Author: Baby Yit Lone

  • My Secret Santa

    My Secret Santa

    My Secret Santa (2025) ဒီရုပ်ရှင်ကတော့ Netflix ကနေ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ထွက်ရှိထားတဲ့ Christmas Romantic Comedy (ခရစ္စမတ် အချစ်ဟာသ) ဇာတ်ကားလေး ဖြစ်ပါတယ်။ နာမည်ကြီး “Virgin River” မင်းသမီး Alexandra Breckenridge နဲ့ “New Amsterdam” မင်းသား Ryan Eggold တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တေလာ (Taylor) လို့ခေါ်တဲ့ Single Mom (မိခင်တစ်ကိုယ်တော်) တစ်ယောက်အကြောင်းက စပါတယ်။ တေလာဟာ အလုပ်ပြုတ်သွားတဲ့အချိန်မှာပဲ၊ သူ့ရဲ့ ဆယ်ကျော်သက်သမီးလေးက ဈေးကြီးတဲ့ နှင်းလျှောစီး သင်တန်းကျောင်း (Snowboarding Camp) တစ်ခုကို တက်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။…

  • နေပြည်တော်နဲ့ ကျားဖြန့် ဆက်နွယ်နေမှု အထောက်အထား တော်တော်များများရထားပြီးပြီ

    နေပြည်တော်နဲ့ ကျားဖြန့် ဆက်နွယ်နေမှု အထောက်အထား တော်တော်များများရထားပြီးပြီ

    “ကျားဖြန့် (Scam Center) တွေနဲ့ပတ်သက်ရင် သက်သေအထောက်အထားတွေကို စစ်ကောင်စီဖက်က ဖျောက်ဖျက်လိုက်ပေမယ့် International Banking System ကနေတစ်ဆင့် Money Laundering ကိစ္စတွေကိုလိုက်လို့ရတယ်။ အခုဆိုရင် ဝါရှင်တန် အခြေစိုက် C4 ADS အဖွဲ့က မိုဘိုင်းဖုန်းဆက်ကနယ်တွေကို ခြေရာခံထားတာရှိတယ်။ အဲဒီခြေရာခံချက်တွေထဲမှာ နေပြည်တော်သမ္မတအိမ်မှာရှိနေတဲ့ ဖုန်းလိုင်းတွေနဲ့ KK park နဲ့ ရွှေကုက္ကိုလ်နဲ့ အမြဲပဲ အဆက်အသွယ်ရှိနေတာတွေ့ရတယ်။ အဲဒီလမ်းကြောင်းတွေကို တနှစ်စာ ခြေရာခံထားတာရှိတယ်။ ထပ်ခါထပ်ခါ သွားလိုက်လာလိုက်ဖြစ်နေတာတွေ့ရတယ်။”

  • ကျားဖြန့်လိမ်လည်မှုဂိုဏ်းများ တိုက်ဖျက်ရေး ဥပဒေ

    ကျားဖြန့်လိမ်လည်မှုဂိုဏ်းများ တိုက်ဖျက်ရေး ဥပဒေ

    အမေရိကန် အောက်လွှတ်တော်က နိုင်ငံဖြတ်ကျော် ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲနှိမ်နင်းရေး ဥပဒေ (H.R. 5490) ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဒီဥပဒေသည် ၂၀၂၃ ခုနှစ်မှ စ၍ အမေရိကန်နိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ဒေါ်လာ ဘီလီယံများစွာ လိမ်လည်ခံရမှုများကို တားဆီးကာကွယ်ရန် ရည်ရွယ်ထားသည်။ H.R. 5490 အရ အမေရိကန်အစိုးရအေဂျင်စီ များစွာ ပူးပေါင်းဆောင်ရွက်သည့် “ရာဇဝတ်ကွန်ရက် ပိတ်ဆို့ရေးအဖွဲ့” တစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်းများကို တိုးတက်စွာ လိုက်ဖမ်းနှိမ်နင်းနိုင်မည်ဟု ဆိုသည်။ အမတ် ဂျက်ဖာဆင် ရှရီဗ်က “၂၀၂၄ ခုနှစ်တွင် အွန်လိုင်းလိမ်လည်မှုကြောင့် ဒေါ်လာ ၁၇ ဘီလီယံလောက် ဆုံးရှုံးသွားကြောင်း FBI က ထုတ်ပြန်ထားသည်”။ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ…

  • Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး

    Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး

    နည်းပညာ နဲ့ ငွေကြေးကျွမ်းကျင်သူတွေကို ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး နည်းပညာ နဲ့ ငွေကြေး ကျွမ်းကျင်သူတွေကို လိမ်လည်ဖို့ ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်ရေး (CIF) ဝဘ်ဒိုမိန်းတစ်ခုကို ထိန်းသိမ်းလိုက်တယ်လို့ FBI က ထုတ်ပြန်ကြေညာပါတယ်။ အခုတလော အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကရင်ပြည်နယ် DKBA နယ်မြေ ကျောက်ခက်ကျေးရွာက တိုင်ချန်း (Tai Chang) အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းဝင်း မှာ ဒီလုပ်ငန်းစုကို ထိန်းသိမ်းခဲ့တယ် လို့ မနေ့က ထုတ်ပြန်ခဲ့တာပါ။ Cryptocurrency ဟာ ဝဘ်ဆိုဒ်ပလက်ဖောင်းပေါ်မှာ အလုပ်လုပ်ရတာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကိုယ်အသုံးပြုတဲ့ website က ယုံကြည်ရတဲ့ ဝဘ်ဆိုဒ်ဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ အခုဖမ်းမိခဲ့တဲ့…

  • တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်

    တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်

    တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်👏 သရုပ်ဆောင် ပိုင်တံခွန်ရဲ့ ဇနီးသည် လင်းမြဖူးကို အချို့ပရိသတ်တွေက ပိုင်တံခွန်မိဘနှစ်ပါးကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်နေကြတာကို မမြင်ချင်တော့တာကြောင့် အဒေါ်ဖြစ်သူက ဖြစ်စဉ်တွေကိုချပြလာခဲ့တာပါ။ ပိုင်တံခွန်နဲ့ ရည်းစားစဖြစ်ချိန်ကစလို့ ပိုင်တံခွန်ထိန်းသိမ်းခံရချိန်တွေမှာလည်း လင်းမြဖူးဟာ ယောက္ခမဖြစ်သူကို ဖေးမအကူညီတွေပေးခဲ့ကြောင်းနဲ့ ပိုင်တံခွန်နဲ့မိခင်တို့ကြားဆက်ဆံရေးမပြေလည်တိုင်း လင်းမြဖူးကသာ ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း အဒေါ်ဖြစ်သူကပြောပါတယ်။ ပိုင်တံခွန်မင်္ဂလာဆောင်ပြီးနောက် တူရကီသို့ ဟန်းနီးမွန်းထွက်နေချိန် သူတို့ရဲ့ Penthouse သို့ အမ ဖြစ်သူက လာရောက်ခဲ့ပြီး လင်းမြဖူး​၏မိဘတွေအား ‘OTS’ တွေဟု ပြောဆိုခဲ့တာကို တူရကီမှပြန်လာချိန် လင်းမြဖူး သိခဲ့ပြီး ဖုန်းဆက်မေးမြန်းရာမှ ပြဿနာတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အမဖြစ်သူက အဆိုပါပြဿနာအား မိခင်ဖြစ်သူကိုပြောပြရာမှ ပိုင်တံခွန်ရဲ့ မိခင်က စမိုင်းအားဖုန်းဆက်ပြီး ထပ်မံစော်ကားခဲ့တာဖြစ်ကြောင်း သူမက…