Author: Baby Yit Lone

  • Goodbye June

    Goodbye June

    Goodbye June (2025) ဒီရုပ်ရှင်လေးကတော့ ခရစ္စမတ်ကာလမှာထွက်ရှိလာတဲ့ ယောက်ျားလေးတွေရဲ့ အသဲစွဲမင်းသမီးဖြစ်သူ Kate Winslet ကပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူ့ရဲ့သားဖြစ်တဲ့ Joe Anders ရေးသားထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပြီး IMDb rating 6.4 ထိရထားပါတယ်။ ခရစ္စမတ်ပွဲတော် နီးကပ်လာတဲ့အချိန်မှာ သက်ကြီးပိုင်းမိခင်ဖြစ်သူ ဂျွန် ရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုးရွားလာတဲ့အတွက်ကြောင့် ဝေးကွာနေကြတဲ့ Julia(Kate Winslet) တို့ မောင်နှမလေးယောက် ပြန်လည်ဆုံတွေ့ကြရပါတယ်။ အကြီးဆုံးသမီးဖြစ်သူ Julia ၊ စိတ်လှုပ်ရှားလွယ်ဒေါသဖြစ်လွယ်တဲ့ Molly ၊ အဝေးဆုံးတစ်နေရာမှာရောက်နေတဲ့ Helen နဲ့ မိဘတွေနဲ့အတူနေပြီး စောင့်ရှောက်နေသူ Conner တို့ဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးသော အချိန်များကို…

  • Mowgli

    Mowgli

    Mowgli (2025) အချစ်တိုက်ပွဲ သူ့နာမည်က မော်ဂလီ တောတွင်းသားလေးနာမည်ပေါ့။ မိဘတွေကို ငယ်စဉ်တည်းက ဆုံးရှုံးလိုက်ရပြီး တောထဲမှာပဲ ဇစ်မြစ်ချနေနေလို့ မော်ဂလီလို့ခေါ်ကြတယ်။ နေလာရင်းနဲ့တစ်နေ့ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့ရွာမှာ ရုပ်ရှင်လာရိုက်ကြတယ်။ လူစားထိုးဖို့လိုနေတာနဲ့ ပေးမဲ့ပမာဏကလည်းများနေတော့ မော်ဂလီတစ်ယောက် အရန်မင်းသားဝင်လုပ်တယ်ပေါ့။ အဲဒီမှာ မင်းသမီးလေးဂျပ်စမင်ဆိုတာနဲ့တွေ့ဖို့အကြောင်းဖန်လာခဲ့တယ်။ ဂျပ်စမင်က ဆွံ့အနားမကြားသူတစ်ယောက် ဒါပေမယ့် သူ့အလှကတော့ အများကြားပေါ်လွင်လွန်းတာကြောင့် လိုချင်တဲ့လူက ခပ်များများရယ်။ ဆရာ့ဆရာကြီးတွေနဲ့ အပြိုင်ကြဲရင်း အချစ်အတွက် သူရင်ဆိုင်ရမှာတွေက ဘာတွေများဖြစ်နေမလဲ။ လိုချင်တာကိုရော တောတွင်းသားလေးတစ်ယောက် ရသွားနိုင်မလားဆိုတာကတော့…

  • Arwah

    Arwah

    Arwah (2025) အန်းဂါ၊မိုမို၊ဂျိုဂျိုနဲ့ နင်းဒီတို့ဟာ မွေးရပ်မြေနဲ့ဝေးကွာနေကြတဲ့ မောင်နှမတွေဖြစ်ပြီး မရောက်တာကြာတဲ့ဖခင်ဖြစ်သူနဲ့ညီမအငယ်ဆုံး ဆိုဖီတို့ရှိရာကျေးလက်အိမ်လေးကိုအလည်တစ်ခေါက်ပြန်ခဲ့ကြပါတယ်။ မောင်နှမတွေဆုံတုန်းအနီးအနားက ရေတံခွန်ကို အပျော်ခရီးထွက်ရာကနေ လမ်းမှာ ကားမတော်တဆဖြစ်ပြီး အငယ်ဆုံးမလေးဆိုဖီ သေဆုံးသွားခဲ့ရပါတယ်။ ပူဆွေးမှုတွေနဲ့ သူတို့မောင်နှမတွေ သောကမပြေနိုင်သေးခင် မြွေပူရာကင်းမှောင့်ဖြစ်လာတာကတော့အိမ်ပြန်ရောက်တာနဲ့ ဆိုဖီရဲ့ခြောက်လှန့်မှုတွေကို ရက်ရက်စက်စက်တွေ့ကြုံရတော့တာပဲဖြစ်ပါတယ်။ သူတို့အပေါ် ဘာအမုန်းအညှိုးမှမရှိပဲ ဆုံးပါးသွားခဲ့တဲ့၊ စိတ်ထားကောင်းတဲ့ ချစ်စရာ မိန်းမငယ်လေးဆိုဖီဟာ သေဆုံးပြီးနောက်မှဘာကြောင့် သူတို့ကိုကြမ်းကြမ်းတမ်းတမ်းခြောက်လှန့်ရတာလဲ? သူတို့နားကိုမကြာခဏရောက်လာပြီး နားလည်ရခက်တဲ့စကားတွေပြောတတ်တဲ့ရှေးခေတ်အဝတ်အစားနဲ့အမျိုးသမီးကြီးက ဘယ်သူလဲ? ဇာတ်လမ်းထဲမှာစပြီး အဖြေရှာရမှာဖြစ်ပါတယ်။ ဆိုဖီ စပြီးခြောက်လှန့်ကတည်းကနေဇာတ်လမ်းအဆုံးအထိ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်နဲ့မနားတမ်းခြောက်တဲ့ကားမို့ အသည်းငယ်ရင်တစ်ယောက်တည်းမကြည့်သင့်ပါ။

  • 120 Bahadur

    120 Bahadur

    120 Bahadur (2025) မမေ့နိုင်သော နေ့တစ်နေ့ ဒီနေ့မှာတော့ အိန္ဒိယစစ်သမိုင်းမှာ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “120 Bahadur” ဆိုတဲ့ ရုံတင်ကားအကြောင်း တင်ဆက်ပေး ထားပါတယ်။ မင်းသား ဖာဟန် အက်ခ်တာက အဓိကပါဝင်ထားပြီး ဘတ်ဂျက် ကုဋေ ၉၀ ထိ ကုန်ကျခံရိုက်ကူးထားခဲ့တာပါ ဇာတ်လမ်းလေးက ၁၉၆၂ ခုနှစ် အိန္ဒိယနဲ့ တရုတ်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလကို နောက်ခံထားထားတာပါ။ လာဒက်ခ်ဒေသရဲ့ အလွန်အေးခဲလှတဲ့ “Rezang La” ဆိုတဲ့ တောင်ကြားမှာ မေဂျာ ရှိုင်းတန်ဆင်းဂ်ဦးဆောင်တဲ့ အိန္ဒိယစစ်သည် ၁၂၀ က တပ်စွဲထားပါတယ်။ သူတို့ရဲ့ အဓိကတာဝန်ကတော့ အရေးပါတဲ့ Chushul လေယာဉ်ကွင်းကိုတရုတ်တပ်တွေ မသိမ်းပိုက်နိုင်အောင် ကာကွယ်ဖို့ပေါ့။ ဒါပေမဲ့…

  • Law Abiding Citizen

    Law Abiding Citizen

    Law Abiding Citizen (2009) အမေရိကန်လို ဥပဒေတင်းကျပ်တဲ့ နိုင်ငံမျိုးမှာတောင် ရာဇဝတ်မှုဆိုတာ ကိုယ့်အိမ်တံခါးဝကို အချိန်မရွေးရောက်လာနိုင်တဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။ အဲဒီနတ်ဆိုးဟာ တစ်နေ့တော့ ကလိုက်ဒ် ရှယ်တန် ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ကလိုက်ဒ်တို့ မိသားစု ညစာစားဖို့ပြင်ဆင်နေတုန်း ဘယ်ကမှန်းမသိတဲ့လူတွေ အိမ်ထဲ ဇွတ်ဝင်ရောက်လာပြီးတော့ ပစ္စည်းတွေလုယက်လို့ သူ့ရဲ့မိန်းမနဲ့ လူမမည်သေးတဲ့ သမီးလေးကိုပါ သတ်သွားခဲ့ကြတယ်။ ကံဆိုးတာလား ကံကောင်းတာလား မသိတာတစ်ခုက ကလိုက်ဒ်တစ်ယောက်ပဲ အသက်ပြင်းလို့ မသေဘဲကျန်ခဲ့တယ်ပေါ့။ ဇာတ်လမ်းလေးက အစမှာ ယဉ်သကို ဆိုသလိုပဲ အထက်ပါအတိုင်း ဇာတ်လမ်းစထားပြီးတော့ အလယ်မှာ ဇာတ်လမ်း အရှိန် တဖြည်းဖြည်း မြင့်တက်လာရာကနေ နောက်ဆုံးမှာ လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်။ ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့ ရီဗျူးတောင်မရေးရဲလောက်အောင်ပါပဲ။ သေချာတာတစ်ခုကတော့ မှုခင်းကားတွေ စုံထောက်ဇာတ်လမ်းတွေ…