Goodbye June

Goodbye June

Goodbye June (2025)

ဒီရုပ်ရှင်လေးကတော့ ခရစ္စမတ်ကာလမှာထွက်ရှိလာတဲ့ ယောက်ျားလေးတွေရဲ့ အသဲစွဲမင်းသမီးဖြစ်သူ Kate Winslet ကပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဇာတ်ညွှန်းကိုလည်း သူ့ရဲ့သားဖြစ်တဲ့ Joe Anders ရေးသားထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပြီး IMDb rating 6.4 ထိရထားပါတယ်။

ခရစ္စမတ်ပွဲတော် နီးကပ်လာတဲ့အချိန်မှာ သက်ကြီးပိုင်းမိခင်ဖြစ်သူ ဂျွန် ရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုးရွားလာတဲ့အတွက်ကြောင့် ဝေးကွာနေကြတဲ့ Julia(Kate Winslet) တို့ မောင်နှမလေးယောက် ပြန်လည်ဆုံတွေ့ကြရပါတယ်။

အကြီးဆုံးသမီးဖြစ်သူ Julia ၊ စိတ်လှုပ်ရှားလွယ်ဒေါသဖြစ်လွယ်တဲ့ Molly ၊ အဝေးဆုံးတစ်နေရာမှာရောက်နေတဲ့ Helen နဲ့ မိဘတွေနဲ့အတူနေပြီး စောင့်ရှောက်နေသူ Conner တို့ဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးသော အချိန်များကို အတူဖြတ်သန်းရင်း အတိတ်ကနာကျည်းချက်တွေ မပြေလည်မှုတွေကို ခဝါချပြီး မိသားစုတွေကြားထဲက နက်ရှိုင်းတဲ့သံယောဇဉ်တွေကို ပြန်လည်ဖော်ထုတ်ကြရပါတယ်။

သေခြင်းတရားနဲ့ရင်ဆိုင်လာရတဲ့ အချိန်မှာ မိသားစုဝင်တွေကြားကချစ်ခြင်းမေတ္တာကို ခရစ္စမတ်အငွေ့အသက်များနဲ့အတူ ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။


Leave a Reply

Your email address will not be published. Required fields are marked *