Fighter

Fighter (2025)

လက်ဝှေ့ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့-

ကျန်းဟောက်ကျန့်နဲ့ ချန်ကျစ်ကျန်းတို့ဟာ ငယ်ကတည်းက အတူတူကြီးပြင်းလာကြပြီး လက်ဝှေ့အားကစားကို ရူးသွပ်ကြတဲ့ ညီအစ်ကိုလို ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ အရွယ်ရောက်လာတဲ့အချိန်မှာ အမြင်မတူတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မတူတဲ့လမ်းကို လျှောက်လှမ်းသွားကြပါတယ်။

ကျန်းဟောက်ကျန့်ဟာ ပိုက်ဆံယူပြီး လက်ဝှေ့အရှုံးပေးထိုးတာမျိုးကို လုံးဝမလုပ်သူဖြစ်ပြီး တစ်သက်လုံး ချန်ပီယံဆုနဲ့လွှဲပြီး ဒုတိယအမြဲတမ်း ရနေသူဖြစ်ပါတယ်။

ချန်ကျစ်ကျန်းကတော့ ငွေရဖို့အတွက် ဘယ်အရာမဆို ချနင်းနိုင်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သူလည်း ဖြစ်ပါတယ်။

တစ်နေ့မှာ ချန်ကျစ်ကျန်းတစ်ယောက် စိတ်လိုက်မာန်ပါ။

လုပ်မှုတစ်ခုကြောင့် လူသတ်မှု ဖြစ်ခဲ့ပြီး ၃ နှစ်တာ ထောင်ဒဏ်ပေးခံလိုက်ရပါတယ်။

ချန်ကျစ်ကျန်း ထောင်ကျနေတဲ့အချိန်မှာ ကျန်းဟောက်ကျန့်က လက်ဝှေ့ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

၃ နှစ်ကြာတဲ့အခါ ချန်ကျစ်ကျန်း ပြန်လာချိန်မှာ ကျန်းဟောက်ကျန့်အပေါ် အမုန်းတရားတွေ တိုးပွားလာတဲ့အခါ……

ကျန်းဟောက်ကျန့်ရဲ့ ဘဝမှ ဘယ်လို ကြမ္မာဆိုးတွေနဲ့ ကြုံတွေ့ရမလဲ……

ညီအစ်ကိုနှစ်ယောက်ကြား ကုန်းတိုက်နေတဲ့လူတွေကို ခွဲခြားသိမြင်နိုင်ကြမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *