Author: Baby Yit Lone

  • အောင်ဇမ္ဗူရဲ့ တရားဝင်ဇနီးဟု နာမည်ထွက်နေ

    အောင်ဇမ္ဗူရဲ့ တရားဝင်ဇနီးဟု နာမည်ထွက်နေ

    အောင်ဇမ္ဗူ ဇာတ်ထောင်ဖို့အတွက် ခုလက်ရှိသူ၏ တရားဝင်ဇနီးဟု နာမည်ထွက်နေသည့် ယခုပုံပါ အမျိုးသမီးက သိန်းပေါင်း ထောင်သောင်းချီ အကုန်ကျခံပြီး ပံ့ပိုးပေးခဲ့ပါတယ်တဲ့

    အိမ်ထောင်ရှိတာကို ချမပြသေးဘဲ လူပျိုတစ်ယောက်အနေနဲ့ ဝါသနာအရ ဇာတ်မင်းသား က ချင်ပါသေးတယ်ဆိုလို့ လက်ရှိတရားဝင် ဇနီးတစ်ယောက်က တိတ်တိတ်လေး နေခဲ့ပေးတာပါတဲ့

    ဒါပေမယ့် အခု အောင်မြင်လာချိန်မှာ ပစ်ပယ်ထားကြောင်းသိရပြီး အခုလိုပုံတွေ ပြန့်လာတာဖြစ်ပါတယ်

    Ai ကိုမေးကြည့်တာလည်း သူတို့လုပ်ပေးထားတယ်ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်ဆိုပဲ

    ကိုယ့်စရိတ်နဲ့ကို နှာဗူးချင်တဲ့ မမညီမတွေ သတိထားရအောင် တင်ပေးရခြင်းပါနော်

    မူရင်းပို့စ့

    ကဲကဲ စပရိုက်မျှော်နေသူတွေလာပါပြီရှင်

    အမှန်တော့အကောင့် followers များလာမှတင်မလို့ပါပဲ

    အောင်စမူဖန် အစောင်တိတစ်ကောင် မျိုးစုံလာဆဲ လာလောင်နေတော့ မနေနိုင်တော့ဘူး တင်လိုက်တော့မယ်လို့ဆုံးဖြတ်ပြီး တင်လိုက်ပါပြီရှင်

    အောင်စမူကိုလူပျိုလို့ထင်နေကြသူတွေကို သိစေချင်တာက အောင်စမူကလူပျိုမဟုတ်ပါဘူးရှင်

    ဒီပွဲရာသီတွေမစခင် သူ့ဇာတ်မထောင်ခင်လေးမှာပဲ သူ့ဘေးကသူဌေးမနဲ့ လူကြီးမိဘစုံရာအကျဥ်းရုံး ရုံးတက်လက်မှတ်ထိုး မင်္ဂလာဆွမ်းကျွေးပြီးလက်ထပ်ထားတာပါရှင်

    အမျိုးသမီးက ရိုးရိုးအေးအေးထဲကပါပဲ အောင်စမူထက်လည်းအသက်ကြီးပါတယ်

    ဒါပေမယ့် အသိုင်းအဝိုင်းကြီးပြီးချမ်းသာတယ်

    အေးအေးဆေးဆေးနေတတ်ကြတယ်

    အောင်စမူကိုလည်းအရမ်းချစ်ရှာတယ်

    အောင်စမူတို့ဆိုတာ ကျောက်တန်း အစဲကျေးရွာမှာ ဆင်းရဲနုံခြာတဲ့အထဲကပါ

    အဲ့ဒါကို ဒီအမျိုးသမီးကပဲ မြေတောင်မြှောက်ပြီး ဇာတ်ထောင်ဖို့သိန်းသောင်းချီထုတ်ပေးခဲ့တာပါ

    အောင်စမူ စထွက်ထွက်ချင်း ဒီလောက်ဇာတ်အပြင်အဆင် ရှယ်တွေချည်းသုံးတာကို ရှင်တို့တစ်ခါမှမတွေးမိဖူးဘူးမဟုတ်လား

    တကယ်တော့အားလုံးက သူ့မိန်းမဒီအမျိုးသမီးပံ့ပိုးပေးခဲ့တာပါ

    သူစကြိုးစားချိန်မို့ လူပျိုအဖြစ်နဲ့ ပွဲထွက်ပါရစေဆိုလို့ အဲ့အမျိုးသမီးကနောက်ကွယ်မှာ နေပေးနေခဲ့တာ

    အခုကျတော့နာမည်လည်းကြီးလာရော အဲ့သူဌေးမကိုချောင်ထိုးပြီး မသိကျိုးကျွံပြုရှောင်တိမ်းနေကြောင်းသိရှိရပါတယ်ရှင်😎😎😎

    Eaint Theingi Kyaw

  • ကမ္ဘာတဝန်း ဆီအကြပ်အတည်းမှာ တကိုယ်တည်း ဗြောင်းဆန်ပြနေတဲ့ မြန်မာ

    ကမ္ဘာတဝန်း ဆီအကြပ်အတည်းမှာ တကိုယ်တည်း ဗြောင်းဆန်ပြနေတဲ့ မြန်မာ

    ကမ္ဘာ့အရေးကိစ္စတွေကြောင့် ရေနံနဲ့ စက်သုံးဆီ အကျပ်အတည်းကို တကမ္ဘာလုံး ခံစားနေရပါတယ်။

    စက်သုံးဆီစျေးနှုန်း ကြီးမြင့်ခြင်းနဲ့ ပြတ်တောက်ခြင်းတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေက သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ပြီး ရင်ဆိုင်ဖြေရှင်း နေကြပါတယ်။

    ကမ္ဘာ့သတင်းတွေကို ကြည့်လိုက်ရင် လတ်တလော စက်သုံးဆီ ကိစ္စမှာ ကသောင်းကနင်း အဖြစ်ဆုံးနဲ့ ရှုပ်ထွေးမှု အများဆုံးက မြန်မာနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။

    ကမ္ဘာ့တခြားဒေသတွေကို ထားလိုက်ဦး လက်လှမ်းမီတဲ့ အာဆီယံဒေသမှာတော့ ဆီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အသံ ကျယ်လောင်စွာ ထွက်နေတာကတော့ ရွှေမြန်မာတွေပဲ ဖြစ်ပါတယ်။

    မြန်မာပြည်မှာသာ အလုအယက် ဆီတန်းစီနေကြတဲ့ အဖြစ်၊ တန်းစီရင်း ကွယ်လွန်၊ မူးလဲ၊ ရ၊န်ဖြစ်ကြတဲ့ အဖြစ်၊ ဆီမရလို့ တောင်သူလယ်သမားတွေ ဒုက္ခရောက်ကြရတဲ့ အဖြစ်တွေနဲ့ ကြုံနေရပေမယ့် တခြား အာဆီယံနိုင်ငံတွေမှာတော့ တည်ငြိမ်နေတာ တွေ့ရပါတယ်။

    အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆီတန်းစီနေကြပေမယ့် မြန်မာပြည်လို ရုပ်ပျက်ဆင်းပျက် ဖြစ်မနေပါဘူး။

    အာဆီယံ ဒေသမှာ လူဦးရေ အများဆုံး ဖြစ်တဲ့ အင်ဒိုနီးရှား၊ သယံဇာတ မရှိတဲ့ လာအို၊ မြန်မာနဲ့ မတိမ်းမယိမ်း ကမ္ဘောဒီးယား၊ ဆင်းရဲမွဲတေမှု များတဲ့ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ဆီကိစ္စမှာ မြန်မာပြည်လောက် အသည်းအသန် ဖြစ်မနေကြပါဘူး။

    ဗီယက်နမ်နိုင်ငံဆို စက်သုံးဆီနဲ့ ပတ်သက်တဲ့ အခွန်တွေ လျှော့ပေးလိုက်တာကြောင့် စက်သုံးဆီစျေးတွေတောင် ကျသွားခဲ့ပါတယ်။

    ကိုယ့်နိုင်ငံသားတွေကို အမြဲစောင့်ရှောက်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကတော့ ပြောစရာကို မလိုတဲ့ အခြေအနေပါပဲ။

    အဲဒီနိုင်ငံတွေ အရန်ဆီ ဘယ်နှရက်စာ ကျန်တယ်လို့ ကြေညာတာကလည်း ပြည်သူတွေ သုံးစွဲမှု လျှော့ချဖို့ အသိပေးတဲ့ သဘောပါပဲ။

    ရွှေပြည်ကြီးကတော့ တခြားအာဆီယံနိုင်ငံတွေနဲ့ မတူ တမူထူးခြားပြီး ပြောင်းပြန်ပါပဲ။

    ရက် ၅၀ စာ ဆီတွေ ကျန်သေးတယ်၊ သင်္ဘောကြီး ဘယ်နှစင်း လာနေပြီလို့ ပြောနေပေမယ့်လည်း မှောင်ခိုလောက အလျင်အမြန် ကြီးထွားလာနေပါတယ်။

    ဆီတန်းစီတဲ့သူတွေ လျော့မသွားတဲ့အပြင် တောင်သူ လယ်သမားတွေ ဆီလုံးဝ မရတဲ့ အခြေအနေ ဖြစ်နေပါပြီ။

    မြန်မာပြည်မှာ ဆီကိစ္စ ဒီလောက် ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ အစိုးရရဲ့ မူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။

    အသုံးမဝင်တဲ့ စုံမ အမိန့်ကို ဆက်သုံးနေခြင်း၊ လက်ကျန်ရှိနေတဲ့ ဆီတွေကို အဖွဲ့အစည်းတခုတည်း အသုံးပြုဖို့ သိမ်းထားပြီး ကျန်တဲ့ ခွဲတမ်းကိုသာ ပြည်သူတွေကို ပေးခြင်း၊ တိကျတဲ့ မူဝါဒ မရှိဘဲ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းနေခြင်း စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

    အဲဒီအချက်တွေကို လျစ်လျူရှုပြီး တကမ္ဘာလုံး ဖြစ်နေကြတာ မြန်မာပြည်မှာလည်း ကြိတ်ခံကြ ဆိုတဲ့ ဝါဒဖြန့် အကွက်တွေနဲ့ ပြည်သူကို ဦးနှောက်ဆေးနေကြပါတယ်။

    ကိုယ်သိချင်တဲ့ သတင်းအချက်အလက်ကို စက္ကန့်ပိုင်းအတွင်း သိရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့် ထားဖို့ လိုအပ်ပါတယ်။

    ကိုယ့်မျက်စိရှေ့မှာ မြင်ရတဲ့ သတင်းအချက်အလက်တွေကိုလည်း သူများ ပြောသမျှ မယုံသင့်ဘဲ စိစစ် သုံးသပ်တတ်ဖို့ အရေးကြီးကြောင်း ဖော်ပြလိုက်ရပါတယ်။

  • ​လူမှုကွန်ယက်ကနေ ပြည်သူအားလုံးကို သိမ်းကျုံးဆဲလိုက်တဲ့ ချမ်းမြမြသော်

    ​လူမှုကွန်ယက်ကနေ ပြည်သူအားလုံးကို သိမ်းကျုံးဆဲလိုက်တဲ့ ချမ်းမြမြသော်

    ချမ်းမြမြသော် Story မှာ တင်ထားတဲ့ မိန်းကလေးပုံနဲ့ သီချင်းက အခု သူ့ကို Boycott လုပ်နေတဲ့တော်လှန်ရေး ဘက်ခြမ်းက လူတွေကို ဆဲထားတဲ့ သီချင်းဖြစ်ပါတယ်။

    ကိုရီးယား စကားနားမလည်သူ မသိ သူဆိုရင် ဆဲထားမှန်းမသိတဲ့ အသံနဲ့သီချင်းဖြစ်မှန်း မသိနိုင်ပါဘူး။

    အဲသလောက်အထိ ယုတ်ယုတ်မာမာ စော်စော်ကားကား ပြန်တုံ့ပြန်နေတယ်ဆိုတာကို သိစေချင်ပါတယ်။

    သီချင်းထဲမှာ ပါတဲ့ဒီစာသားတွေကို သေချာနားလည်အောင်နားထောင်လိုက်မယ်ဆိုရင် ဆဲထားတာကို သိနိုင်ပါတယ်။

    ဆဲထားတဲ့စကားတွေက

    존나 귀찮게 하네(အရမ်းစိတ်အနှောင့်ယှက်ပေးတာပဲ),

    좆도 아닌 것들이(ဘာမှမဟုတ်တဲ့ဟာလေးတွေကို)၊

    존나 팍치게 하네(အရမ်းဒေါသထွက်အောင်လုပ်တာပဲ)

    시발 것들이(လီးလိုကောင်တွေ)

    나 좀 괴롭히지 마(ငါ့ကို bully မလုပ်ကြပါနဲ့)၊

    개새끼들아(ခွေးသူတောင်းစားများ)

    나 좀 내비두라 부탁합니다(ငါ့တစ်ယောက်တည်း လွှတ်ထားပေးကြပါ)

    ကိုရီးယား စကားနားလည်သူတွေကတော့ ကောင်းကောင်းသိကြမှာပါ။

    အတိအကျ မကျွမ်းကျင်တဲ့ဘာသာစကားမို့လို့ စာလုံးပေါင်းလေးတွေမှားနိုင်ပေမယ့် တော်လှန်ရေးလုပ်နေတဲ့ပြည်သူတွေကို ပြန်ဆဲဆို တုံ့ပြန်ထားတဲ့ အကြောင်း သိ‌စေချင်လို့ဖြစ်ပါတယ်။

    ချမ်းမြမြသော်ကို အဆိုးဝါးဆုံးပုံစံနဲ့ ကျ‌ရှုံးသွားအောင် လုပ်ကြဖို့လိုပါမယ်။

    တကယ့် Lower Standard Level ပါ။

    လူထုနဲ့တော်လှန်ရေးကြောင့် ကောင်းစားသွားတဲ့ သူက ပြန်စော်ကားမိုက်ရိုင်းနေတာ ဘောမနေတာကို ကိုယ့်လုပ်ရပ် မှန်သလို လုပ်နေတာက ရွံစရာကောင်းပါတယ်။

    FNCC

  • ဒီနေ့ကစပြီး… လေပြင်းအန္တရာယ် အထူးသတိ

    ဒီနေ့ကစပြီး… လေပြင်းအန္တရာယ် အထူးသတိ

    ကဲ… မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အားလုံးကို အခုပဲ Mention ခေါ်ပြီး သတိပေးလိုက်ကြရအောင်။

    ဒီနေ့ကစပြီး ဧပြီလ (၁) ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်နေတယ်လို့ မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာက သတိပေးပါတယ်။

    📍 ဘယ်ဒေသတွေမှာ အထူးသတိထားရမလဲ?

    နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)

    ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်

    အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း နဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း (၃) ခုဆုံတဲ့ ဒေသတွေ မှာ လေတိုက်နှုန်း ပိုမိုပြင်းထန်နိုင်တာကြောင့် အိမ်အမိုးအကာတွေကို အခုကတည်းက ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

    🛠 ကြိုတင်ပြင်ဆင်ရန် လမ်းညွှန်ချက်များ

    အိမ်အမိုးအကာ ခိုင်ခံ့ပါစေ: လေပြင်းဒဏ် ခံနိုင်အောင် အမိုးနဲ့ ကာရံတွေကို သေချာပြန်လည် ပြုပြင်ထားပါ။

    မီးဘေးအန္တရာယ် သတိထား: လေပြင်းတိုက်ချိန်မှာ မီးစပေါ့လျော့မှုကနေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် အထူးဂရုစိုက်ပါ။

    လုပ်ငန်းခွင် သတိပြု: သီးနှံအခြောက်လှန်းတာတွေနဲ့ အပြင်ဘက် ပစ္စည်းတွေကို လေနဲ့မပါအောင် သေချာသိမ်းဆည်းပါ။

    “မပေါ့ဆကြပါနဲ့နော်… ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ။”

    အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

  • အီရန်ရှာဟက် ဒရုန်းများကို အောင်မြင်စွာ ဖြိုခွင်းနေသည့် ယူကရိန်း၏ ကာကွယ်ရေးနည်းပညာ

    အီရန်ရှာဟက် ဒရုန်းများကို အောင်မြင်စွာ ဖြိုခွင်းနေသည့် ယူကရိန်း၏ ကာကွယ်ရေးနည်းပညာ

    အရှေ့အလယ်ပိုင်းစစ်မျက်နှာပြင်တွင် အီရန်ရှာဟက် ဒရုန်းများကို အောင်မြင်စွာ ဖြိုခွင်းနေသည့် ယူကရိန်း၏ ကာကွယ်ရေးနည်းပညာ

    ရုရှား-ယူကရိန်းစစ်ပွဲအတွင်း နှစ်နှင့်ချီ၍ ရုရှား၏ အီရန်လုပ် Shahed (ရှာဟက်) အသေခံဒရုန်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခဲ့ရသော ယူကရိန်းသည် ယခုအခါ ၎င်းတို့၏ တိုက်ပွဲဝင်အတွေ့အကြုံနှင့် အဆင့်မြင့် Interceptor (ကြားဖြတ်ဟန့်တားရေး) ဒရုန်းနည်းပညာများကို အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့လျက်ရှိသည်။

    မကြာသေးမီက စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများတွင် အီရန်၏ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် ယူကရိန်း၏ နည်းပညာနှင့် ကျွမ်းကျင်သူများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ခိုင်မာသော နိုင်ငံတကာသတင်းရင်းမြစ်များက ဖော်ပြကြသည်။

    ယူကရိန်းသမ္မတ၏ အတည်ပြုပြောကြားချက်အရ ယူကရိန်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အရပ်ဘက်နှင့် အရေးကြီးအဆောက်အအုံများကို အီရန်ဒရုန်းရန်မှ ကာကွယ်ရန်အတွက် ဒရုန်းကျွမ်းကျင်ပညာရှင် ၂၂၈ ဦးကို ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဆော်ဒီအာရေဗျ၊ ကူဝိတ် နှင့် ဂျော်ဒန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ စေလွှတ်ထားပြီးဖြစ်သည်။

    အဆိုပါ ယူကရိန်းအထူးတပ်ဖွဲ့များသည် ၎င်းတို့၏ ပြည်တွင်းဖြစ် ကြားဖြတ်ဟန့်တားရေးဒရုန်းများကို အသုံးပြု၍ ဒေသတွင်းနိုင်ငံတစ်ခု၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော အီရန် Shahed ဒရုန်းအချို့ကို အောင်မြင်စွာ ကြားဖြတ်ပစ်ချကာ ပထမဆုံးသော အောင်မြင်မှုမှတ်တမ်းများကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

    ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Rustem Umerov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်လည်း အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ရေရှည်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးလျက်ရှိသည်။

    အီရန်၏ ဒရုန်းခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်စစ်တပ်သည် ယူကရိန်းစစ်မြေပြင်တွင် အောင်မြင်စွာ စမ်းသပ်အသုံးပြုထားပြီးဖြစ်သော Merops(မဲရော့ပ်စ်) Interceptor ဒရုန်း အစင်းရေ ၁၀၀၀၀ ကို အရှေ့အလယ်ပိုင်းသို့ ချက်ချင်းဖြန့်ကြက်ချထားလိုက်ပြီဖြစ်သည်။

    Merops စနစ်ကို Google ၏ CEO ဟောင်း Eric Schmidt ကျောထောက်နောက်ခံပြုထားသည့် Project Eagle ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

    အဆိုပါ Merops ဒရုန်းများသည် တစ်နာရီလျှင် မိုင် ၁၇၅ (၂၈၂ ကီလိုမီတာ) အထိ ပျံသန်းနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်ခံရချိန် (GPS/Radio Jamming) တွင်ပင် AI ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ ပစ်မှတ်ကို အလိုအလျောက် ရှာဖွေဖျက်ဆီးနိုင်စွမ်းရှိသည်။

    အမေရိကန်နှင့် မဟာမိတ်များ အသုံးပြုနေသည့် Patriot သို့မဟုတ် THAAD လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၄ သန်းကျော် ကုန်ကျသော်လည်း Merops ဒရုန်းတစ်စီးလျှင် ဒေါ်လာ ၁၄၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျသဖြင့် ဒေါ်လာ ၂၀၀၀၀၀ အောက်သာရှိသော အီရန်ဒရုန်းများကို တန်ပြန်ရာတွင် ကုန်ကျစရိတ်ကို အဆမတန် သက်သာစေကြောင်း သိရသည်။

    ယူကရိန်းပြည်တွင်းဖြစ် ဒရုန်းများဖြစ်သော Sting၊ JEDI နှင့် Octopus ကဲ့သို့သော ဒရုန်းများကို ဝယ်ယူရန်လည်း အရှေ့အလယ်ပိုင်းနိုင်ငံများက အထူးစိတ်ဝင်စားလျက်ရှိသည်။

    ထင်ရှားသော ဒရုန်းတစ်မျိုးမှာ Wild Hornets အဖွဲ့မှ ထုတ်လုပ်သည့် Sting ဒရုန်းဖြစ်ပြီး 3D-Printer ဖြင့် ထုတ်လုပ်ထားကာ လေခွင်းအားကောင်းသော ပုံစံရှိပြီး တစ်နာရီလျှင် ၃၄၃ ကီလိုမီတာနှုန်းဖြင့် အလွန်လျင်မြန်စွာ ပျံသန်းနိုင်သည်။

    အဆိုပါဒရုန်းသည် အီရန်ဒရုန်းများကို Kurbas အပူအာရုံခံကင်မရာများဖြင့် ညဘက်တွင်ပါ ခြေရာခံပစ်ချနိုင်ပြီး ကုန်ကျစရိတ်အားဖြင့် ဒေါ်လာ ၂၁၀၀ ခန့်သာ ကျသင့်သည်။

    တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀၀၀၀ မှ ၅၀၀၀၀ ကြားရှိသော အီရန်၏ Shahed ဒရုန်းများကို ဖျက်ဆီးရန် ထိုကဲ့သို့ တန်ဖိုးနည်းဒရုန်းများကို အသုံးပြုခြင်းသည် စစ်ရေးအရသာမက စီးပွားရေးအရပါ အီရန်၏ Swarm Tactics(အုပ်စုလိုက် လွှတ်တင်တိုက်ခိုက်ခြင်း) ဗျူဟာကို တွန်းလှန်နိုင်သည့် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်လာသည်။

    အရှေ့အလယ်ပိုင်းတွင် ယူကရိန်းဒရုန်းများ၏ အောင်မြင်မှုများ ထွက်ပေါ်လာပြီးနောက် အီရန်ဘက်မှ သတင်းတုများ စတင်ဖြန့်ဝေလာခဲ့သည်။

    မတ်လ ၂၈ ရက်နေ့တွင် အီရန်အစိုးရနှင့် နီးစပ်သော Fars သတင်းဌာနက ဒူဘိုင်းမြို့ရှိ ယူကရိန်း၏ Anti-drone ဂိုဒေါင်တစ်ခုကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ယူကရိန်းလူမျိုး ၂၁ ဦး သေဆုံးခဲ့ကြောင်း” ဝါဒဖြန့် သတင်းလွှင့်ခဲ့သည်။

    သို့သော် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heorhii Tykhyi က ယင်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း တရားဝင် ငြင်းဆိုခဲ့ပြီး၊ “အီရန်အစိုးရသည် ဤကဲ့သို့သော သတင်းတု၊ သတင်းမှား များ ဖြန့်ဝေရာတွင် ရုရှားနှင့် လုံးဝကွာခြားမှုမရှိကြောင်း” ပြတ်သားစွာ တုံ့ပြန်ပြောဆိုခဲ့သည်။ သမ္မတ ဇလန်းစကီးကလည်း ယင်းသတင်းမှာ လုံးဝမဟုတ်မှန်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများ၌ အီရန်၏ အသေခံဒရုန်းတိုက်ခိုက်မှုများသည် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

    ဒေါ်လာသန်းချီတန်သော ဒုံးကျည်များဖြင့် ဒေါ်လာသောင်းဂဏန်းသာတန်သော ဒရုန်းများကို ပစ်ချနေရသည့် ကုန်ကျစရိတ်မမျှတမှုကို ယူကရိန်း၏ ဒရုန်းကို ဒရုန်းဖြင့်သာ တန်ပြန်သည့် နည်းဗျူဟာက အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။

    ထို့ကြောင့် ယူကရိန်း၏ လက်တွေ့စမ်းသပ်ပြီးသော ဒရုန်းနည်းပညာများသည် ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းရာတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသာမက အမေရိကန်တပ်ဖွဲ့များအတွက်ပါ မရှိမဖြစ်လိုအပ်သော ကာကွယ်ရေးစနစ်တစ်ခုအဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း စုစည်းတင်ပြအပ်ပါသည်။