အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်၀မြို့နယ်တွင် သက်ငယ်မုဒိမ်းကျူးလွန်သူ တစ်ဦးအား ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်ဟု သတင်းရရှိသည်။
ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းရွာမှ အသက် (၁၆) နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးအား နိုဝင်ဘာ ၉ ရက်နေ့က သုံးကြိမ်တိုင်တိုင် မုဒိမ်းကျင်ခဲ့ကြောင်း ဖခင်ဖြစ်သူက အာရက္ခပြည်သူ့ အစိုးရ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) လာရောက်တိုင်ကြားခဲ့သည်ဟု သိရသည်။
သို့အတွက် အဆိုပါ အမှုဖြင့် စွပ်စွဲခံရသူအား DLEPS တပ်ဖွဲ့မှ ဖမ်းဆီးရန်လိုက်ရှာစဉ်ထွက်ပြေး သွားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ ရောက်မှ သူ၏ နေအိမ်တွင် ရှိနေကြောင်း သိရသဖြင့် ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ် DLEPS တပ်ဖွဲ့ဝင်များမှဝင်ရောက် ဖမ်းဆီးရာ ဓားဖြင့် ခုခံခဲ့သည်ဟု သိရသည်။

ထိုသို့ ခုခံသော်လည်း နောက်ဆုံးတွင် ၎င်းသူအား ဝိုင်းဝန်း ဖမ်းနိုင်ခဲ့သည်ဟု သိရသည်။
အမျိုးသမီးငယ်အား မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူမှာ ဒလက်ကိုင်းရွာတွင်လာရောက် နေထိုင်သူ မြောက်ဦးမြို့နယ် ပြည်လုံးကြီးရွာမှ ဦးထွန်းလှိုင် ( ၄၆ နှစ်) ဆိုသူဖြစ်ကြောင်းသိရသည်။
၎င်းသည် အဆိုပါ မိန်းခလေးငယ် (+++)ရွာထဲ၌လမ်းလျှောက်နေစဉ်နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီတွင် ရွာ၏ မြောက်ဖက်ခြမ်းရှိ တောစပ်သို့ အတင်းအဓမ္မ ဆွဲခေါ်ကာ သုံးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့သည်ဟုသူမ၏ ဖခင်ဖြစ်သူအား ပြန်လည် ပြောပြရာမှဖခင်ဖြစ်သူက ၎င်းနေ့တွင် တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) လာရောက်တိုင်ကြားခဲ့သည်။
လက်ရှိတွင် အဓမ္မပြုကျင့်ခံရသူမိန်းခလေးငယ်အား ဆေးစစ်ရန် အနီးအနားရှိဆေးရုံပို့ဆောင်ထားပြီး ကျူးလွန်သူဟုစွပ်စွဲခံထားရသူဦးထွန်းလှိုင ကို သက်ဆိုင်ရာ DLEPS ဌာနမှ အမှုအမှတ်(ပ)၄၆ /၂၀၂၅ ပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
Ref: Arakan Princess Media


Leave a Reply