Author: Baby Yit Lone
-

The Bengal Files
The Bengal Files (2025) အတိတ်သမိုင်းမှ အမှောင်မိုက်ဆုံးစာမျက်နှာများ Historical drama အမျိုးအစားကို နှစ်သက်သူတွေအတွက် နှစ်ခြိုက်စရာ ဖြစ်မဲ့ မင်းသမီးကြီး ပါလာဗီဂျိုရှီနဲ့ ဒါရှန်ကူမားတိုရဲ့ သမိုင်းနောက်ခံဇာတ်လမ်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးမှာတော့ အိန္ဒိယ ပါကစ္စတန်ခွဲထွက်ရေးနဲ့ သူ့ရဲ့နောက်ဆက်တွဲ ကြောက်ခမမ်းလိလိ လူမျိုးတုန်း သတ်ဖြတ်မှုတွေအကြောင်း တစွန်းတစ ဖော်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ အိန္ဒိယ သမိုင်းရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ ဂျဝါဟာလာနေရူး မဟတ္တမဂန္ဒီ ဂျင်နား အစရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်နေတာမြင်ရမှာပါ။ ဇာတ်လိုက်ကျော် ရှီဗာတစ်ယောက် ဗဟိုကနေ အထူးစုံစမ်းရေးအရာရှိအဖြစ် ရောက်ချလာချိန်မှာ အဲဒီနယ်မှာ ဆာဒါဟူစိန်နီဆိုတဲ့ လွှတ်တော်အမတ်က ကြီးစိုးလိုနေပါတယ်။ ဆာဒါကပဲအမိ ဆာဒါကပဲအဖဖြစ်နေသလို ဥပဒေဆိုတာလည်း စာအုပ်ထူထူထက်မပို ရဲဆိုတာလည်း ယူနီဖောင်းနဲ့အရုပ်သာသာပါပဲ။ ဒီအချိန်မှာ ရှီဗာတစ်ယောက် စိတ်ပျက်နေတုန်း…
-

Homebound
Homebound (2025) “အိပ်မက်ရဲ့အိမ်ပြန်ခရီး” အိန္ဒိယမြောက်ပိုင်းရွာလေးတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရှိုအစ်ဘ်နဲ့ချန်ဒန်တို့ ဘဝကိုယ်စီကိုလျှောက်လှမ်းနေကြပေမဲ့ သူတို့နှစ်ယောက်ရဲ့တူညီတဲ့ ရည်မှန်းချက်တစ်ခုကတော့ ရဲအရာရှိဖြစ်ဖို့ဖြစ်ပါတယ် ။ လူမှုအဆင့်အတန်းကွာခြားမှု ၊ ရွာအတွင်းတင်းကြပ်မှုတွေကြောင့် ရဲအမှုထမ်းစာရင်းဝင်ဖို့ အခွင့်အရေးကို တန်းတူမရရှိခဲ့ပါဘူး။ တိုင်းပြည်တစ်ခုလုံး ကိုဗစ်ဖြစ်ကြတဲ့အချိန်မှာ သူတို့တွေလမ်းတွေပိတ် ၊ အလုပ်ပျောက်တဲ့အချိန် သူတို့အိပ်မက်တွေ အရောင်မှေးမှိန်လာခဲ့ရပြန်ပါတယ် ။ သူတို့ရဲ့နောက်ထပ် ခြေလှမ်းတွေက ဘာတွေဖြစ်မလဲ ၊ ဖိနှိပ်မှုတွေကြားက ထွန်းပေါက်အောင်ကြိုးစားကြမယ့် လူငယ်လေးနှစ်ယောက်ရဲ့ ကြိုးစားမှုတွေကို ဒီဇာတ်လမ်းမှာကြည့်ရှုခံစားပေးကြပါဦး။
-

Sinister 2
Sinister 2 (2015) ဒီကားလေးကတော့ Scott Derrickson ဇာတ်ညွှန်းရေးသားပြီး Ciaran Foy ရိုက်ကူးထားတဲ့ အမေရိကန် Supernatural Horror ဇာတ်ကားဖြစ်ပြီးတော့ .. ၂၀၁၂ ခုနှစ်က ရုံတင်ခဲ့တဲ့ “Sinister” ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။ Sinister 2 ကိုတော့ ပထမပိုင်းက ဒုရဲမှူးဟောင်းက နတ်ဆိုး ‘ဘူဂူးလ်’ (Bughuul) ရဲ့ကျိန်စာနဲ့ဆက်နွယ်နေတဲ့ လူသတ်မှုတွေကို လိုက်လံစုံစမ်းရင်း လူသတ်မှုဖြစ်ပွားခဲ့တဲ့အိမ်တွေကို နောက်ထပ်သားကောင်တွေထပ်ရှိမလာစေဖို့ လိုက်လံမီးရှို့ဖျက်ဆီးနေခဲ့ရာကနေ စတင်ထားပါတယ်။ အဲဒီလို လိုက်လံစုံစမ်းနေရင်း အိမ်တစ်အိမ်မှာ ခင်ပွန်းဖြစ်သူ ကလင့်ရဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးပုန်းရှောင်နေတဲ့ မိခင်ဖြစ်သူ ကော့တနီနဲ့ အသက် (၉) နှစ်အရွယ် အမြွှာသားလေးတွေဖြစ်တဲ့ ဒီလန်၊ ဇက်ခ်တို့နဲ့ ဆုံစည်းမိခဲ့ပါတယ်။ သူတို့သားအမိသုံးယောက်က အဲဒီလူသတ်မှုဖြစ်ခဲ့ဖူးတဲ့…
-

Brooklyn
Brooklyn (2015) ဒီရုပ်ရှင်ကတော့ ၁၉၅၀ ခုနှစ်တွေကို အခြေပြုပြီးရိုက်ကူးထားတဲ့ အိုင်းရစ်အမျိုးသမီးတစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အေလစ်ရှ် လေစီဆိုတဲ့ ကောင်မလေးဟာ အိုင်ယာလန်က အန်နစ်စ်စကော့သီဆိုတဲ့မြိုလေးမှာ အမေနဲ့ အစ်မဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိပါတယ်… ဒါပေမဲ့ မြိုသေးသေးလေးမှာ အချိန်ပြည့်အလုပ်ရှာမရဘဲ ဘာမှမတိုးတက်ဖြစ်နေတဲ့ အေလစ်ရှ်အတွက် အစ်မဖြစ်သူ ရိုစ်က နယူးယောက်မြိုမှာနေထိုင်တဲ့ အသိဖြစ်သူ ဘုန်းတော်ကြီးဖလွတ်ဒ်ကို အကူအညီတောင်းပြီး ညီမဖြစ်သူကို နယူးယောက်မှာ အလုပ်တစ်နေရာရစေခဲ့ပါတယ်… အမေနဲ့ အစ်မကို အိမ်မှာထားခဲ့ပြီး ပင်လယ်တစ်ခုခြားဝေးနေတဲ့ မြိုသစ်မှာ ဘဝတစ်ခု စတင်တည်ဆောက်ရတော့မယ့် အေလစ်ရှ်တစ်ယောက် အိမ်ကိုလွမ်းနာကျတဲ့ရောဂါဖြစ်ပြီး အလှကုန်စတိုးဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ရတဲ့ အလုပ်သစ်မှာလည်း အသားကျဖို ခက်ခဲနေပါတယ်… အဲဒီလိုကနေ အစ်မဖြစ်သူ ရိုစ်လို စာရင်းရေးပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ အေလစ်ရှ်ကို ဖာသာဖလွတ်ဒ်က ကူညီပြီး ဘရွတ်ကလင်းကောလိပ်မှာ စာရင်းရေးပညာရပ်နဲ့ပတ်သက်ပြီး…
-

After the Hunt
After the Hunt (2025) တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ အယ်မာ (Julia Roberts)နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဟန့်ခ် (Andrew Garfield)တို့ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြသလို အမြဲတမ်းရာထူးရဖို့ ပြိုင်ဆိုင်နေကြသူတွေလည်း ဖြစ်တယ်။ တစ်နေ့မှာတော့ အယ်မာရဲ့တပည့် ဂုဏ်ထူးတန်းကျောင်းသူ မက်ဂီ (Ayo Edebiri)ဟာ သူ့ကိုဟန့်ခ်က လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ပါတယ်လို့ အယ်မာဆီမှာ ရင်ဖွင့်လာတယ်။ ဟန့်ခ်ကလည်း သူအဲဒီလိုလုပ်ရပ်မလုပ်ခဲ့ကြောင်း အခိုင်အမာငြင်းတယ်။ တစ်ချိန်တည်းမှာပဲ မက်ဂီသိထားတဲ့ အယ်မာရဲ့အတိတ်တစ်ခုကလည်း ရှိနေပြန်ပါတယ်။