Author: Baby Yit Lone

  • Mai

    Mai

    Mai (2024)

    ၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီး ဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

    Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင် ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်း သရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာမြင်တွေ့ရပါတယ်။

    ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကို အိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလို အလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။

    အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့ မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။

    အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့ အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိ မိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။

    တစ်ရက်မှာတော့ ဒွန်းက မိုင်ကို မိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာ မိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။

    ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲသွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

  • ပလက်ဝတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရ

    ပလက်ဝတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရ

    အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်၀မြို့နယ်တွင် သက်ငယ်မုဒိမ်းကျူးလွန်သူ တစ်ဦးအား ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်ဟု သတင်းရရှိသည်။

    ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းရွာမှ အသက် (၁၆) နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးအား နိုဝင်ဘာ ၉ ရက်နေ့က သုံးကြိမ်တိုင်တိုင် မုဒိမ်းကျင်ခဲ့ကြောင်း ဖခင်ဖြစ်သူက အာရက္ခပြည်သူ့ အစိုးရ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) လာရောက်တိုင်ကြားခဲ့သည်ဟု သိရသည်။

    သို့အတွက် အဆိုပါ အမှုဖြင့် စွပ်စွဲခံရသူအား DLEPS တပ်ဖွဲ့မှ ဖမ်းဆီးရန်လိုက်ရှာစဉ်ထွက်ပြေး သွားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ ရောက်မှ သူ၏ နေအိမ်တွင် ရှိနေကြောင်း သိရသဖြင့် ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ် DLEPS တပ်ဖွဲ့ဝင်များမှဝင်ရောက် ဖမ်းဆီးရာ ဓားဖြင့် ခုခံခဲ့သည်ဟု သိရသည်။

    ထိုသို့ ခုခံသော်လည်း နောက်ဆုံးတွင် ၎င်းသူအား ဝိုင်းဝန်း ဖမ်းနိုင်ခဲ့သည်ဟု သိရသည်။

    အမျိုးသမီးငယ်အား မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူမှာ ဒလက်ကိုင်းရွာတွင်လာရောက် နေထိုင်သူ မြောက်ဦးမြို့နယ် ပြည်လုံးကြီးရွာမှ ဦးထွန်းလှိုင် ( ၄၆ နှစ်) ဆိုသူဖြစ်ကြောင်းသိရသည်။

    ၎င်းသည် အဆိုပါ မိန်းခလေးငယ် (+++)ရွာထဲ၌လမ်းလျှောက်နေစဉ်နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီတွင် ရွာ၏ မြောက်ဖက်ခြမ်းရှိ တောစပ်သို့ အတင်းအဓမ္မ ဆွဲခေါ်ကာ သုံးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့သည်ဟုသူမ၏ ဖခင်ဖြစ်သူအား ပြန်လည် ပြောပြရာမှဖခင်ဖြစ်သူက ၎င်းနေ့တွင် တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) လာရောက်တိုင်ကြားခဲ့သည်။

    လက်ရှိတွင် အဓမ္မပြုကျင့်ခံရသူမိန်းခလေးငယ်အား ဆေးစစ်ရန် အနီးအနားရှိဆေးရုံပို့ဆောင်ထားပြီး ကျူးလွန်သူဟုစွပ်စွဲခံထားရသူဦးထွန်းလှိုင ကို သက်ဆိုင်ရာ DLEPS ဌာနမှ အမှုအမှတ်(ပ)၄၆ /၂၀၂၅ ပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

    Ref: Arakan Princess Media

  • မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

    မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

    မြန်မာနိုင်ငံရဲ့ ပိုမိုနက်ရှိုင်းလာနေတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်သိပ်မကျန်တော့တဲ့အကြောင်းနဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။

    အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လက်ခံကျင်းပပြီး အရှေ့ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့ “ထွက်ပေါက်မရှိသော မဟာဗျူဟာ-မြန်မာနိုင်ငံ၏ အဆုံးမဲ့အကျပ်အတည်းနှင့် အမေရိကန်၏ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ ခုလိုပြောလိုက်တာပါ။

    မြန်မာစစ်တပ်ဟာ နိုင်ငံ့အာဏာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် ဒီရွေးကောက်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ကြတာပါ။

    အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ မစ္စယန်းကင်မ်က မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကို မီးမောင်းထိုးပြခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိနေတဲ့အကြောင်း ပြောလိုက်ပါတယ်။

    ဒါ့အပြင် မြန်မာ စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပျံ့နှံ့လာတာ၊ လူကုန်ကူးမှုတွေနဲ့အတူ စစ်ကောင်စီက တရားဝင်မှုရရှိဖို့အတွက် တရုတ်နဲ့ ရုရှား အပေါ် မှီခိုနေတဲ့ အကြောင်းအရာတွေအပါအဝင် အဓိကပြဿနာတွေကိုလည်း ထောက်ပြခဲ့တာပါ။

    စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအများစုကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါပမာဏရဲ့ ၂ ဆကို ထိန်းချုပ်ထားနိုင်တာကြောင့် မျှော်လင့်ချက်ရှိနေသေးတဲ့အကြောင်းလည်း မစ္စကင်မ်က ပြောလိုက်ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ်လို့ ကြေညာထားပေမဲ့ လေ့လာသူတွေကတော့ ဒါဟာ အတုအယောင်သာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားကြပါတယ်။

    နိုင်ငံတကာလုံခြုံရေးကို အထူးသုတေသနပြုတဲ့ လွတ်လပ်တဲ့ပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ Stimson Center မှ အကြီးတန်းသုတေသီ စတိဗ်ရော့စ်ကတော့ “ဒီရွေးကောက်ပွဲလို့ ခေါ်တာတွေဟာ လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုသလို ဒီမိုကရေစီလမ်းကြောင်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဆီကို ဦးတည်နေတာလည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

    အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုမရှိပါက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်နဲ့အတူ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေရဲ့ ဗဟိုချက်အဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းရလိမ့်မယ် လို့လည်း ဥပဒေပြုအမတ်တွေက သတိပေးထားပါတယ်။

    ဒါ့အပြင် ရော့စ်က မြန်မာ့ပဋိပက္ခဟာ သူတို့ရဲ့ နယ်နိမိတ်တွေကို ကျော်လွန်ပဲ့တင်ထပ်နေပြီး အင်ဒို-ပစိဖိတ်ဒေသတွင်းနဲ့ အမေရိကန်ရဲ့ လုံခြုံမှုနဲ့ ကြွယ်ဝချမ်းသာမှုတွေအတွက်ပါ ခြိမ်းခြောက်မှုတခု ဖြစ်လာစေတယ်လို့လည်း ပြောလိုက်ပါတယ်။

    စစ်ကောင်စီရဲ့ အဓိကဘဏ္ဍာငွေ ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို ချက်ချင်းပိတ်ဆို့အရေးယူဖို့နဲ့ အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံတကာကို ခြိမ်းခြောက်နေနေတဲ့ ဆိုက်ဘာရာဇဝတ်မှုနဲ့ ကျားဖြန့်ငွေလိမ်စင်တာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားပါတယ်။

    ဒါ့အပြင် မြန်မာပြည်အတွက် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက တဆင့်မဟုတ်ဘဲ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် နယ်စပ်ဖြတ်ကျော် ပေးပို့ဖို့ ဆွေးနွေးခဲ့သလို ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတယောက်ကလည်း အမေရိကန်ရဲ့ အကူအညီတွေ ဖြတ်တောက်မှုရဲ့ အကျိုးဆက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆိုးရွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးသွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ အချိန် ၅ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်သလို စစ်ခေါင်းဆောင်က လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကို ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတာပါ။

    ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရှုတ်ချမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    Source: UPI

  • မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်

    မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်

    အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။

    “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။

    ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

    အခုကြားနာပွဲဟာ စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ ကြာနားပွဲတွေထဲမှာ အကြီးဆုံးပွဲဖြစ်ကာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ ရှိလာမယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

    လော့စ်အိန်ဂျလိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ဘုံသဘောတူညီချက် ၅ ရပ်နောက်ကို လိုက်နေတာ၊ အဲဒါက မထိရောက်ဘူး၊ သိပ်အသုံးမဝင်ဘူး။ သူတို့ပေါ်လစီပြောင်းရမယ် ဆိုပြီးတော့ အကုန်လုံး သဘောတူကြတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ထက်ကို ပိုပြီးတော့ အမေရိကန်ပေါ်လစီ သပ်သပ်ဖြစ်သင့်တယ်။ အာဆီယံနောက်ချည်းပဲ လိုက်နေလို့ရှိရင် ၅ နှစ် ပြည့်တော့မယ်၊ ဘာမှမဖြစ်သေးဘူး ဆိုပြီးတော့ မြန်မာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီကို သူတို့ ပြောင်းမှာပေါ့ဗျာ။ နံပါတ် ၂ က အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သင့်တယ် ဆိုပြီးတော့ လက်မခံသင့်ဘူး ဆိုပြီးတော့ အဲဒါလည်း အကုန်လုံးပဲ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ရော၊ သက်သေတင်ပြတဲ့သူတွေရော၊ မေးခွန်းထုတ်တဲ့သူတွေရော အကုန်လုံးက သဘောတူတယ်။ နံပါတ် ၃ က ကျားဖြန့်တွေကိစ္စပေါ့၊ အွန်လိုင်း ငွေရေးကြေးရေးလိမ်လည်မှုကိစ္စက အမေရိကန်အတွက် သူတို့တိုင်းပြည်လုံခြုံရေး အထိပါ ထိခိုက်နိုင်တယ်၊ နှိမ်နင်းရမယ် ဆိုပြီးတော့ ကျနော်တို့တွေ့တာ အဓိက ၃ ချက်ပေါ့” လို့ ပြောပါတယ်။

    အမေရိကန်ရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်ဖို့ မဟာဗျူဟာအသစ်မှာ ပါဝင်တဲ့ အချက် ၄ ချက်ကတော့

    စစ်ကောင်စီယန္တရား လည်ပတ်မှုမှာ အရေးပါတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ရေး၊

    မဟာဗျူဟာ ဖော်ဆောင်ဖို့အတွက် ခေါင်းဆောင်တယောက် ခန့်အပ်ရေး၊

    မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အားကောင်းလာအောင် ထောက်ပံ့ရေး၊

    အမေရိကန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အချက်တွေကို ရင်ဆိုင်ဖြေရှင်းရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ နောက်ကွယ်မှာ ဝှက်ထားတဲ့ နိုင်ငံရေးသဘောထားတွေအပေါ်မှာ မူတည်ပြီး အမေရိကန်နိုင်ငံက ဆောင်ရွက်လာမယ့် လုပ်ငန်းတွေ အောင်မြင်မှုရှိမရှိကိုတော့ စောင့်ကြည့်သွားရမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

    Alliance for Democracy in Myanmar အဖွဲ့တည်ထောင်သူ မခင်သီရိနန္ဒာစိုးက “အမေရိကန်အနေနဲ့ ကမ္ဘာမှာ အင်အားချိန်ခွင်လျှာ ညီအောင်ပေ့ါလေ၊ အထူးသဖြင့် တရုတ်နဲ့ ပတ်သက်ပြီးတော့မှ အရှေ့တောင်အာရှတို့လို၊ အင်ဒိုပစိဖိတ်ဒေသတွေလိုမှာပေါ့၊ သူတို့ရဲ့ လွှမ်းမိုးမှုဟာ တရုတ်ရဲ့အနောက်မှာ ကျန်ခဲ့တာမျိုး မဟုတ်ဘဲနဲ့ အင်အားချိန်ခွင်လျှာညီအောင် လုပ်ဆောင်လာတဲ့ အရိပ်အယောင်မျိုးတွေ ကျမတို့တွေ ခန့်မှန်းလို့ရပါတယ်။ ပတ်သက်မှု အတိုင်းအတာတွေ တိုးမြှင့်ပြီးတော့ ဆောင်ရွက်လာတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒီရက်ပိုင်းတွေမှာ တောက်လျှောက်ဆိုသလို မြန်မာ့အရေးတွေက အရှေ့ကို ရောက်လာတယ်၊ အခုလို အရေးကြီးတဲ့ ကြားနာပွဲတွေ လုပ်သလို ဒီလိုကြားနာပွဲတွေ ဆိုတာက ဆက်ပြီးတော့မှ ဥပဒေပြုမှုတွေအထိ သွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးကြီးတဲ့ ကိစ္စတွေကို အမေရိကန်နိုင်ငံအနေနဲ့ ဆောင်ရွက်လာတယ်လို့ ကျမတို့ သုံးသပ်လို့ ရပါတယ်ရှင့်” လို့ ပြောပါတယ်။

    စစ်ကောင်စီက ရာဇဝတ်မှုတွေ ကျူးလွန်ထားတာကြောင့် တရုတ်နိုင်ငံလိုမျိုး စစ်ကောင်စီနဲ့ စေ့စပ်ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို သုံးဖို့ အမေရိကန်နိုင်ငံအတွက် မဖြစ်နိုင်ကြောင်း ကြားနာပွဲမှာ ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

    အမေရိကန်အစိုးရက အွန်လိုင်းငွေလိမ် ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာထားတာပါ။

    ရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်မှာ ကြားနာပွဲ ပြုလုပ်ပြီး မြန်မာ့အရေးကို ထိရောက်တဲ့ မူဝါဒရေးရာ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ အမေရိကန်လွှတ်တော် တာဝန်ရှိသူတွေက ကြိုးစားလာတာ ဖြစ်ပါတယ်။

    ✍သုတချမ်းသာ

  • Nympho

    Nympho

    Nympho (2025)

    ပြင်းထန်လွန်းတဲ့တဏှာစိတ်ကို ထိန်းချုပ်ရခက်နေတဲ့သူ

    တွေ့သမျှပုရိသတိုင်းဟာ သူ့အတွက် ရမ္မက် ဖြေစရာသက်သက်ဖြစ်နေတဲ့အတွက် ကာမပိုင်လင် ယောက်ျားတစ်ယောက်နဲ့ အသောမသတ်နိုင် ဖြစ်နေတော့တာပေါ့။

    ဒါပေမဲ့ ဒါကို သူ့ယောက်ျားဖြစ်သူ သိသွားချိန်မှာတော့…