📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Sinister 2

Sinister 2 (2015)

ဒီကားလေးကတော့ Scott Derrickson ဇာတ်ညွှန်းရေးသားပြီး Ciaran Foy ရိုက်ကူးထားတဲ့ အမေရိကန် Supernatural Horror ဇာတ်ကားဖြစ်ပြီးတော့ .. ၂၀၁၂ ခုနှစ်က ရုံတင်ခဲ့တဲ့ “Sinister” ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။

Sinister 2 ကိုတော့ ပထမပိုင်းက ဒုရဲမှူးဟောင်းက နတ်ဆိုး ‘ဘူဂူးလ်’ (Bughuul) ရဲ့ကျိန်စာနဲ့ဆက်နွယ်နေတဲ့ လူသတ်မှုတွေကို လိုက်လံစုံစမ်းရင်း လူသတ်မှုဖြစ်ပွားခဲ့တဲ့အိမ်တွေကို နောက်ထပ်သားကောင်တွေထပ်ရှိမလာစေဖို့ လိုက်လံမီးရှို့ဖျက်ဆီးနေခဲ့ရာကနေ စတင်ထားပါတယ်။

အဲဒီလို လိုက်လံစုံစမ်းနေရင်း အိမ်တစ်အိမ်မှာ ခင်ပွန်းဖြစ်သူ ကလင့်ရဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးပုန်းရှောင်နေတဲ့ မိခင်ဖြစ်သူ ကော့တနီနဲ့ အသက် (၉) နှစ်အရွယ် အမြွှာသားလေးတွေဖြစ်တဲ့ ဒီလန်၊ ဇက်ခ်တို့နဲ့ ဆုံစည်းမိခဲ့ပါတယ်။

သူတို့သားအမိသုံးယောက်က အဲဒီလူသတ်မှုဖြစ်ခဲ့ဖူးတဲ့ လယ်တောအိမ်တစ်လုံးမှာ ခိုအောင်းနေခဲ့ကြတာပါ။

မကြာခင်မှာပဲ ဒီလန်ဟာ ဘူဂူးလ်ရဲ့ကျိန်စာသင့်နေတဲ့ ကလေးသရဲတစ်စုရဲ့ ညစဉ် ခြောက်လှန့်မှုကို ခံစားလာရပြီး သူတို့မိသားစုတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ဗီဒီယိုတွေကို အတင်းအကျပ် ပြသခံရပါတယ်။

ဒီလန်က ဘူဂူးလ်ကို ခုခံတွန်းလှန်နေပေမယ့် သူ့အမြွှာညီအစ်ကိုဖြစ်သူ ဇက်ခ်ကတော့ သရဲကလေးတွေရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်ရှိသွားပါတယ်။

ဇက်ခ်ဟာ ဘူဂူးလ်ရဲ့ စေခိုင်းမှုနဲ့ မိသားစုကိုသတ်ဖို့ကြိုးစားပြီး သူ့အဖေ ကလင့်ကိုလည်း သတ်ပစ်လိုက်ပါတယ်။

ပထမဇာတ်ကားမှာ စာရေးဆရာတစ်ဦးရဲ့မိသားစုကို ဗဟိုပြုထားပြီး Sinister 2 ကတော့ အိမ်ထောင်ရေးအကြမ်းဖက်မှုဒဏ်တွေကို ခံစားနေရတဲ့မိသားစုတစ်စုက နတ်ဆိုး Bughuul ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်