Author: Baby Yit Lone

  • Anniversary

    Anniversary

    Anniversary (2025) ဒီဇာတ်ကားလေးကတော့ မိသားစုဝင်တွေကြားထဲမှာ နိုင်ငံရေးအယူဝါဒတွေကွဲပြားသွားတဲ့အခါ ဘယ်လိုပြိုလဲပျက်စီးသွားနိုင်လဲဆိုတာကို ပုံဖော်ထားတဲ့ Political Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။ IMDb 7.0 ထိရရှိထားပြီး Diane Lane ,Kyle Chandler , Phoebe Dynevor,Dylan O’Brien တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါိရိုက်တာကတော့ Jan Komasa ပါ။ ဇာတ်လမ်းအစမှာတော့ တေလာမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အယ်လန် နဲ့ ပေါလ်လို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပဖို့အတွက် မိသားစုတွေစုဝေးခဲ့ကြပါတယ်။အယ်လန်ဟာ နိုင်ငံရေးပညာရှင် ပေါလ်ဟာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့ သူတို့သားသမီးတွေဟာလည်း ကိုယ်ပိုင်ဘဝတွေနဲ့ အောင်မြင်နေကြသူတွေပါ။ သို့သော် တစ်ယောက်တည်းသောသားဖြစ်သူ ဂျော့ရှ် ဟာ သူ့ရဲ့ ချစ်သူ လစ်ဇ် နက်တယ်လ်စ် ကို မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ချိန်မှာတော့ ပျော်ရွှင်စရာမိသားစုလေး…

  • Strive for Sword

    Strive for Sword

    Strive for Sword (2025) ဒါကတော့ စိတ်အပန်းပြေစေမယ့် ပေါ့ပေါ့ပါးပါး သိုင်းကားဟာသကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့ ထန်ခေတ် ထျန်းပေါင်မင်းဆက်လက်ထပ်မှာ ချောင်မျိုးနွယ်တွေက ရွာရဲ့အဆောင်အယောင်ဓားရတာကို မျိုးဆက်အဆက်ဆက်စောင့်ရှောက်လာကြပါတယ်။ အကြီးအကဲဆရာကြီးကမကြာခင်မှာပဲ ဓားစောင့်ရှောက်သူရာထူးကိုနောက်မျိုးဆက်လူငယ်တွေလက်ကို လွှဲအပ်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက်တပည့်ညီအစ်ကို(၂)ယောက်ကြားမှာ အပြိုင်အဆိုင်တွေဖြစ်လာပါတယ်။ အဲဒါအပြင် ဒီဓားရတနာကိုတပ်မက်နေကြတဲ့ မသမာသူတွေကလဲ ဒီဓားကိုလုယူဖို့ကြိုးစားလာကြပါတယ်။ ဓားရတနာကိုအတုနဲ့အစစ်လဲခံလိုက်ရပြီးတော့ ခရိုင်မှူးကပါဒီဓားကိုရယူဖို့ ကြိုးစားနေတဲ့အခါမှာတော့ အဘက်ဘက်ကအကွက်ချထောင်ချောက်တွေနဲ့ ပြဿနာတွေကတဖြည်းဖြည်းပိုရှုပ်လာပြီး ဘယ်ဟာကဓားအတုလဲ… ဘယ်ဟာကဓားအစစ်လဲ ခွဲခြားဖို့ရှုပ်ထွေးလာတဲ့အတွက် ဓားစောင့်ရှောက်သူချောင်မျိုးနွယ်တွေက နဂိုရည်မှန်းချက်ကိုပြန်စောင့်ထိန်းပြီး ဓားကိုကာကွယ်သွားနိုင်မလားဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Dream Demon Spirit Snake Record

    Dream Demon Spirit Snake Record (2025) ရှေးဟောင်းအရှေ့တိုင်းအင်ပါယာတစ်ခုရဲ့ နယ်နိမိတ်ထဲမှာ ယွင်ယာဆိုတဲ့တောင်တစ်လုံးရှိပြီး အဲဒီကရပ်နားစခန်းတစ်ခုမှာ မြွေဝိညာဉ်မျိုးနွယ်ကနေဆင်းသက်လာတဲ့ လူတွေရဲ့အိပ်မက်တွေကိုခြယ်လှယ်နိုင်စွမ်းရှိတဲ့ ရိုးကျူဆိုတဲ့မိန်းကလေးတစ်ယောက်နေထိုင်ပါတယ်။ ရိုးကျူမိန်းကလေးဟာ စခန်းမှူးဖြစ်တဲ့မွေးစားအဖေထိန်းချုပ်တာကိုခံနေရပြီး မသာမှုတွေကျူးလွန်နေရတာဖြစ်နေပြီး မကြာခင်မှာ အနက်ရောင်မိန်းမစိုးကြီးနဲ့လက်ထပ်ရတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ မှတ်ဉာဏ်တွေပျောက်ဆုံးနေပြီး တစ်နှစ်တာမှတ်ဉာဏ်သာရှိတဲ့ဆေးဆရာတစ်ယောက်နဲ့ ရိုးကျူမိန်းကလေးတို့တွေ့ဆုံလာတဲ့အချိန်မှာတော့ မိန်းကလေးဟာမျှော်လင့်ချက်ရှိသလိုခံစားလာရပါတယ်။ မိန်းကလေးရဲ့အကူအညီနဲ့ ဆေးဆရာရဲ့အတိတ်မှတ်ဉာဏ်တွေဟာ အစပေါ်လာခဲ့ပါတယ် မိန်းကလေးက သူ့ရဲ့လွတ်လပ်မှုကို ရယူနိုင်ဖို့ ဆေးဆရာကိုမှတ်ဉာဏ်တွေပြန်ရအောင်ကူညီပေးတဲ့အဖိုးအခအနေနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးဆရာဟာ နန်းတွင်းအာဏာကြီးသူမိန်းမစိုးကြီးနဲ့စုန်းကဝေတွေကြားကတိုက်ပွဲထဲကိုနစ်မြုပ်သွားပါတယ်။ မိန်းကလေးရွေးချယ်ခဲ့တဲ့ ဒီဆေးဆရာမှာ ဘာထူးခြားချက်တွေရှိနေမလဲ…… ဆေးဆရာရဲ့အတိတ်ကရော ဘယ်လိုဖြစ်နေမလဲ……. မိန်းကလေးကိုရော ဆေးဆရာကကယ်တင်နိုင်ပါ့မလား..

  • အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ “အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့…

  • The Finder

    The Finder

    The Finder (2025) The Finder(2025) ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လျိုရှောင်မိန်ဟာ အတိုးမြင့်ချေးငွေချေးပြီး ခြိမ်းခြောက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ ရှောင်မိန်ရဲ့ သူငယ်ချင်းဖြစ်သူ ယန်မင်က ရှောင်မိန်အတွက် ကလဲ့စားချေပေးဖို့ အတိုးမြင့်ချေးငွေအဖွဲ့မန်နေဂျာရဲ့ သမီးချန်ကျင်းနဲ့ ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်ကျိုးဝေချန်ရဲ့သမီး ကျိုးချင်းကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခဲ့ပါတယ်။ ကျိုးဝေချန်ဟာ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဒုစရိုက်သမားနဲ့ ရဲရင့်မှုရော ဉာဏ်ပညာရော ယှဉ်ပြိုင်ခဲ့ရပြီး အန္တရာယ်ထဲကို ဝင်ရောက်ကာ ပြန်ပေးဆွဲခံရသူကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။