Author: Baby Yit Lone

  • အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းသတင်းပေးမှုအရ သံဃာအတုအယောင်တစ်ပါးကို သင်္ကန်းချွတ် လူဝတ်လဲခဲ့ရကြောင်း မြို့နယ် ဝိသောဓနီအဖွဲ့မှ အရှင်တေဇသီရိက မိန့်ပါတယ်။ ဖြစ်စဉ်က နိုဝင်ဘာ ၁၈ ရက်၊ ည ၉ နာရီကျော်ခန့်အချိန် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် Toll Gate မှာ သင်္ကန်းဝတ်တစ်ပါးက ရိုင်းစိုင်းစွာ ပြောနေ‌ဆို‌နေကြောင်း သတင်းအရ သွားရောက်ရာ တောင်ငူဘက်လားရာသို့ လမ်းလျှောက်သွားကြောင်း မျက်မြင်တွေ့သူတွေက ပြောဆိုလို့ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)က နောက်က‌နေ လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလိုရှာ‌ဖွေရာ ခပေါင်း ကျောင်းရှစ်ဆယ် နှစ်ဆန်းကွက်သစ်နားအ‌ရောက် သင်္ကန်းဖရိုဖရဲရုံလျက် လမ်းလျှောက်နေတဲ့ အဆိုပါသံဃာကို တွေ့ရတာ‌ကြောင့် ရပ်တန့်စစ်ဆေးမေးမြန်းရာ မသင်္ကာစရာ အခြအနေမို့ ကျောင်းတိုက်ဆီခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း၊…

  • အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြုကြောင်း ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ပြုလုပ်သော ပွဲလမ်းသဘင်များ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်မှ ပြန်လာသော ကြိုဆိုပွဲများသို့ တက်ရောက်သော ရုရှင်မင်းသမီး စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်တချို့ကို စစ်တပ်က ပဲတင်ပို့ခွင့်ပြုသည့် ပါမစ်များ ချထားပေးကြောင်း၊ အဆိုပါ အနုပညာရှင်တချို့က ၎င်းတို့ ရရှိသော ပဲတင်ပို့ခွင့် ပါမစ်များကို ပြည်ပသို့ ပဲတင်ပို့မည့် ကုန်သည်များထံသို့ ပြန်လည် ရောင်းချခြင်းဖြင့် ငွေသားများ ရရှိကြကြောင်း သိရှိရသည်။ “စိုးမြတ်သူဇာဆိုရင်လည်း ပဲတင်ပို့ခွင့်ပါမစ် တန်ချိန် ထောင်ဂဏန်းရတယ်။…

  • ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် နားလည်မှုရယူကာ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လုပ်ဆောင်ခဲ့သည်ဟု Eleven Media Group ၏ သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် ဖြိုးဝေဝင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။ Ko Ko Phyoe Wei ဆိုသည့် အကောင့်ကို သုံးစွဲနေသည့် အဆိုပါ သတင်းထောက်ချုပ်ဟောင်း၏ ရေးသားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ဘဏ်ဥက္ကဋ္ဌတစ်ဦးထံမှ မွေးနေ့လက်ဆောင်အဖြစ် တိုင်းဒေသကြီးတစ်ခုရှိ တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျော်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတောင်းဆိုမှုကြောင့် ဘဏ်လုပ်ငန်းရှင်က တောင်သူများ၏ အကြွေးများကို…

  • အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ

    အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ

    ဘင်္ဂလားဒေ့ရှ်ရှိ မဟာဗျူဟာ အရ အရေးပါသော စစ်တကောင်း ဒေသအတွင်း အမေရိကန် တို့၏ စစ်ရေး လှုပ်ရှားမှု များ တွေ့လာရ၍ အဆိုပါအရေးသည် ဘင်္ဂလားဒေ့ရှ် ကိုသာမက ပတ်ဝန်းကျင် နိုင်ငံများကိုပါ သက်ရောက်မှု များ ရှိလာနိုင်၍ စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု အိန္ဓိယ နိုင်ငံထုတ် The Economic Times သတင်းစာတွင် သတင်းအဖြစ် ဖေါ်ပြလာခဲ့သည်။ အမေရိကန် လေတပ်၏ ခေတ်မီ နည်းဗျူဟာ မြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး ဖြစ်သော C-130J ဆူပါ ဟာကြူလီ သည် ဂျပန်ရှိ ယိုကိုတာ လေတပ် အခြေစိုက်စခန်း မှ နေ၍ စစ်တကောင်းရှိ ရှား အာမာနတ် နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်လာခဲ့သည်၊ ယင်းအား…

  • ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၁)

    ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၁)

    ️အပိုင်း (၁)️ ကိုရွှေဘနှင့် ဥစ္စာစောင့်မလေး နှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး စကားဝိုင်းဆက်နေကြတာပေါ့လေ။ ရောက်တတ်ရာရာတွေပြောရင်း တစ္ဆေ၊ သရဲ အတွေ့အကြုံတွေ ဘယ်ကဘယ်လို ရောက်သွားမှန်းမသိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အတွေ့အကြုံတွေ ဖလှယ်နေကြတာ ဇာတ်လမ်းတွေက စုံလာရောဗျ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုံလာတော့ ဘယ်သူမှ အပေါ့အပါးသွားချင်တာတောင်…