Author: Baby Yit Lone

  • Scared Shitless

    Scared Shitless

    Scared Shitless (2024) ဆန်နီက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေကိုကြောက်ရွံ့တတ်တဲ့ phoebia တစ်မျိုးရှိပြီး၊ အားနေလက်ဆေးရင်းနဲ့အချိန်ကုန်တတ်ပါတယ်။ အဲ့ဒီလိုအနေအထားနဲ့သူ့ကိုမှ ပိုက်ပြင်သမားဖြစ်သူ အဖေက သူ့လုပ်ငန်းခွင်ထဲအတင်းအကျပ်ခေါ်ဆောင်သွားချိန်မှာ ပြဿနာစပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းခွင်ဝင်ရမယ့် အဆောက်အဦကြီးရဲ့မိလ္လာပိုက်တွေထဲမှာ မအောင်မြင်တဲ့ သိပ္ပံပရောဂျက်တစ်ခုကနေ လွတ်မြောက်လာပြီး သွေးဆာနေတဲ့ ကြောက်စရာအထူးအဆန်းသတ္တဝါတစ်ကောင်လျှောက်သွားပြီး လူတွေကိုတိုက်ခိုက်နေလို့ပါပဲ။ ပိုးမွှားတွေကိုကြောက်ရွံ့တဲ့အတွက် ဘာကိုမှမထိရဲမကိုင်ရဲတဲ့ ဆန်နီတစ်ယောက်၊ ဒီလိုကောင်မျိုးတွေ အများဆုံးကျက်စားရာဖြစ်တဲ့မိလ္လာပိုက်ထဲက သတ္တဝါဆိုးကို ဖခင်ဖြစ်သူနဲ့အတူ ဘယ်လိုရင်ဆိုင်အနိုင်ယူရမလဲဆိုတာကိုဟာသနှောပြီး တင်ဆက်ထားတဲ့ Dark Comedy/Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Protein

    Protein

    Protein (2025) ဒီကားက Crime Horror အမျိုးအစားဖြစ်ပြီး Gym ကို စွဲလမ်းတဲ့ Serial Killer တစ်ယောက်အကြောင်းပါ။ Sion (Craig Russell) ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ PTSD ရောဂါဝေဒနာနဲ့အတူ မြို့ငယ်လေးတစ်မြို့ကို ရောက်လာပါတယ်။ သူဟာ အားကစားရုံ (Gym) မှာ အလုပ်လုပ်ရင်း Katrina (Kezia Burrows) ဆိုတဲ့ Gym မန်နေဂျာအမျိုးသမီးနဲ့ ရင်းနှီးသွားပါတယ်။ Sion ဟာ တစ်ဖက်မှာတော့ Protein ရဖို့အတွက် စိတ်စွဲလမ်းနေပြီး လူသတ်မှုတွေကို ကျူးလွန်နေတဲ့ Serial Killer တစ်ယောက်ပါ။ သူ့ရဲ့ပစ်မှတ်က ဒေသတွင်းက Drug Dealer တွေဖြစ်ပါတယ်။ တစ်နေ့မှာ Sion ဟာ Katrina ကို ရန်ပြုတဲ့…

  • The Family Plan

    The Family Plan

    The Family Plan (2023) Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့ အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာ နီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့ နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေ ပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို…

  • Blood stained phoenix

    Blood stained phoenix

    Blood stained phoenix (2025) သာ့ချင်းမင်းဆက်ရဲ့ တန်ဖိုးအရှိဆုံး ရတနာဖြစ်တဲ့ “ဖီးနစ်ကျောက်စိမ်းခွက်တစ်စုံ” ကို ဂျပန်တွေလက်ထဲ မရောက်အောင် ကာကွယ်ရတဲ့ အကြောင်းပေါ့ … စစ်သူကြီး ပါထဲ့လု ကို အဲဒီရတနာကို လုံခြုံအောင် ထိန်းသိမ်းဖို့ တာဝန်ပေးလိုက်တယ်… ပါထဲ့လုနဲ့ သူ့ရဲ့ တပည့်ရင်း ဖုန်ဖေး တို့ဟာ ဂျပန်တွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတော့ ရတနာကို ကာကွယ်ဖို့အတွက် မဖြစ်မနေ လမ်းခွဲခဲ့ကြရတယ်… ပါထဲ့လုက ယုံကြည်ရတဲ့ ဖုန်ဖေးကို ဖီးနစ်ကျောက်စိမ်းခွက်တစ်လုံးကို ပေးပြီး သူ့ကို အပ်လိုက်တယ် ကျန်တစ်လုံးကိုတော့ သူကိုယ်တိုင် ယူသွားတယ်… ဖုန်ဖေးဟာ လမ်းသွားလမ်းလာအဖြစ် အဖမ်းခံရပြီး တောင်ပေါ်ရွာက ခေါင်းဆောင်တစ်ဦးဆီ ရောက်သွားတယ်.. ဒီခေါင်းဆောင်က ဖီးနစ်ကျောက်စိမ်းခွက်ကို မြင်တာနဲ့ ချက်ချင်းသိတယ် … သူလည်း…

  • Fighter

    Fighter

    Fighter (2025) လက်ဝှေ့ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကျန်းဟောက်ကျန့်နဲ့ ချန်ကျစ်ကျန်းတို့ဟာ ငယ်ကတည်းက အတူတူကြီးပြင်းလာကြပြီး လက်ဝှေ့အားကစားကို ရူးသွပ်ကြတဲ့ ညီအစ်ကိုလို ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ အမြင်မတူတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မတူတဲ့လမ်းကို လျှောက်လှမ်းသွားကြပါတယ်။ ကျန်းဟောက်ကျန့်ဟာ ပိုက်ဆံယူပြီး လက်ဝှေ့အရှုံးပေးထိုးတာမျိုးကို လုံးဝမလုပ်သူဖြစ်ပြီး တစ်သက်လုံး ချန်ပီယံဆုနဲ့လွှဲပြီး ဒုတိယအမြဲတမ်း ရနေသူဖြစ်ပါတယ်။ ချန်ကျစ်ကျန်းကတော့ ငွေရဖို့အတွက် ဘယ်အရာမဆို ချနင်းနိုင်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ ချန်ကျစ်ကျန်းတစ်ယောက် စိတ်လိုက်မာန်ပါ။ လုပ်မှုတစ်ခုကြောင့် လူသတ်မှု ဖြစ်ခဲ့ပြီး ၃ နှစ်တာ ထောင်ဒဏ်ပေးခံလိုက်ရပါတယ်။ ချန်ကျစ်ကျန်း ထောင်ကျနေတဲ့အချိန်မှာ ကျန်းဟောက်ကျန့်က လက်ဝှေ့ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ၃ နှစ်ကြာတဲ့အခါ ချန်ကျစ်ကျန်း ပြန်လာချိန်မှာ ကျန်းဟောက်ကျန့်အပေါ် အမုန်းတရားတွေ တိုးပွားလာတဲ့အခါ…… ကျန်းဟောက်ကျန့်ရဲ့…