📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Indera (2025)

Indera ဟာ မလေး၊အင်ဒို Horror/Thriller ကားတွေထဲမှာ ရှားရှားပါးပါးပုံစံဖြစ်တဲ့ Jump scare တွေ၊ အသံတွေကိုအားမကိုးပဲ The Wailing တို့လိုမျိုး တစ်စိမ့်စိမ့်တွေးကြောက်ရမယ့်ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအငြိမ်သွားထားပါတယ်။

အဲ့ဒီအချိန်ကာလတုန်းက နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတစ်ခု၊ ဇာတ်ကောင်တွေရဲ့စိတ်ဒဏ်ရာတွေ၊ နိမိတ်ပုံတွေနဲ့ဆက်စပ်တွေးယူပြီးခေါင်းစားချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့ကြမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။

ဒါရိုက်တာကတော့ Cannes, Berlin နဲ့ Venice တို့လိုထိပ်သီးရုပ်ရှင်ပွဲတော်သုံးခုလုံးမှာ ရုပ်ရှင်ရွေးချယ်ခံရတဲ့ပထမဆုံးမလေးရှားဒါရိုက်တာလည်းဖြစ် Malaysian New Wave ကိုဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ Ming Jin Woo ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ မွေးစား သားသမီးလေးယောက်နဲ့အတူနေတာဖြစ်ပြီး၊ ရွာသားတွေက သူ့ကိုကြောက်လန့်ပြီး အနားမသီရဲကြပါဘူး။

ပြီးတော့ ကလေးတွေကို နာမည်ခေါ်သံကြားရင် မထူးဖို့၊ နောက်ပြန်လှည့်မကြည့်ဖို့၊ ခြံဝင်းထဲက ရေတွင်းသဏ္ဍာန်တွင်းကြီးနားကိုမသွားဖို့အစရှိတဲ့ထူးခြားတဲ့စည်းကမ်းတွေလည်းထုတ်ထားပါသေးတယ်။

ဂျိုးနဲ့သမီးဖြစ်သူတို့ဟာ အဲ့ဒီခြံကြီးထဲမှာနေရင်း ဆုံးပါးသွားတဲ့ ဇနီး/မိခင်ဖြစ်သူကို ပုံသဏ္ဍာန်အမျိုးမျိုး၊ အခြေအနေမျိုးစုံနဲ့မကြာခဏတွေ့မြင်လာကြရပါတော့တယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်