာစားပြီးသူမရဲ့လက်ရာကိုအလွန်နှစ်သက်သွားပါတယ်။

    နိုင်ငံခြားသားကလည်း သူကလန်ဒန်မှာအိန္ဒိယစားသောက်ဆိုင်ဖွင့်ထားကြောင်း လန်ဒန်ကသူ့ရဲ့စားသောက်ဆိုင်မှာ ဟီးရ်ရဲ့အိန္ဒိယလက်ရာစစ်စစ်ကို ချက်ပြုတ်ပေးစေချင်ကြောင်းကမ်းလှမ်းလာတဲ့အခါမှာတော့ ဟီးရ်တစ်ယောက် ဦးလေးလူပျိုကြီးနှစ‌်ယောက်ကိုထားခဲ့ပြီး လန်ဒန်ကိုထွက်ဖို့အကြောင်းဖြစ်လာပါတော့တယ်။

    လန်ဒန်ကိုရောက်တော့ ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရမလဲ…

    သူမကိုချစ်တဲ့သူနဲ့တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ…

    လန်ဒန်မှာရှိနေတဲ့ သေပြီလို့ထင်ထားတဲ့သူမအဖေနဲ့ ဘယ်လိုတွေပြန်ဆုံတွေ့ကြမလဲ…

    ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို မိသားစုဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။