📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Goodbye June

Goodbye June (2025)

ဒီရုပ်ရှင်လေးကတော့ ခရစ္စမတ်ကာလမှာထွက်ရှိလာတဲ့ ယောက်ျားလေးတွေရဲ့ အသဲစွဲမင်းသမီးဖြစ်သူ Kate Winslet ကပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဇာတ်ညွှန်းကိုလည်း သူ့ရဲ့သားဖြစ်တဲ့ Joe Anders ရေးသားထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပြီး IMDb rating 6.4 ထိရထားပါတယ်။

ခရစ္စမတ်ပွဲတော် နီးကပ်လာတဲ့အချိန်မှာ သက်ကြီးပိုင်းမိခင်ဖြစ်သူ ဂျွန် ရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုးရွားလာတဲ့အတွက်ကြောင့် ဝေးကွာနေကြတဲ့ Julia(Kate Winslet) တို့ မောင်နှမလေးယောက် ပြန်လည်ဆုံတွေ့ကြရပါတယ်။

အကြီးဆုံးသမီးဖြစ်သူ Julia ၊ စိတ်လှုပ်ရှားလွယ်ဒေါသဖြစ်လွယ်တဲ့ Molly ၊ အဝေးဆုံးတစ်နေရာမှာရောက်နေတဲ့ Helen နဲ့ မိဘတွေနဲ့အတူနေပြီး စောင့်ရှောက်နေသူ Conner တို့ဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးသော အချိန်များကို အတူဖြတ်သန်းရင်း အတိတ်ကနာကျည်းချက်တွေ မပြေလည်မှုတွေကို ခဝါချပြီး မိသားစုတွေကြားထဲက နက်ရှိုင်းတဲ့သံယောဇဉ်တွေကို ပြန်လည်ဖော်ထုတ်ကြရပါတယ်။

သေခြင်းတရားနဲ့ရင်ဆိုင်လာရတဲ့ အချိန်မှာ မိသားစုဝင်တွေကြားကချစ်ခြင်းမေတ္တာကို ခရစ္စမတ်အငွေ့အသက်များနဲ့အတူ ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်