Author: Baby Yit Lone
-

Seasons Change
Seasons Change (2006) ဒီဇာတ်ကားလေးကတော့ ၂၀၀၆မှာထွက်ရှိထားတဲ့ ဂီတပညာနဲ့ပတ်သက်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ၁၂တန်းကျောင်းသား ပေါမ့်ဆိုတဲ့တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ခိုးကြိုက်နေတာ ၃နှစ်ရှိပါပြီ။ တစ်နေ့မှာတော့ အဲဒီသူကြိုက်နေတဲ့ကောင်မလေးက ဂီတကျောင်းကိုတက်ချင်တာမို့လို့ နိုင်ငံခြားမှာပညာတော်သင်လျှောက်ခဲ့ပါတယ်။ အဲဒါနဲ့ပေါမ့်ကလည်း သူကြိုက်နေတဲ့ကောင်မလေးနောက်ကိုလိုက်ပြီး ပညာတော်သင်လျှောက်လိုက်ပါတော့တယ်။ အမှန်တော့ ပေါမ့်အဖေက ဂီတကျောင်းကိုမတက်စေချင်ပါဘူး ဆေးတက္ကသိုလ်ကိုပဲတက်စေချင်တာပါ အဲဒါနဲ့ပေါမ့်ကလည်း သူ့အဖေ စိတ်တိုင်းကျ ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဖို့ စာကြိုးစားနေသလိုမျိုးဟန်ဆောင်နေပါတော့တယ်။ သူ ဂီတပညာတော်သင်လျှောက်တဲ့အထိသူ့အဖေကိုလျှို့ဝှက်ထားတာပါ။ ပေါမ့်အဖေက ပေါမ့် ဂီတကျောင်းတက်ဖို့ပြင်ဆင်နေတာကို သိသွားရင် ဘာဆက်လုပ်မလဲ ပြီးတော့ ပေါမ့်က ပညာတော်သင်ဆုရသွားမလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်နော်……
-

Between Earth and Water
Entre el agua y la tierra (2024) ဒါရိုက်တာ Karlos Alastruey ရိုက်ကူးထားတဲ့ “Entre El Agua Y La Tierra” ဟာ ပုံမှန်ဇာတ်လမ်းဖွဲ့စည်းပုံကို စွန့်လွှတ်ပြီး စိတ်ကူးယဉ်ဆန်တဲ့၊ ခံစားချက်ကို ဦးစားပေးတဲ့ စမ်းသပ်မှုပုံစံရုပ်ရှင် ဖြစ်ပါတယ်။ ပရိသတ်အများစုနဲ့ရင်းနှီးနေတဲ့ ဟောလိဝုဒ် အက်ရှင် ဒါမှမဟုတ် ဒရာမာကားမျိုး မဟုတ်ဘဲ၊ စပိန်နိုင်ငံက ရိုက်ကူးထားတဲ့ ထူးခြားဆန်းပြားတဲ့ ဒရာမာ/စိတ်ကူးယဉ် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ Lur နဲ့ Ura တို့ဟာ အနုပညာရှင်တွေရဲ့ ပါတီပွဲတစ်ခုကို တက်ရောက်ပြီးတဲ့နောက် နိုးထလာတဲ့အခါမှာ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲကို ရောက်နေတာကို တွေ့လိုက်ရတယ်။ အရာအားလုံးကို နားမလည်နိုင်တဲ့ အခြေအနေမှာ…
-

Rose’s Last Session
Rose’s Last Session (2024) ဇာတ်လမ်းအကြောင်းအရာကတော့ ရိုစ့်လို့ ခေါ်တဲ့ ကောလိပ်ကျောင်းသူလေးက စိတ်ထိခိုက်စရာအဖြစ်အပျက်ကြုံခဲ့ရပြီး စိတ်ဒဏ်ရာရနေလို့ စိတ်ရောဂါကုဆရာဝန်နဲ့ပြသနေရပါတယ် ။ အဲ့တာ တစ်နေ့တော့ စိတ်ရောဂါကုဆရာဝန်မှာ ပြရင်းနဲ့ မုန်တိုင်းကအရမ်းတိုက်နေတော့ အိမ်ပြန်မရပဲ ဆရာဝန်ရဲ့ အိမ်မှာပဲ အိပ်လိုက်ရပါတယ် ။ အဲ့လိုနဲ့ ဆရာဝန် နဲ့သူ့မိန်းမဟာ ရိုစ့်ထင်ထားသလိုမျိုး ဟုတ်မနေပဲ ထူးထူးဆန်းဆန်းခံစားလာရပါတယ် ရိုစ့်တစ်ယောက် ဘယ်လိုမျိုးတွေ့ကြုံရမလဲပေါ့ ။
-

I’m Haunted 3
I’m Haunted 3 (2024) ဒီရုပ်ရှင်ကားဟာ Horror/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပြီး အဓိကဇာတ်ဆောင် Willow ဆိုတဲ့ အမျိုးသမီးရဲ့ ကင်မရာကနေ တစ်ဆင့်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ထားပြီးတဲ့ I’m Haunted 2 နဲ့ 3 ထဲက Genesis Bradyနဲ့ Bailey Dawson တို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး Willow ဆိုတဲ့ အမျိုးသမီးဟာ သူ့ကိုယ်ပိုင် ရုပ်ရှင် I’m Haunted 3 ကိုဆက်လက် ရိုက်ကူးခဲ့ပါတယ်။ ယခု ရုပ်ရှင်ကားထဲမှာ Genesid Brady နဲ့ Bailey Dawson တို့ရဲ့ ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ၊ သူတို့အနီးအနားက လူတွေရဲ့ သေဆုံးမှုတွေကို Willow…
-

Indera
Indera (2025) Indera ဟာ မလေး၊အင်ဒို Horror/Thriller ကားတွေထဲမှာ ရှားရှားပါးပါးပုံစံဖြစ်တဲ့ Jump scare တွေ၊ အသံတွေကိုအားမကိုးပဲ The Wailing တို့လိုမျိုး တစ်စိမ့်စိမ့်တွေးကြောက်ရမယ့်ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအငြိမ်သွားထားပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတစ်ခု၊ ဇာတ်ကောင်တွေရဲ့စိတ်ဒဏ်ရာတွေ၊ နိမိတ်ပုံတွေနဲ့ဆက်စပ်တွေးယူပြီးခေါင်းစားချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့ကြမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Cannes, Berlin နဲ့ Venice တို့လိုထိပ်သီးရုပ်ရှင်ပွဲတော်သုံးခုလုံးမှာ ရုပ်ရှင်ရွေးချယ်ခံရတဲ့ပထမဆုံးမလေးရှားဒါရိုက်တာလည်းဖြစ် Malaysian New Wave ကိုဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ Ming Jin Woo ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ…